Friday, December 30, 2011
အိပ်စက်ခြင်းတွေ လှန်ရှာမိစဉ်က...
ငါ့ အိမ်မက်တွေ
 ဘယ်သူဆုတ်ဖြဲတာလဲ......
တဂိုးလ်ရဲ့ ကဗျာတစ်ပိုဒ်ရင်မှာပိုက်
ရော့ခ်စတီးဝက်စ်ရဲ့ တေးသွားတချို့ နှိပ်နယ်ရင်း
အပြည့်စုံတောင်မလင်းနိုင်ရှာတဲ့ လတစ်စင်းအောက်
ဆုံးရှုံးခြင်းပူပူနွေးနွေးတွေ ဝမ်းနည်းခြင်းနဲ့  မွှေနှောက်  
ငါပျောက်တာ ငါပြန်ရှာမရခဲ့ဘူး........
မျက်ရည်ပြဇာတ်တစ်ပုဒ်ရဲ့ တေးသွားတွေ 
ဘာလို့ ဒီလောက်တောင်ထက်ရှနေရတာလဲ....
သွားလိုက်စမ်းပါ....
ခပ်မျှင်မျှင်နှောင်ကြိုးတစ်ပင်က ဘာကိုငင်ချင်သေးတာလဲ
ဝန်ရိုးစွန်းအောက် ကာရံမသိပုဒ်စာတဝက်တပျက်နဲ့ ....
 ပြီးစလွယ်ရိုက်လိုက်တဲ့ အတိတ်တွေ
အနာဂတ်မှာလာမထင်ပါနဲ့ ....
သေချာတာတစ်ခုက စံခါတင်ရွေးချယ်ပွဲမှာ
 အချစ်ကို တန်းမမှီလို့  ကြေငြာချက်မရှိ စွန့်ပစ်လိုက်တဲ့                            
 စေတန်ရဲ့ စိတ်ကူးတွေ....
မိုးကုတ်စက်ဝိုင်းမှာ ကျွံကျန်နေတဲ့ 
ခပ်ယိုင်ယိုင် တဝက်တပျက်  ရင်ခုန်သံ....
ငါ ကရတဲ့ဇာတ်ငါမသိ...
မလွမ်းတတ်မှန်းတော့သိတယ်                                               
အခန်းဆက်မှာအခန်းပျက်တွေပေါ်လာရင် 
မင်းပါးပြင်ကအရာတွေ မင်းမကာကွယ်ကြေး....
မမြင်လို့ နင်းပါတယ်ဆိုမှတော့ 
အလင်းတွေ ငါဖာရတော့မှာပေါ့......
ခံစားချက်ရှင်းတမ်းတွေထဲ
ဘောင်သွင်းခံရချိန် ခပ်ပါးပါးတိမ်နံရံတွေ
မင်းအနမ်းနဲ ပုံသွင်းမခိုင်းချင်တော့ဘူး
ဟောဒီ့... ရင်ဘတ်ကြီးအဟောင်းသားကိုသာ
“ဇစ်”ဆွဲလိုက်ရုံရှိတာပေါ့....
ငါသီလက်စ ငါ့ ကြယ်စင်တွေ
အလင်းနဲ့  မျက်နှာအသစ်မှာ
ခဏတာလေး မအိပ်လိုက်မိလို့  
စုတ်ဖြဲခံထိအိပ်မက်တွေ....
အတွေးတွေရေတွက်ရင်းနဲ့ ....  
အရောင်ဖျော့ဖျော့ သက်ပြင်းတစ်ကြောင်းအောက်
နေပါစေတော့..........။      ။
                                                          လေလွင့်လူ(ကမာမြေ)
Thursday, December 29, 2011
ငါတို့နေတဲ့ မလေးရှား.......(ဖြစ်ရပ်မှန်)
တော အထာပျောက်
      မြို့ကိုရောက်
           ဘီယာလေး လည်း သောက်တတ်တယ်............။
ဂျာနယ် ဝယ်ဖတ်
    အဟုတ်မှတ်
         ဘောလုံးပွဲ လည်း လောင်းတတ်တယ်.............။
ချမ်းသာဘို့ အရေး
      အစဉ်တွေး
           လေးလုံးထီလည်း ထိုးသေးတယ်................။
အချိန်ကုန်ခံ
      မချက်ရန်
            ဆိုင်ထမင်းလည်း စားပြန်တယ်............။
ဘုံဘိုင်ကကျ
      ရောဂါရ
           ရေသန့်ဘူး မှ သောက်ကြတယ်.................။
ဖက်ကြမ်းမကိုင်
      လက်မနိုင်
            စီးကရက် နဲ့ မှိုင်ကြတယ်................။
အသဲ ပူဆာ
    မနေသာ
          ရည်းစားလေးလည်း ရှာကြတယ်.............။
ညဘက် တိုင်းမူ
     အမြဲ ဆူ
         ဖုန်းလေးများနဲ့ ကြူကြတယ်...............။
အလုပ်ပိတ်ရက်
      မပြင်းနဲ့
            အင်တာနက်က ချိတ်ဆက်တယ်..............။
လကုန်လည်းရောက်
       လစာပျောက်
            ငါ့ကိုယ်ငါပဲ တောက်ခေါက်တယ်................။
အပြန်ခရီး
     အောင်မငီး..............
         ငါ့မှာနောင်တ တသီကြီးနဲ့.........................။
(ကိုယ့်ကိုကိုယ်သာ ရည်ရွယ်ပါသည်.. မည်သူ့ကိုမှ မရည်ရွယ်ပါ..ငှဲ ငှဲ ငှဲ..တိန်)
                                                                       ညီညီ(မြန်အောင်)
ဘတ်စ်ကားပေါ်ရောက်မှရှည်လျားလာ
မှာထားတဲ့လက်ဖက်ရည်ခွက်မရောက်မီ
ဒီကိစ္စပဲထပ်ထပ်ပြောနေမိ
အချစ်နဲ့ကဗျာမှာ
ဓနဥစ္စာမလိုတဲ့အကြောင်း
အရိုးကိုက်နေရတာပါ
တွက်ချေအင်မတန်ကိုက်တဲ့အကြောင်း
ပိုက်ဆံမရှိတာဟာရောဂါတစ်ခုဆို
ကျွန်တော်လည်းကုမရတာကြာပြီ။
မြို့ပြဟာ..
မြို့ကိုပြပြစားနေတဲ့ မျက်လှည့်ဆရာ။
အဆင်ပြေတယ် ဘကြီးစိမ်း
အေး နဲ့လည်း အဆင်ပြေတယ်
ခင်ဗျားရဲ့နှစ်သုံးဆယ် ရေဒီယိုကြီး
မြည်သေးတယ်
ချောင်းသာကပြောင်းလာတဲ့အိပ်မက်တွေနဲ့
အဆင်ပြေတယ်
ဒုက္ခိတနဲ့အရူးတွေ
ဇာတ်ထောင်တဲ့ကဗျာတွေလည်းအဆင်ပြေတယ်
ကျွန်တော်လည်းအဆင်ပြေတယ်
အရာရာနဲ့ကျွန်တော်လည်း
ဘယ်လောက်နီးနီးဝေးဝေးလေးပဲ။
ခွေထားတဲ့ကြိုးလို စိတ်က
ဘတ်စ်ကားပေါ်ရောက်မှရှည်လျားလာ
ထောက်ထားစရာတွေပြည့်လို့
ထောက်ထားချင်စရာတွေပြည့်လို့
ဘ၀တစ်ခုလုံးလောင်းထည့်ထားတာတောင်
ဆန္ဒတွေက မပြည့်ဘူး။
ကျွန်တော်တို့လက်ထဲက ချောထွက်နေတဲ့
မြို့ပြဟာ ၀င်လွယ်ထွက်လွယ်
ခေါင်းငုံ့တက်ပြီးခေါင်းငုံ့ဆင်
တချို့နေရာတွေက ဆိုင်းဘုတ်အသေနဲ့
ညရှုခင်းကိုနေကာမျက်မှန်တပ်ကြည့်ရ
လူကြီးတွေရဲ့တိုက်ပုံထဲကအလွမ်း
ခမ်းနားကြောင်းပြောရဆိုရ
အကြောင်းမညီညွတ်ရင်
ဘောင်းဘီချွတ်ရတယ်
နာ့စ်မကိုကျောပေး
ကုန်းပြီးတော့ချောင်းဆိုးပြရတယ်
တစ်လောကလုံးဒါပဲ-တဟွတ်ဟွတ်
မှာထားတဲ့လက်ဖက်ရည်ခွက်မရောက်မီ
ဒီကိစ္စပဲထပ်ထပ်ပြောနေမိ
မြို့ပြဟာ..
ဘတ်စ်ကားပေါ်ရောက်မှ ရှည်လျားလာ။  ။
အောင်မှူးဝေ
စွယ်စုံပရိသတ်အတွက်မရေးတာကြာလို့ကဗျာသစ်ပါ။
Wednesday, December 28, 2011
အသည်းကွဲ ပျောက်ဆေး ( လက်တွေ့ စမ်းသုံးကြည့်ကြပါရန် တိုက်တွန်းပါတယ်)
ဒီဆေးနည်းလေးကတော့ လက်တွေ့ သုံးမကြည့်ရသေးပါ  ဒါပေမယ့် သုံးချင်တဲ့သူ
သုံးရအောင်တင်ပေးလိုက်တယ်  သောက်ချင်သူများရှိပါက ဆေးညွှန်းလေးမှာ...................................
မန်ကျည်း သုံးပိဿ
ဆား သုံးပိဿ
ရောနှော၍ ကြိတ်ပါ
လုံးကာလေ သပိတ် လုံး
စားပါလေ တစ်နေ့ သုံးလုံး
သွားပါလေ သင်္ချိုင်းကုန်းတဲ့.......။
       ဆေးဖော်နည်းမသိလျှင် ဆက်သွယ်ပါ          
                                                                   ပုံ ဆြာ မောင်
Tuesday, December 27, 2011
Nero8 ရဲ့အသုံးဝင်မှု - ဓာတ်ပုံနဲ့ နောက်ခံသီချင်းလုပ်နည်း(လေ့လာသင့်တယ်)
(1) Nero နဲ့  သီချင်း များ ဓာတ်ပုံများထည့်၍ Photo Slide Show လုပ်နည်း
ဒီဆော့ဝဲက ဓာတ်ပုံနဲ့  သီချင်း တွဲပြီး အခွေထုတ်ချင်ရင် အရမ်းလွယ်ကူပါတယ်
ဒီဇိုင်းကလည်း လန်းပါတယ် နမူနာဒီဇိုင်းလေးလည့် လုပ်ပြထားပါတယ် အခွေနဲ့ 
ထုတ်မယ်ဆိုရင်လည်း လွယ်တယ် အဖက်ဒီဇိုင်း တွေလည်း မျိုးစုံအောင်ပါတယ်
VCD နဲ့  DVD အဆင်ပြေသလိုလုပ်ကြည့်ပါ.........။အောက်ကလင့်မှာကြည့်ပါ.။
နမူနာကြည့်ကြည့်ပါ Sample Photo Slide Show (ကြိုက်သွားစေရမယ်..:P)
(2)လက်ရွေးစင် VCD သို့ မဟုတ် တရုတ်ဇာတ်လမ်းတွဲ DVD အခွေ ထုတ်ရန်
လက်ရွေးစင် သီချင်းလေးတွေကို  အခွေတစ်ခွေထဲမှာ စုပြီး ထုတ်မယ်ဆိုရင်လည်း
လွယ်ကူသလို လှပလွန်းပါတယ် ဒီဇိုင်းထွင်မယ်ဆိုရင်လည်း စိတ်ကူးကောင်းသလို
အဆန်းတွေ  လုပ်ပြလို့ ရပါတယ်   တရုတ်ဇာတ်လမ်းတွဲတွေလို  လုပ်လို့ ရပါတယ်
ချစ်သူကို လက်ဆောင်လုပ်ပေးရင်လည်း ဖလမ်းဖလမ်းထမှာ သေချာတယ် အခွေ
မှာ သူ့ ပုံလေးထည့်ပြီး မီနူး လုပ်ပေးမယ်ဆိုရင်အရမ်းလှပါတယ် ဟန်ဂျီအင်းပုံလေး
ထည့်ပြီး လုပ်ထားတာ သီချင်းနာမည်တွေကတော့  အစထဲက မြန်မာလိုပေးထား
ဖို့ လိုတယ်နော် မီးနူးကိုကြည့်ဖို့ အတွက်Remoteကနေ PBC ကိုနှိပ် ပေးရပါတယ်
အောက်စက်တွေ ပေါ်နေတာကြာပြီ ကျနော်သေချာပြောရဲတယ် သူ့ မှာပါလာတဲ့
ခလုတ်တွေကို စုံအောင်သိတဲ့သူ အတော်လေး၇ှားမှာပါ လူတိုင်းက သီချင်းဖွင့်ပြီး
ပိတ် ကျော်မယ် နောက်တစ်ပုဒ်ပြောင်း ဘာညာ သရကာပေါ့ အဲ့လောက်ပဲအသုံး
ပြုကြတာကိုတွေ့ ရပါတယ် ဒီစာကို ဖတ်ကြည့်နေတဲ့  ခင်များလည်း အတူတူပဲလို့ 
ကျနော်ထင်ပါတယ်(ဟုတ်ရင် ပြုံးလိုက်ပါ) ကျနော်လည်း လေ့လာပါတယ် သေချာ
အောင်လေ့လာနေပါတယ် သီချင်းခွေတွေ ဇာတ်လမ်းခွေတွေ ထည့်ပြီး PBC ကို
နှိပ်ကြည့်ပါ  အခု ကျနော်ပြောတဲ့  နည်းနဲ့  ထုတ်ရင်ပါတယ် ဘယ်ဆော့ဝဲနဲ့ လုပ်
ထားတယ်ဆိုတာပေါ့  အရင်ကတော့ Nero နဲ့ လုပ်ကြတယ်  အခုတော့ ဆော့ဝဲ
အသစ်တွေပေါ်လာပီ Directort တို့  Primere တို့  ..လေ့လာသင်ယူစရာတွေက
မကုန်နိုင်ဘူးဗျာကဲ သဘောကျတယ်ဆို လာတောင်း..အဲမှားလို့ ..သဘောကျ
ရင် ဆွဲသာဆွဲ........လူတော့ လာမဆွဲမဲ့..တေတွားမယ်..ဟွင်းဟွင်း.............။
(3)  အသံဖမ်းမယ် ကိုယ့်အသံကို Recording လုပ်ပြီး ချစ်သူဆီပို့ မလား
အသံဖမ်းမယ်ဆိုရင်လည်း ရပါတယ် Recording ပါလာသေးတယ်ဗျ မိုက်တပ်ပြီး
ပြောချင်ရာပြော အသံဖိုင်ကို  ကောင်မလေးဆီ (သို့ မဟုတ်) ကောင်လေးဆီကို
ပို့ ပေးလို့ ရပါတယ် လိုင်းမကောင်းတဲ့ အခါ အသံဖိုင်ပဲဖမ်းထားပြီး မေးထဲကနေ
ပို့ ပေးလိုက် ဟိုဘက်ကလည်း ဒေါင်းလုပ်ယူပြီး နားထောင်ပေါ့ အခွေနဲ့ ထည့်ပြီး
အောက်စက်ထဲ ထည့်ဖွင့်ရင် တစ်ရွာလုံး နားထောင်ရတာပေါ့ အဲ့တော့ လိုသလို
သုံးလို့ ရတယ် မလိုရင်လည်း မသုံးလို့ ရတယ် စာချုပ်မရှိဘူး..သဘော............။
(4) Photoshop လိုပဲ ဓာတ်ပုံတွေကို ပြင်ဆင်တည်းဖြတ်လို့ ရသေးတယ်
ဓာတ်ပုံပြင်တာကတော့ အခြေခံလေးတွေပါလာတယ် အသေးစိတ်တော့မရပါဘူး
ကိုယ်လည်း အသေစိတ် မရဘူးလေ ဖြတ်တာအရောင်ပြောင်းတာပဲရတာအဲ့တော့
ပါလာတာ ပြောတာပါ လိုသလောက်သုံးလို့ ရတယ် လို့ ပဲ ဆိုချင်ပါတယ် သေချာ
ထပ်ပြီးလေ့လာNero Photo Snapviewerလည်းပါလာတယ် ပုံတွေကိုဖွင့်လိုက်ရင်
Open With ကနေ ကြည့်ကြည့်ပါ.......။
(5) Song Mixer ဆိုပြီး အသံတွေကို ရောလို့  မွှေလို့ ရသေးတယ်ရောသမမွှေ ပေါ့
ရောတော့ ရောကြည့်တာပဲ နမူနာတင်ပေးမယ်ဆိုပြီး တော်ကြာ ကြိုက်သွား ဒွတ်ခ
အဲ့ကြောင့် မိမိဘာသာ လေ့လာရင်း ရောကြည့် မွှေကြည့်ပါလို့  ရေသမမွှေလို့  ရရင်
လက်တို့ ကြပါ လေ့လာဖို့  အချိန်မလောက်တာကြောက် မွှေတာဝါသနာ ပါသူများ
က မွှေလို့ ဝရင် ပြောဖို့ မေမေ့ကြနဲ့ နော...................................................။
(6) အခွေ Cover Design လုပ်ချင်လည်းရတယ် ( မြန်မာစာတော့ ပြောင်းမရဘူး)
ဒါကတော့ အခွေ ထုတ်ပြီးရင် အခွေမှာကပ်တဲ့ အရုပ်ဒီဇိုင်းလေးတွေ ဆွဲဖို့ လည်း
ပါသေးတယ် မြန်မာလို ဘာလို့ ပြောင်းမရတာလည်း မသိဘူး မြန်မာခွေတွေမှာ
ကပ်ထားတဲ့ဟာတွေ ဘာနဲ့ ဆွဲလည်းမသိဘူး သိသူများပါရင် မျှကြပါလို့ ပြောပြ
ကြပါလို့  ပြောရုံဆိုရပါပြီ မပြလည်း ကိစ္စမရှိ သဘောပေါက်လွယ်တယ်နော် ..:P
Miscrosoft Office Publisher မှာလည်းရတယ် နောက်မှ သေချာရေးပါအုံးမည်.။
ရေးရရင် အများကြီးကျန်သေးတယ် နည်းတွေကများလွန်းလို့  ယူထားကြပါလို့ 
ဖြတ်ညှပ်ကပ်လုပ် လိုက်တာ ၁၈၈ MB ပဲရှိတယ် လိုင်းတင်ရတာလည်း မလွယ်
ဘူး လိုင်းမကောင်းရင်တော့ ဆိုင်မှာဝယ်လိုက်ပါ မလေးမှာဆို ဆိုင်လမ်းညွှန်ရှိ
တယ် မြန်မာပြည်ဆို ရန်ကုန်မှာတော့ မ၀ယ်ဖူးဘူး တောင်ကြီးမှာတော့ရှိတယ်
ဟန်ဂျီအင်းကွန်ပျုတာထဲ Nero7 ထည့်တော့ ၀ယ်ဖူးတယ် ၅၀၀ပဲပေးရတာ အခု
ကဲကြိုက်ရင် လာတောင်း..တိန်...အဲမှားလို့ ဆွဲ..Mediafire မှာ တင်ထားတယ်...။
ဒီမှာ Download ယူပါ နီရို - ၈ ကီးပါတယ်
Monday, December 26, 2011
ကွန်ပျုတာ နဲ့ ဆော့ဝဲတွေကို စိတ်ဝင်စားတဲ့ သူများအတွက်(မျှဝေပေးပါရန်)
စသင်မဲ့သူတွေက ဒီလောက်ဆို သင့်တော်ပါတယ် ဈေးလည်းမကြီးဘူး ပျက်လည်း မပူရဘူးပေါ့
190 လည်း၇တယ် P3 လေ ဘာပဲဖြစ်ဖြစ် ချက်တင် နဲ့  အင်တာနက်သုံးရုံဆို မဆိုးပါဘူး
ဆော့ဝဲအစုံ Game လည်းရတယ် ဈေးလည်းချိုတယ် မကြိုက်လည်းပြန်လည်းလို့ ရတယ်
Chaw Centerpoint 4ထပ်မှာနော် ရုပ်ရှင်ရုံနဲ့ မျက်နှာချင်းဆိုင်ပါပဲ မသိရင် ဖုန်းဆက်လိုက်
ဘယ်လောက်ထိ အဆင်ပြေလည်းဆိုရင် သူဌေးတွေလည်း ဒီနေရာကို စိတ်ဝင်
စားကြတယ် ကွန်ပျုတာတွေဈေးချိုတာရယ် ဆော့ဝဲတွေ ပေါတာရယ်ကြောင့်ပါ
နောက်နားလေးတုံးက ကွန်မန့် မှာ မေးထားတာ ကြာပါပြီ အခုမှပြန်ဖြေဖြစ်ပါတယ်
မလေးရှားမှာဆိုရင် လူငယ်တွေ အတော်များများ  ကွန်ပျုတာ နဲ့ အင်တာနက်တွေ
သုံးလာကြတယ်  ၀မ်းသာစရာပါပဲ နည်းပညာနဲ့  ဗဟုသုတတွေ  တိုးပွားရတာပေါ့
တခြားမှာ  စိတ်ဖြေမယ့်အစား  ကွန်ပျုတာ အင်တာနက်လေးနဲ့   ဗဟုသုရှာဖွေပြီး
အသိပညာ တိုးပွားပြီး  စိတ်လေလွင့်မှု  မရှိတော့ဘူးပေါ့ အလုပ်ထဲမှာ ပင်ပန်းလာ
ရင် အိမ်ရောက် ကွန်ပျုတာလေးဖွင့် သူငယ်ချင်းတွေနဲ့  စကားပြော ဘလော့လေး
ရေးလိုက်ရင် စိတ်သက်သာမှုရှိတာပေါ့ အဲ့တော့ ကွန်ပျုတာဝယ် အင်တာနက်ချိတ်
မယ်ဆိုရင်   အကြီးအကျယ်  အားပေးတယ်ဗျာ ကျနော်က နီးစပ်ရင် ၀ယ်ခိုင်းတယ်
သင်ပေးတယ် ဘာမှမပူနဲ့  ပျက်ရင် ငါ့တာဝန်ထားပဲ ။သင်ခါစတွေဆိုရင် ဈေးချိုတဲ့
ဟာမှကောင်းတယ်ပျက်လည်းစိတ်မပူရဘူးတတ်သိနားလည်ပြီဆိုမှသာ ကောင်း
တဲ့ ကွန်ပျုတာဝယ် တာ သဘာဝကျတယ် သူဌေးလည်း ၀ယ်ချင်လို့  လိုက်ပို့ ခိုင်း
တယ် ရုံမှာ  ပေါချောင်ကောင်း သုံးချင်လို့ တဲ့ ..သာမာန် စာရင်းဇယားလောက်ပဲ
ဆိုရင် ကောင်းပါတယ် အဲ့ကြောင့်  အခြေခံပညာသင်များအနေနဲ့  ၀ယ်ချင်တယ်
လေ့လာချင်တယ်ဆိုရင် ဈေးလည်းချို ပျက်ရင်လည်း အပန်မကြီးတဲ့ ဈေးအချိုဆုံး
ဆိုင်တစ်ဆိုင်ကို လမ်းညွှန်လိုက်ပါတယ်( KL ပတ်ဝန်းကျင်ဆို ပိုအဆင်ပြေမည်)
နောက်တစ်ခုကတော့ ဆော့ဝဲတွေပါ အင်တာနက်မှာ ဆော့ဝဲလိုချင်ရင် ဒေါင်းလုပ်
ယူကြတာ အလွန်ကြာပါတယ် လိုင်းကောင်းရင်တော့ မဆိုးဘူးပေါ့ ခုဆိုမလေးရှား
လည်း မြန်မာလိုပါလိုင်းတွေက တက်လိုက်ကျလိုက်လေ(ဈေးချိုတာသုံးတာမလို့ )
လိုင်းကောင်းတာ သုံးနိုင်ရင်တော့ မိုက်တာ လစဉ်ဆိုတော့လည်း သိတယ်မလား
စီးပွားလာရှာ ကြတာလေ လေကြောရှည်နေတာနဲ့   လိုရင်းကိုမရောက်တော့ဘူး
ပြောချင်တာကတော့  ဆော့ဝဲတွေက  ဆိုင်မှာဝယ်ရင်  ဈေးချိုပါတယ် တစ်ခွေမှ
10 ပဲပေးရတယ် ၀င်းဒိုးခွေတွေဆိုရင် တစ်ခွေထဲနဲ့   အစုံပါတယ် Window 7မှာ
ဆိုရင်လည်း Starter ကနေ  Ultimate အထိ တစ်ခွေထဲနဲ့  အစုံပါတယ် တခြားစာ
စီစာရိုက်ဆော့ဝဲတွေ ဖြစ်တဲ့ Miscrosoft Excel .Miscrosoft Word ကနေ စာရင်း
ဆော့ဝဲ Accountion အထိအစုံရပါတယ် Orginal  တော့ မဟုတ်ဘူးပေါ့ ပြောရင်
ရှုပ်ပါတယ် ကြီးမားတဲ့  လုပ်ငန်းကြီးတွေကလွဲလို့  အားလုံး  Copy Window နဲ့ 
Copy Softwear တွေပဲ သုံးကြတာပါ ပြောရင် ပိုရှည်တယ် အဲ့ဆိုင်မှာ ဆော့ဝဲတွေ
အစုံရှိတယ် အစုံဆိုတော့ လိုချင်တာအကုန်ပဲဗျာ နီး စပ်သူများ ၀ယ်ကြပါ ထပ်ဆင့်
မျှဝေပေးကြပါလို့  သူငယ်ချင်းတွေကို  အဆင်ပြေစေချင်သော စေတနာဖြင့်......။
ဆိုင်လိပ်စာက  IMTECH ENTERPRISE (SA 0021554-W)
39, JALAN NEANS, 41400 KALANG, SELANGOR
Sunday, December 25, 2011
ဒီဇင်ဘာသို့.............
သဇင်တွေ ဝေလို့ကောင်းတုန်း
မြူနှင်းတို့ ကြွေမဆုံးခင်
လက်ပြလို့ နှုတ်ဆက် ချင်တယ်
နှစ်တစ်နှစ်ရဲ့ အဆုံးက
နိဂုံးလ တဲ့လား ဒီဇင်ဘာ............။
ဒီဇင်ဘာ ညလယ်ခင်းက
ခိုက်ခိုက်တုန် တဲ့ ရင်ခုန်ခြင်းနဲ့
ဖုံးအုပ်နေတဲ့ မြူနှင်းတွေများ
ငါတို့တွေနဲ့ ဝေးကွာသွားတာ
နှစ်တွေများစွာ အတော်တောင် ကြာခဲ့ပေါ့...........။
အဟောင်းများစွာ ကြားထဲက
အသစ်တွေထဲကို တွန်းပို့လိုက်ရင်း
ငါတို့ အသက် တစ်နှစ်ကြီးခဲ့ခြင်းဆိုတာ
သတိရစေခဲ့ တာလား ဒီဇင်ဘာ....................။
လူတချို့က
လမ်းခွဲ နှုတ်ဆက်လို့
အသစ်တွေဆီသို့ ခြေဦးလှည့်လို့ နေကြချိန်...............။
အဝေးတစ်မြေမှာ
တစ်ယောက်ထဲနေရင်း
သံယောဇဉ်ရဲ့ ချည်နှောင်ခြင်းမှာ
မျှော်လင့်မိတဲ့ ငါ့ညီမဆိုတာလည်း
ဒီဇင်ဘာမှာ ငါ့ကို လမ်းခွဲတယ်........................။
ခုနှစ်နဲ့ သက္ကရာဇ်တွေရဲ့ကြား
ဘယ်တော့မှ ဟောင်းနွမ်းမသွားပဲ
အေးစက်ခြင်းတွေကို ယူဆောင်ရင်း
တစ်နှစ်တစ်ခါ နုပျိုခြင်းရှိတဲ့ ဒီဇင်ဘာရေ................။
နောင်လာမယ့် နှစ်တွေများမှာ
ငါတို့ ဆုံတွေ့ ခဲ့ကြရင်
အေးချမ်းမှု ရဲ့ ရင်ခုန်ခြင်းနဲ့
ဖြူစင်တဲ့ မြူနှင်းတွေ ကြားမှာ
မာန်မာနတွေရဲ့ အဝေး
တချိန်က ငါ့ညီမလေးနဲ့
ပြန်လည်ဆုံတွေ့ခွင့်ပေးပါ ဒီဇင်ဘာ..................။
                                                            ညီညီ(မြန်အောင်)
Thursday, December 22, 2011
ချစ်သူ ...................................( ဆရာမောင်အတွက် အားဖြည့် ကူညီချက်)
အို..
****** လူသားတို့ **********
      ဟန်ဆောင်အပြုံးတွေနဲ့
              လိမ်ညာနေကြတုန်းပဲလား.......?
သံယောဇဉ် အတုကိုသုံး
   အချစ်ဆိုတဲ့ ဝေါဟာရကို
         အလွဲသုံးစား လုပ်နေကြတုန်းပေါ့.............။
မျိုးစေ့မမှန်လို့
     အပင် မသန်ခဲ့တာ ဆိုရင်
            မျှော်လင့်ခြင်းမဲ့တဲ့ ခဏတာ ငါ့ရင်ခွင်ဆိုတာ
                   ခရီးသွားချိန် တစ်ထောက်နားတဲ့
                          ဇရပ်ပျက် ဆိုတာ ဒါပဲလား............။
နှစ်မွှာ အသဲ ပိုင်ရှင်မို့
   နှစ်ယောက်တွဲ ချင်တယ်ဆိုရင်
         ငါ ကြည့်ခဲ့ ဘူးတဲ့ ရုပ်ရှင်လို
              နင့် ရုပ်သွင်ကို နှစ်ကိုယ်ခွဲ
                    မာယာများနဲ့ ကစားတဲ့ပွဲမှာ
                             နောင်တများသာ နင်ရလိမ့်မယ်.............။
သိက္ခာမဲ့ စရိုက်နဲ့
     ချွေးပြိုက်ပြိုက် ရမ္မက်တွေကြားမှာ
           နင်သာယာ သွားတာသိရင်
                  ငါ့အသဲမှာ တကယ်နာကျဉ်တယ်..............။
ရာဇဝင်မှာ စံထားတဲ့
    ( တော်လေးဝ) လိုလူသား မဖြစ်ချင်နေပါ
           မင်းဆဒ္ဒန်ကို     အငြိုးထားတဲ့
                  (သုဘဒ္ဒါ) လို လူစားမျိုးတော့ မဖြစ်ပါစေနဲ့............။
မေတ္တာမပါ သစ္စာမရှိပဲ
     ကစားခဲ့တဲ့ နင့်ရဲ့ ပွဲမှာ
           အရှုံးများစွာကို ဆင်နွှဲ
                   ငါ့မှာတော့..အလဲလဲ..အကွဲကွဲ.......................။
                                                                                  ညီညီ(မြန်အောင်)
Wednesday, December 21, 2011
ပြယ်ချိန်စောင့် အလွမ်း
စွန်ဆိုတာ ကြိုးရှိမှလေပေါ်ဝဲနိုင်သလို
ဘဝဆိုတာ အချစ်ရှိမှ အနေကြာမြဲနိုင်မှာပါ...
တဒင်္ဂတွဲလက်တွေ မခိုင်မှတော့
ရင်နာလည်း လွဲရက်ကတိုင်သွားခဲ့ပြီပဲ...
လားရာမတူ တို့ နှစ်ယောက်အတွက်
ဂုဏ်ဒြပ်ကြား ဆုံမှတ်တွေကို
ခပ်ပေါပေါဖိနပ်တစ်ရံလို မင်းသဘောထားခဲ့တာကိုး.....
ငါ မင်း အပေါ်ထားတဲ့ ချစ်ခြင်းဆိုတာတွေ
မင်းနှုတ်ဖျားက ခပ်ပါးပါးနှုတ်ခမ်းနီလောက်တောင် အရာထင်ခဲ့လို့ လား...
မင်းကိုတော့ ဆရာတင်လောက်ပါတယ်
လှည့်စားပြီး နှုတ်မဆက်ရုတ်တရက်ထွက်ခွာ...
ငါ့အတွက်တော့ အလွမ်းတွေနဲ့ ပြာယာခတ် မှားခဲ့ရတဲ့နေ့ နဲ့ ရက်တွေ...
အပြစ်တော့မတင်ရက်ပါဘူး
ချစ်ခြင်းတွေရက်စွဲတပ် အမြဲမက်တတ် အိပ်မက်တွေကြောင့်ပါ...
တစ်ခေါက်လောက်တော့ ပြန်ဆုံကြည့်ချင်တယ်
မင်း သိမသွားတဲ့ နောက်ကွယ်က ငါ့ချစ်ခြင်းတွေ
မြက်ဖျားနှင်း မဟုတ်ဘူးဆိုတာကို...
ခံစားချက်တွေခင်း မျှော်လင့်ခြင်းရင်းပြီးချိန်ရောက်မှာ
ရှင်သန်ခွင့်တွေမြေမြှပ် ရေတစ်မှုတ်တောင် မကမ်းလင့်ခဲ့ဘူး...
(သာပါတယ်ကွာ)
မာယာတွေပြုစား ကုစားဖို့  ထားခဲ့တာ မုသားတွေပဲလား
လေထဲဆောက်ချင်တဲ့ စိတ်ကူးလို့ ပဲ ယူဆလိုက်ပါ
ခံစားချက်ပန္နက်တွေ ပြန်မနှုတ်ချင်တော့ဘူး
သွားကြားထိုးတံလောက်ပဲမင်းမြင်ခဲ့တာ
ဝါးတစ်ပင်လုံးခုတ်လှဲခံထားရတာ ဘယ်သိနိုင်မှာလဲ...
မျှော်လင့်ချက်ဆိုတာ....
ရေဒါမပါဘဲ ဦးတည်ချက်မဲ့ ခုတ်မောင်းနေတဲ့ သင်္ဘောတစ်စင်းမဟုတ်ဘူး
အိပ်မက်ဆိုတာ....
မြစ်ဖျားခံရာအရပ်မရှိတဲ့ မြစ်တစ်စင်မဟုတ်ဘူး
အချစ်ဆိုတာ...
လေတိုက်တိုင်းယိုင်တတ်တဲ့ ခပ်နွဲ့ နွဲ့ သစ်တစ်ပင်မဟုတ်ဘူး
မာနတော့ရှိသင့်ပါတယ်
ကိုယ့်အတ္တကိုတော့ပြန်မလိမ့်သင့်ဘူး...
မျှော်လင့်ထားတာတွေ
ကြယ်တစ်ပွင့်လို ကြွေချိန်တန်မှာတော့...
ချစ်ခြင်းတွေအတွက် ခုခံနိုင်ဖို့  ဘာကိုဆုတောင်းနေရမှာလဲ........။   ။
                                                                    လေလွင့်လူ(ကမာမြေ)
Tuesday, December 20, 2011
သံယောဇဉ်အချစ်
ကဗျာကို ခံစားချက်နဲ့ရေး
နှလုံးသားနဲ့ ဖတ်မှ
ရသမြောက်တာပါ........................။
စိတ်နဲ့ပဲ ခံစားခံစား
လက်တွေ့ပဲ ခံစားခံစား
သဘာဝကျဖို့ကောင်းတာပေါ့...........။
ခံစားချက်မပါတဲ့ ကဗျာဆိုရင်
အနှစ်မပါတဲ့ ပေါင်မုန့်လိုပဲ
ပေါ့ပျက်ပျက်နဲ့ စားမကောင်းဘူး..........။
အချစ်ဆိုတာကလည်း
သံယောဇဉ် ရှိမှ
တစ်ဘ၀တာ ခိုင်မြဲတာပါ.................။
အနေနီးလို့ပဲ ချစ်ချစ်
အနေဝေးရင်းပဲ ချစ်ချစ်
သံယောဇဉ်မှ မရှိခဲ့ရင်
တချိန်ချိန်တော့
နားလည်မှုဆိုတာလဲ
မရှိနိုင်တော့ဘူးလေ.................။
"သံယောဇဉ်မှာ
အချစ်မရှိလို့ ဖြစ်ပေမယ့်
အချစ်မှာတော့
သံယောဇဉ်မရှိလို့ မဖြစ်ပါဘူး...........။
                                             ရစ်မမ( နေပြည်တော်)
Saturday, December 17, 2011
ပုံပြင်မဟုတ်ခဲ့ပါ.................
ဟိုအရင်ကလို
သူ ပြန်အလာကို စောင့်မျှော်ရင်း
တိတ်တိတ်လေး ခိုးကြည့်ရခြင်းတွေမှာ
ငါ....ကျေနပ်စွာ သာယာခဲ့ ဘူးတယ်............။
နင်မသိသေးတဲ့ ငါက
တိတ်တိတ်ကလေး နင့်ကို ငေးကြည့်ရင်း
တစ်ဖက်သတ် ရင်ခုန်ခဲ့ခြင်းမှာ
ဖြူစင်ခြင်း ဆိုတာ ပါတယ်...........။
ကောင်မလေးရယ်.....
သဘာဝ တရားရဲ့
အသစ်အဆန်း တွေကြား
ပွင့်လန်းလာတဲ့ ပန်းကလေး တဲ့လား.............။
ပန်းကလေးရေ........
ဝေရင်လည်း မွှေး
ကြွေလည်း မွှေးတဲ့
ခရေ လေးတွေအလား
ပျား ပိတုံးတွေရဲ့ ကြားမှာ
ဂုဏ်တင့်စွာ ပွင့်လန်းပါလေ
ငါ..ကျေနပ်စွာ ထိုင်ကြည့်နေမယ်...............။
လေပြင်း တိုက်လို့ကြွေ
မြေပြင်ထက်က ပန်းကလေးတွေ
ကောက်ယူကာ သီကုံး
ရနံ့ကတော့ မွှေးနေတုန်းပဲ..............။
ပန်းတို့ရဲ့ ဇာတ်လမ်းမှာ
ရနံ့ ရှိတဲ့ သခင်အခန်းက
အချိန်တန်လို့ နွမ်းခဲ့ရလည်း
သင်းသင်းကလေး မွှေးနေသေးရင်
ပန်းခြောက် ကလေးလည်း မြတ်နိုးချင်တယ်............။
ပြောဘူးတဲ့ စကား
ပုံ ပြင်တဲ့လား ကောင်မလေးရယ်............
ဒါဆို.... မပြောဖြစ်ခဲ့တဲ့ ငါ့ရင်ခွင်မှာ
နင့်အတွက် ပုံပြင်များစွာ ရှိတယ်............။
ငါ....
ပြောပြခွင့် ရချင်ပါသေးတယ်.....
ပုံပြင်ထဲက လူတစ်ယောက်
နေညိုချိန်  ရောက်ပြီဆို
ပလက်ဖောင်းအို ပေါ်မှာထိုင်ရင်း
မျှော်လင့် ခြင်းရဲ့ လမင်းလေး
တိတ်တဆိတ် တော့ ထိုင်ငေးနေသေးတယ်..............
ကောင်မလေးရေ....
ပုံပြင်ဆန် သွားတဲ့
တဖက်သတ် လွမ်းခန်းတွေကြား
မက်ခဲ့တဲ့ အိပ်မက်တွေ များမှာ
ငါမြင်တွေ့ ခွင့်ရခဲ့တာ
ပန်းခြောက်ကလေး များသာ....................................။
                                                                                ညီညီ(မြန်အောင်)
Friday, December 16, 2011
ရင်ခွင်မဲ့သား
အမေ့ရဲ့
ချွေးစက်လေးတွေနဲ့
ပေးဆပ်ခဲ့ရတဲ့
ဘ၀ရဲ့ စာမျက်နှာများမှာ
အားငယ်စွာ ရုန်းကန်ရင်း.....။
အမေရယ်.................
အမေ့ရဲ့
ပြတ်သားတဲ့ စိတ်ဓါတ်
ရဲရင့်တဲ့ အတွေးခေါ်တွေ
ကျွန်တော် ခုထိ မှတ်မိသေးပါရဲ့....။
""" သား
ရွက်မရှိ
တက်နဲ့လှော်
တက်မရှိ
လက်နဲ့လှော်ရမယ် ""  လို့"
ကြွေးကြော်ဆုံးမ
လမ်းပြခဲ့တဲ့
အမေ့ရဲ့ စကားသံ
တခါပြန်ကြားချင်တယ် အမေရယ်....။
မိုးမကြောက်
လေမကြောက်
လမ်းတလျှောက်
တွေ့သမျှ ဒုက္ခ
ခါးစည်းရင်ဆိုင်ခဲ့ရတယ် အမေရယ်....။
အတောင်စုံလို့
သိုက်မြုံကိုစွန့်ခွာ
အလှကမ္ဘာမှာ မျှော်လင့်ရင်းနဲ့
ဘ၀မေ့ခဲ့တဲ့ သားကို
အမေ့ရဲ့ ရင်ခွင်ကြားမှာ
ပြန်လည် နားခိုခွင့်ပေးပါ အမေ....။
ဆရာ တင်ဦးသိန်း၏ ကဗျာကို (အမေချစ်သော သားများအတွက်)
ပြန်လည်ရေးသားမျှဝေခြင်း ...................... ရစ်မမ(နေပြည်တော်)
Thursday, December 15, 2011
မင်မထင်လိုက်တဲ့မျဉ်းတစ်ကြောင်း
ပိုင်ဆိုင်လို ဆန္ဒထက် ကြည့်ခွင့်တွေရုပ်သိမ်းခံရချိန်
ပေးဆပ်ခြင်းထက် ရယူခြင်းကိုကြောက်သွားမိတယ်
ချစ်ခြင်းမုန်းခြင်း စီးချင်းထိုးစဉ်က
သေဆုံးရတဲ့မေတ္တာတရားအတွက် အလျော်အစားဆိုတာမရှိခဲ့ဘူး
ပိုးတုံးလုံးတစ်ကောင်ရဲ့အတောင်ပေါက်ခြင်းနိဒါန်းအစမှာ
ပလူးတစ်ကောင်ရဲ့ အတောင်ကျွတ်ခြင်းနိဂုံးတွေရှိခဲ့တယ်
သဇင်တစ်ခက်ရဲ့ အလှမာန်ကြား စံပယ်တစ်ကုံးရဲ့သိမ်ငယ်မှုတွေရှိခဲ့တယ်
ပိတောက်တွေရဲ့ဝေဆာမှုကြား ငုတို့ ရဲ့မြေခခြင်းအလှတွေရှိခဲ့တယ်
ခရေတွေက ပင်ယံမှာထက် မြေပြင်မှာအလှတရားပိုပါတယ်
နွမ်းခြောက်ပေမဲ့ ကံကော်တွေက ရနံ့ မပြယ်ခဲ့ပါဘူး
အရယ်လွန် အရှိုက်ခက်တွေကြား
ပါးပြင်ဆိုတာ မျက်ရည်စီးဆင်းရာလမ်းကြောင်းမှမဟုတ်တာ…..
ဌက်တိုင်းသာပျံသန်းခွင့်ရှိရင် ပင်ဂွင်းရဲ့အကြောင်းအစမဖော်သင့်ဘူး
 လောကကြီးလည်းတရားပါတယ် 
ဘယ်နေရာတွေမှ  မှားယွင်းမှုမပါခဲ့ဘူး
တောင်းဆိုချက်မဟုတ်သလိုတောင်းပန်မှုလည်းမဟုတ်တဲ့အခါ
တချို့  နေရာတွေကို
ဦးနှောက်အစား ရင်ဘတ်ကိုသုံးခဲ့ပါတယ်ဆိုရင်ပေါ့…..
 ဘယ်တော့မှထိစပ်မရ  အပြီးသတ်တွေ…..
နှစ်ကြိမ်တိတိ ဆုံစည်းခြင်းကြမ္မာကြား
အရှုံးယူဆမရတဲ့ နှစ်သိမ့်မှုကိုပိုက်
ကိုယ်တိုင်စိုက်ပျိုးမိတဲ့ မျှော်လင့်ချက်တွေ
ကိုယ်တိုင်ပဲ တွန်းလှဲခဲ့ရတယ်
ဘာကြောင့်ပဲဖြစ်ဖြစ်ပါ…..
ရှင်သန်ပြီး မကြီးထွားမယ့်
“မုန်းချင်လည်း မုန်းလိုက်ပါ” စကားလုံးတွေ
ပြန်လာယူရိတ်သိမ်းသင့်တယ်လို့ ထင်တယ်
အချစ်ဆိုတာ အမုန်းကိုရှင်သန်စေတဲ့ မျိုးစေ့မဟုတ်ဘူး…..။        ။
                                                             လေလွင့်လူ(ကမာမြေ) ဒီဇင်ဘာ ၁၅
Wednesday, December 14, 2011
“အမေ”
အဖြူစင်ဆုံးသော
မေတ္တာတရားတွေနဲ့
အမေ့ရဲ့မွေးဖွားခြင်းကြောင့်
လောကကြီးမှာ
အသက်ရှင် ရင်ဆိုင်ခွင့်ရခဲ့တဲ့
ကျွန်မအတွက်
အမေဟာ
အတုမဲ့ပါ…အမေ။
ကျွန်မအသက်နှင့်
ထပ်တူ ထပ်မျှ ချစ်ရသော
အရင်းနှီးဆုံး
တီးတိုးတိုင်ပင်ဖော်
အရင်းနှီးဆုံး
ရင်ဖွင့်နားလည်ဖော်ဖြစ်တဲ့
အမေသာ
ကျွန်မအတွက်
လမ်းပြကြယ်ပါ…အမေ။
ဇွတ်တရွတ်နဲ့ ခေါင်းမာတတ်တဲ့
သမီးနှင့် အမေရဲ့
ခါးသီးခဲ့တဲ့
နေ့တချို့ကို ပြန်တွေး
အရာရာတိုင်းမှာ
တဖတ်သက် နားလည်မှုတွေ
ပေးနိုင်စွမ်းခဲ့တဲ့
အမေ့ရဲ့ မေတ္တာဟာ
ကျွန်မအတွက်
အဆုံးမဲ့ သမုဒ္ဒရာပါ…အမေ...။
မြတ်စွာဘုရားထံ ဆုတောင်း
အမေ့ရဲ့ ချစ်ခြင်းတွေကို
ကောင်းကောင်းနားလည်ပြီးဖြစ်တဲ့
ကျွှန်မအတွက်
အခြားအရာအားလုံးထက်
အမေ့ရဲ့ ကျေးဇူးကိုသာ
အပြည့်အ၀ ဆပ်ခွင့်ရသူ
ဖြစ်ပါရစေ…အမေ။
   (  
ချစ်သောမေမေ အတွက် မှတ်မှတ်ရရ နတ်သမီး (တောင်ကြီး)ရဲကဗျာကို 
ပန်လညရေးသားမျှဝေပေးပါသည်။          
                            ခင်မင်လေးစားလျှက်..........ရစ်မမ (နေပြည်တော်) 
Monday, December 12, 2011
Mozilla Firefox Version 8.1 က ပိုမြန်တယ်လို့  ထင်ရပါတယ် စမ်းချင်ရင်ဆွဲ
ဒီ Mozilla New Version 8.1 ကတော့ အတော်လေး ကောင်းတယ်လို့ ...သူက
ရေးထားတာပဲဗျ အဟောင်းထက် အသစ်က ပိုကောင်းသလိုတော့ရှိလာတယ်
စမ်းသုံးချင် သုံးရအောင် ရေးတင်လိုက်တယ် စမ်းကြည့်ကြပေါ့နော် မြန်တာက
တော့ မြန်လာသလိုလိုပဲ..Connection မကောင်းရင်တော့ သူမမြန်ရဲလောက်
ပါဘူး ဘာပဲဖြစ်ဖြစ် Connection ကအဓိကပဲ ဒါပေမယ့်လည်း တစ်ကြောင်း
မထောက် တစ်ကြောင်းထောက်ပေါ့ဗျာ ပြောင်းသုံးချင်ရင်ဆွဲ....................။
ဒီလင့်မှာ Download ယူပါ  http://www.mozilla.org
ဘလော့ဂါများနဲ့  စာဖတ်သူများအတွက်ပါ အဆင်ပြေစေတဲ့ Share Add On
မိမိတို့ ရဲ့ ဘလော့တွေမှာ အခုလို Share Add on လေးတွေ ထည့်ပေးထားမယ်
ဆိုရင် ဘလော့ရေးသူ များအတွက်ရော စာဖတ်သူများအတွက်ပါ အဆင်ပြေ
စေပါတယ် ၀က်ဆိုဒ်တစ်ခုရဲ့ ကြိုက်နှစ်သက်သော စာများကို Face book သို့ 
အလွယ်တကူ Share လုပ်နိုင်ပါလိမ့်မယ် လူအတော်များများ Face book ဆိုဒ်
ကို Share ပြန်လုပ်ပေးတာ အဆင်ပြေပါတယ် Face book မှာရှိနေတဲ့ သူတွေ
ဒီဝက်ဆိုဒ်ကိုမလာဖြစ်ပေမယ့် သင့်ရဲ့မျှဝေမှု ကြောင့် ဖတ်ရှုနိုင်မှာဖြစ်ပါတယ်
ဒါကြောင့် ဘလော့ဂါတွေက ထည့်လိုက်ပါ စာဖတ်သူတွေကလည်း ကြိုက်နှစ်
သက်တဲ့ စာစု ကဗျာ နည်းပညာ လေးတွေကို  Gamil ကိုနှိပ်၍ လည်းကောင်း
Face  Book Icon လေးကို နှိပ်၍ လည်းကောင်း ထပ်ဆင့် မျှဝေ  ပေးကြပါလို့ 
ပြောကြားရင်း ထည့်ချင်တဲ့သူများ  ထည့်ကြစေရန် ဖော်ပြပေးလိုက်ပါ၏......။
ဒီဝက်ဆိုဒ်မှာသွားလုပ်ပါ   http://www.addthis.com
မြန်မာပြက္ခဒိန်လေးနဲ့ မြန်မာစံတော်ချိန်နာရီကို ဘလော့မှာ ထည့်ချင်ရင်
မိမိတို့ ရဲ့ ဘလော့လေးမှာ  မြန်မာပြက္ခဒိန် ရက်စွဲလေး ထည့်ထားချင်ရင်တော့
ပေးထားတဲ့   ဒေါင်းလုပ်ဖိုင်ကို ယူပြီး ထည့်လိုက်ပါ  ရက်စွဲကတော့ မမှန်ဘူးဗျ
ကိုလည်းမလုပ်တတ်တော့ သူများရေးပြီးသားယူသုံးရတာ   တစ်ရက်စောနေ
သလားလို့  မတတ်နိုင်ဘူးလေ  ရှိနေတာကိုက လလောက်တော့ မှတ်မိလွယ်
သလားလို့   တစ်ခါတလေ ဘယ်လ ရောက်မှန်းမသိဘူး အဲ့တော့ ထည့်ချင်တဲ့
ဝါသနာတူလေးတွေ  ထည့်ချင်ရင်  ဆွဲကြပေတော့.မြန်မာပြက္ခဒိန် မူရင်းဆိုဒ်
ကိုရောက်တဲ့လင့်ပါ  ပါတယ်နော်အဲ့ဆိုဒ်မှာဆိုရင်တော့ မှန်တယ်အားလုံစုပြီး
ထည့်ထားတာ ကျနော့ဆိုဒ်မှာနမူ နာကြည့်ကြည့်ပါ.....................................။
ဒီမှာ Download ယူလိုက်ပါ  မြန်မာပြက္ခဒိန်နဲ့  နာရီ
Sunday, December 11, 2011
မြန်မာပြက္ခဒိန်ကြည့်ဖို့ နဲ့  မြန်မာတွေရဲ့ မြန်မာပြက္ခဒိန်အကြောင်းကို သိစေဖို့ 
မြန်မာပြက္ခဒိန် အကြောင်း သေချာမသိဘူး ဒီဆိုဒ်လေး ရောက်မှပဲ သေချာသိ
ရတော့တယ် အခုလိုလုပ်တဲ့သူ ရှိလို့ ပဲတော်သေးတယ် ဒို့ မြန်မာ ပြက္ခဒိန်ကို
သေချာ မသိခဲ့ဘူး မြန်မာပြက္ခဒိန်ကြည့်ဖို့ ရယ် သမိုင်းကြောင်းလေးသိစေဖို့ 
ဆိုပြီး ဒီနေရာလေးကနေ သူငယ်ချင်းများသို့ မျှဝေလိုက်ရပါကြောင်း..........။
ဒီမှာဖတ်ကြည့်ပါ   http://www.myanmarcalendar.org/
Thursday, December 8, 2011
Excel နဲ့  Word တွဲဖက်ပေါင်းစပ် အသုံးဝင်ပုံလေးတွေ (သေချာတော့ဖတ်ပါ)
စကားအထူးနေနဲ့    တံတားဦးက ကွမ်းနုဝါ အဲမှားလို့  စာရင်းဇယားပိုင်းဆိုင်ရာလေးတွေကို 
သူငယ်ချင်းတွေ သိသလောက် အွန်လိုင်းကနေ မျှဝေ ပေးကြည့်ချင်တဲ့စိတ်ဖြစ်နေတာတော့ အလုပ်စ၀င်ကထဲကပါ အလုပ်ထဲမှာ ၀င်ခါစဆိုတော့ မသိနားမလည် တာလေးတွေ ကြုံရပါ
တယ် အဲ့လိုအတွေ့ ကြုံနဲ့  ပညာရခဲ့တာလေးတွေကို အခြေခံပညာသင်လေးတွေ ဗဟုသုတ
ရပါစေခြင်းအကျိုးငှာ ကိုယ်စီကိုယ်ငှ ဆိုင်ရာပိုင်ရာ အခန်းကနေ လက်လှမ်းမီရာ ရေးကြစေ
လိုပါတယ် ဒါမှ နောက်လူတွေ အသိပညာ အတတ်ပညာ အလွယ်တကူ ရှာဖွေ ဖတ်ရှုနိုင်မှာ
ဖြစ်ပါတယ်......။
အလုပ်ဝင်ခါစက ၀တ္ထု စာအုပ် 2အုပ်စာလောက် ရှိတဲ့ ISO ဖိုင်ကြီးကို page maker ကနေ
Excel ကိုပြောင်းရ ခက်တယ်ဆိုတဲ့ အကြောင်းကြောင့် အားလုံးကို Excel နဲ့  ပြန်ရိုက်ပေးခဲ့ရ
စာရင်းတွေ Flow chart တွေ အားလုံး တစ်လကျော်လောက် စာရိုက်တာနဲ့  သင်တာနဲ့ ပညာ
အတော်လေးရပါတယ် ကွန်ပျုတာအခြေံမတက်ခဲ့ဘူးလည်း သင်ပေးလို့ လွယ်ပါတယ် 10တန်း
မအောင်တဲ့သူတောင် တတ်အောင်သင်ပေးခဲ့ဘူးပါတယ် တတ်ချင်တဲ့သူက လေ့လာရင် တတ်
နိုင်သလို သိခဲ့တတ်ခဲ့တဲ့ သူတွေကလည်း လေ့လာချင်တဲ့သူတွေ လေ့လာလို့ ရအောင် အမှတ်
တရ ရေးသား မှတ်တမ်းတင်ခဲ့ကြမယ်ဆိုရင် အတိုင်းထက်အလွန် (နောနော် သီချင်းမဟုတ်ပါ)
 အဲ့ကြောင့် မှတ်တမ်းထဲက မှတ်တမ်းတစ်ခုဖြစ်တဲ့ မေမမ(စစ်တွေ) ရဲ့ သင်္ခန်းစာလေးကို လေ့
လာလိုသူများ လေ့လာသင်ယူနိုင်စေဖို့ မောင်(စွယ်စုံကျမ်း) မှတဆင့် မျှဝေလိုက်ရပါတယ်....။
မေမမ(စစ်တွေ)ရဲ့ ပထမဆုံး ရေးသားခြင်း ဖြစ်တာရယ် မောင်(စွယ်စုံ)ရဲ့ တည်းဖြတ်မှု မကောင်း
တာရယ်ပေါင်းပြီး အမှားယွင်းပါနေခဲ့သည်ရှိသော် မေးလိပ်စာများနဲ့  မေးမြန်းအကူညီတောင်းနိုင်
ပါတယ် မေးလိပ်စာကတော့ ပိုင်ရှင်ခွင့် ပြုချက် စောင့်ရမှာမလို့  ဒီပို့ စ်မှာ မရေးပေးနိုင်တော့ပါ
နောက်ပိုင်း လေ့လာမှတ်သားချက်တွေကို ဆက်လက်တင်ပြပါအုံးမယ်ဖြစ်ကြောင်းပြောကြားရင်း
မေမမ(စစ်တွေ)ရဲ့ တင်ပြမှုကို လေ့လာလိုက်ကြရအောင်နော်.(.စကားသံက တိုင်းရင်သူ လေသံ
နဲ့  ရေးထားတာမလို့  စာလုံးပေါင်းလွဲတာ မဟုတ်ပါဘူး...) 
ပြန်ပြင်ဖို့  အချိန်မရတာကြောင့်မေးထဲကပို့ လာတဲ့ Word မူရင်းအတိုင်းပဲ တင်ပေးလိုက်ပါတယ်
ဖတ်ခဲ့ဖူးတဲ့ စာ စပ်ဆိုခဲ့တဲ့ကဗျာ တွေ့ ကြုံခဲ့တဲ့ သင်္ခန်းစာ နည်းပညာတွေကို မျှလိုပါက လေးနက်
စွာ အကြီးအကျယ် ကြိုဆိုပါတယ်ခင်ဗျာ မောင်(စွယ်စုံကျမ်း) မှတဆင့် အတူတကွရေးသားမျှဝေ
ဖို့ ဖိတ်ခေါ်ပါတယ် zwmnna@gmail.com ကို ဆက်သွယ်နိုင်ပါကြောင်း www.zwmnna.com
တယ် ..သိပြီးသားဆိုရင်လည်း နော်ကပြောမှာပဲးးးးးးးးးးးးးးး....။
Step(1) word နဲ့ execle ကိုဖွင့်ပါ ဘယ်လိုပဲဖွင့်ဖွင့်နော်(ကိုယ်လိုတတ်ဇယား
တော့ဆွဲပါနော်) နော်လိုချင်တာက execle ထဲက sp find ပါ အဲမှာထည်ချင်
တာပါ ။
Step(2)  စာရင်း စရိုက်တာနဲ့ word မှာရိုက်ပါတယ်။ word မှာကိုယ်လိုတတ်ဂဏန်းရိုက်ပါတယ် ပီရင် အပေါ်ဘားက small letter above the line of text (or) small below the text နှစ်က တစ်ခု ကိုယ်ရေးချင်တာကို ကလစ်ပီ မြန်မာလို ဖြစ်ဖြစ် အင်္ဂလိပ်လို ဖြစ်ဖြစ်ရိုက်ပါ ကိုယ်လိုသလိုပေါ့နော် ပီရင်ကိုယ်စာရင်း ဖြစ်တတ် execle ထဲမှာကော်ပီကူလိုက်ပါ ctr+c(copy) နှင့် word ထဲက ကော်ပီ ယူပီ execle ထဲမှာ ctr+v(past)နဲ့သွားပါ။
Step(3) ဒီအချက်က အရေးကြီးဆုံးအချက်ပါ ပုံမှာ ပြထားသလိုပါပဲ execle ဇယားထဲမှာ ကူတတ်အချိန်ကျရင် ကိုယ်ကော်ပီလုပ်မဲ့နေရာမှာ select ပေးရပါမယ် အဲ select ပေးတတ် နေရာမှာ ကာဆာ ပေါ်ရင် ကော်ပီကူးလိုမရပါဘူး ပုံမှာပြထားတယ်နော်
Step(4) ကဲပုံမှာပြထားသလိုပဲရပီနော် (သိပြီးသာဖြစ်ရင်လဲ ခွင့်လွတ်ကြပါလို့ .....)
                                                    ခင်မင်စွာဖြင့်  ......  မေမမ(စစ်တွေ) 
ရင်ဝှက်မှတ်တမ်း
အာဒံနဲ့ ဧဝတော့မဟုတ်ဘူး.......
ဒါပေမယ့်.............
ပန်းသီးလေးတွေ အတူတူစားရင်း
အဆုံးမရှိတဲ့ ပင်လယ်ပြင်ကြီးကို
ငါတို့ အတူ ထိုင်ငေးကြည့်ခဲ့ ဘူးတယ်.............။
ငါ....မှတ်မိနေသေးရဲ့.......
ထီးကလေး တစ်ချောင်းအောက်
နှစ်ယောက်တွဲ လမ်းလျှောက်တဲ့ အချိန်
ဒီကမ္ဘာပေါ်မှာ နှစ်ယောက်ထဲ
ပတ်ဝန်းကျင်ဆိုတာ မြူတစ်မှုံစာပဲ မြင်ခဲ့တယ်...............။
နှစ်ယောက်အတူ လက်တွဲလို့
လူ့ လောကထဲ ရင်ဆိုင်ရဲလားလို့ မေးလိုက်တိုင်း
နင်ကစပြီး ဆုပ်ကိုင်ခဲ့တဲ့ ငါ့လက်တစ်စုံ
ပြီးတော့.........
“မ“ ကို မယုံဘူးလားလို့ သူမေးခဲ့သေးတယ်..............။
2009 ထဲကနေ့တစ်နေ့
ငါ.....
ခုထိမမေ့ သေးပါဘူး ချစ်သူ.............။
တပါးသူရဲ့ ရင်ခွင်
ခိုဝင်ကာ နင်မှေးစက်
ငါ့ မျှော်လင့်ချက်တွေကို ဖျက်ခဲ့တယ်...............။
ရင်ထဲမှာလေ......
အကျည်းတန် သတိရမှု တစ်ချို့ကို
သက္ကရာဇ်တွေက မေ့ပျောက်အောင်
ဝါးမြို မစားသောက် နိုင်ခဲ့ဘူး.....................။
အထီးကျန်သူအတွက်
အဖိုးတန်တဲ့ ဆုတစ်ခုကို တောင်းပါဆိုရင်
သူစိမ်း ပြင်ပြင် ဆက်ဆံရေးနဲ့
ငါတို့..............
ဘယ်တော့မှ ပြန်မဆုံကြေးပေါ့ ချစ်သူရယ်...................။
                                                                                 ညီညီ (မြန်အောင်)
Wednesday, December 7, 2011
ဝင်ချိန်စောတဲ့ နေ
ငါ့ ကိုမှကြည့်လို့ မရတဲ့  နင်
နင့် ကိုမှကြည့်လို့  မဝတဲ့  ငါ
နှစ်ဦးကြားပြိုင်မျဉ်းနှစ်ကြောင်း ဘယ်တော့မှမဆုံဘူးလို့ 
နင် ပြောခဲ့ပေမဲ့
အချစ်ဆိုတာတဲ့အရာ တစ်နေ့ တစ်ချိန်ဆုံနိုင်ကောင်းတယ်လို့ 
ငါ့ အတွက်မျှော်လင့်ခြင်းဆိုတာတွေ မယိုင်လဲခဲ့ဘူး
ငါ့ အတွက်ဆို ပစ္စုပ္ပန်ကို
အခါခါရိုက်ဖျက်နေတတ်တဲ့ နင်
နင့် အတွက်ဆိုအနာဂတ်တွေအကြိမ်ကြိမ်တည်ဆောက်နေတဲ့ငါ
အချစ်ကြောင့်မသေလောက်ပါဘူးလို့ နင်ပေးခဲ့တဲ့ဥပက္ခာတွေ
ငါ ကျေနပ်ခဲ့တယ်
အချစ်ကြောင့်တော့မသေနိုင်ပေမဲ့ 
ငါ သေလောက်အောင်တော့နင့် ကိုချစ်တယ်
နင့် မျက်စောင်းတွေ ငါခံနိုင်တယ်....
နင့် ပြတ်လုံးတွေ ငါခံနိုင်တယ်....
နင့် ဥပက္ခာတွေ ငါခံနိုင်တယ်....
နင့် အတွက်ဆိုရင် တုန့် ပြန်မှုအားလုံး ခံနိုင်ရည်ရှိပါတယ်
ဘာကြောင့်လဲ.....
နင် နဲ့ ပတ်သက်တဲ့ နှုတ်ဆက်ခြင်းဆိုတာတွေတောင်
နောက်ဆုံး ငါ မရနိုင်ခဲ့တာ
တုန်ခါနေတဲ့ ဟောဒီ့ရင်ဘတ်အတွက်
ရက်စက်တယ်”ဆိုတဲ့ စကားလုံးကို
ငါ နင့်အတွက်ယူမသုံးရက်ပါဘူး
အခုတော့-
ငါ့ အိမ်မက်တွေ ပျက်သုဉ်း
မျှော်လင့်ချက်ဖရိုဖရဲတွေနဲ့ 
ငါ့ နှလုံးသားကို ငါ
အကြောင်းပြချက်ပေးဖို့  စကားလုံးရှာမရသေးဘူး
ဘာကြောင့်ဖြစ်ဖြစ်....
တခြားတစ်ယောက်ကိုချစ်သွားတဲ့ နင်
ငါ....
အပြစ်မတင်ပါဘူး
ကံကိုလည်းမရိုးခဲ့ပါဘူး
တကယ်တော့-
အချစ်ဆိုတာ ငါ့ အတွက်တော့
နေဝင်ချိန်တွေ စောခဲ့တာပါ      ။          ။
                                                                               လေလွင့်လူ(ကမာမြေ)   
မှန်ပေါ်ထင်ချင်တဲ့အရိပ်
အမှောင်နယ် အရောင်ခြယ်လည်း
အရောင်ပြယ်ရုံထက် ဘာပိုလာမှာလဲ
သီအိုရီမှားပုစ္ဆာတွေအတွက် ထပ်တူကြဖို့ ဆိုတာ
ဘောင်ကျော်တဲ့စိတ်ကူးတွေပါ
ပန်းပျိုးလက် ပန်းမခူးရအဆိုတိုင်းထားရင်
အလှနဲ့ ပန်းနွမ်းရုံရှိမှာပေါ့
ပန်ဆင်သူအလှအတွက် ခံစားချက်မထည့်တွက်
ငဲ့ကွက်မှုမရှိဘူး အပြစ်သဘောဆိုချင်လည်းဆိုလိုက်ပါတော့
နဂိုအရင် လိုချင်လျက်
ဆန္ဒတစ်စုံအနားကပ်သိမ်းထားခဲ့တာပါ
စိမ်းကားခြင်း အခါခါ အရာရာတိမ်းပါးမှုအောက်
ကျရှုံးခန်းတွေ အသက်မသွင်းချင်တော့ဘူး
ခပ်ပြင်းပြင်းသာ ရိုက်ခတ်သွားပါ
ပြတ်တောက်မှုရာဇဝင်အတွက်
တင်းခံပေးမထားရင်
ဂီတာတစ်လက်ရဲ့ သံစဉ်တွေ
ရှိလာနိုင်စရာအကြောင်းမရှိဘူး
ရိုက်သွင်းလိုက် ပြန်နုတ်လိုက်
တူတစ်ချောင်းလို စိတ်ကြိုက်သာလုပ်ပါ
ခံနိုင်ရည်ဆိုတာတွေနဲ့  တောင့်ခံပေးထားပါမယ်
အဖြည့်ခံတဲ့လား...
အရာရာ အမှားလို့ မမြင်ပေးခဲ့တာ
အထင်သေးတဲ့အကြည့်အောက်
ထိရောက်မှုအခါခါလာလည်း
နာကျင်ခြင်းတွေ မေ့ဖျောက်ထားတာပါ
သက်ရောက်မှုတိုင်းမှာ တန်ပြန်မှုတွေရှိနေမယ်ဆိုရင်
တစ်ခုပဲလိုချင်ပါတယ်
မင်းဆီကအချစ်ဆိုတာတုန့် ပြန်လာနိုင်မယ့်
တစ်နေ့ ကိုပေါ့......။     ။
                                                             လေလွင့်လူ(ကမာမြေ)
Sunday, December 4, 2011
လရိပ်ရဲ့ ညအိပ်တေး
ဖျောက်ဆိတ်ကြယ်တသင်းနဲ့ 
ချစ်ခြင်းတွေခင်းခဲ့စဉ်က
မရင်နှီးတဲ့ ဒဏ္ဍာရီတွေ ဖတ်ခဲ့ဖူးတယ်
ခေတ်အကြောင်းကောင်းကောင်းမသိတော့
ပိုးကတီပါနှင့်ရွှေထီးပဲဆောင်းရတော့မလိုလို
စုန်ဆန်ပျော်မြူး စမ်းကူးငါးအသွင်
ဘယ်နေရာအမှားတွေဆိုတာကိုမမြင်.....။
အိပ်မက်တွေချစားသွားတော့မှ
ပျားရည်ဆမ်း နှုတ်ခမ်းတစ်စုံ
အထိတ်တလန့် တွေ့ လိုက်ရတယ်
ရင်လွဲအချစ်တို့ ရဲ့ နင်းဖြတ်ခြင်းခေါင်းစဉ်အောက်က
နိမ့်မြင့်လွဲတံတားတစ်စင်းရဲ့ 
ငိုကြွေးခြင်းအက်ကွဲကြောင်းရာဇာဝင်တွေရှိတယ်
အပျံသင်ဌက်တစ်ကောင်ရဲ့ 
ခရီးသွားမှတ်တမ်းတွေရှိတယ်
ဒီ့ထက်ပိုပြီး
ရင်ခွင်မှာဗလာပဲရှိတယ်....။
တုမရဆုံးက ယုယအပြုံးတွေနဲ့ 
အသက်ရှုသံတွေဘက်တုပြန်ဖို့ ထပ်တူမချန်ပေးခဲ့ ဘူး
ကြုံကြိုက်သေးတော့လည်း ဆုံလိုက်သေးတာပေါ့
အခုတော့...
သန်းခေါင်းထက်တော့ညဥ့်နက်နေပါလား
အိပ်စက်ခြင်းတွေအပိုင်သိမ်း
မယိုင်သေးတဲ့ ဒီစိတ်
ရစ်မူးနေလိုက်တာ
ကဗျာပေါ်လာနားတဲ့ လရိပ်တောင်
တရေးအိပ်ရောပေါ့.......
                                     လေလွင့်လူ(ကမာမြေ)
Friday, December 2, 2011
စာစီစာရိုက် ရုံးပိုင်ဆိုင်ရာစာရင်းဇယား သမားများအတွက် နည်းလေးတစ်ခု
စာမျက်နှာတိုင်း ရက်စွဲ စာအမှတ်စဉ် ပါအောင်လုပ်တဲ့နည်းကိုတော့ မရေး၇တေးဝူးလို့ 
ဒီနည်းလေးကတော့ စာတွက်စာတမ်းတွေ အများကြီး Print ထုတ်တဲ့အခါ အသုံး
ဝင်ပါတယ် ဥပမာ အလုပ်သမား လူဦးရေ စာရင်းဆိုပါတော့ A4 တစ်ရွက်ထဲမှာ
လူ အယောက်တစ်ရာ မဆန့် ဘူးလေ အနဲ ဆုံး A4 သုံးရွက် ပေါ့ အဲ့မှာစာရင်း
တစ်ခုဆို အမှတ်စဉ် အမည် နေရပ်လိပ်စာ မှတ်ပုံတင်အမှတ် စသဖြင့် စာရင်း
အပေါ်က Index လေးတွေကို Print ထုတ်ရင် ထုတ်တဲ့အရွက်တိုင်းမှာ ပါအောင်
Page setup ကနေ လုပ်ယူရပါတယ် အဲ့ကြောင်မသိသေးသူများသုံးရအောင်
အသေးစား ပညာလေးတစ်ခု မျှဝေလိုက်ပါတယ် Print Perview ကိုနှိပ် Page
Setup ကိုတွေ့ မှာပါ 2003 မှာ File ကနေသွားရမှာ အဆင်ပြေသလိုသုံးကြည့်
ပါ ဒီနည်းလေးကတော့ ချစ်သူဟန်ဂျီအင်း မေးထားတာပါ သူ့ ဆီတော့ မေးက
နေပို့ ပြီးပီ   သတိရလို့ မသိသေးတဲ့ အခြေခံပညာသင်လေးတွေကို ဒီနေရာက
နေ မှဝေလိုက်ပါတယ်.........။
Thursday, December 1, 2011
နှင်းဆိပ်သင့်အက္ခရာ
ငါမြတ်နိုးတဲ့  မိန်းမတွေထဲ
ငါထိုးထည့်ခဲ့တဲ့  မေတ္တာတရား
နေရပ်လိပ်စာ အမြဲမှားခဲ့   ...။
ဝါဒလွန်  သီချင်းတစ်ပုဒ်နဲ့
ရောပြီး  ပေါက်ကွဲလိုက်တော့လည်း
အပိုင်းစ  တစ်ခုအဖြစ်သာ  အဖတ်တင်ခဲ့
လွမ်းတဲ့ အကြောင်းပြောဖို့
လျှာဖျားမှာတင်  သေသေသွားတဲ့ စကားလုံးမှာ
ငါတွေဝေလို့ ကောင်းနေတုန်းပေါ့ကွာ။
ငါ့အယူဆဟာ   ငါ့ရဲ့တောအုပ်
ငါ့အတွေးက     ငါ့ရဲ့    လမ်း
နားထောင်လို့ကောင်းပြီး
မှတ်တမ်းတင်ဖို့မကောင်းတဲ့ဝါကျတွေ
အသုံးမကျတဲ့သစ်ပင်တွေလိုပွားလာ 
ဒါ လူ့လောကပဲဖွင့်ထားတဲ့တံခါးကနေ
အလိုက်သင့်ကလေးဝင်လာ။
လက်ဖက်ရည်တစ်ခွက်ရှိရင်သေပျော်သူနဲ့
ကွန်ပြူတာကိုင်ရရင်ရှင်ပျော်တဲ့မိန်းမတစ်ယောက်
ပေါင်းလိုက်ရင်ဘာဖြစ်မလဲ
အခု သစ္စာဖောက်တွေရဲ့ကောင်းကင်မှာငါကဘာလဲ
သူရဲကောင်းတို့မြေပြင်မှာ
ဖိနပ်ကလေးတစ်ရံဖြစ်ချင်ခဲ့သူပါ
ငါဟာ  ငါ့တောအုပ်ထဲမှာ
ငါ့လမ်းမပေါ်မှာ
ငါ့လှည့်ကွက်နဲ့ငါ
ငါ့မပြည့်စုံခြင်းနဲ့ငါ
ငါ့နှင်းဆိပ်သင့်အာရုံများနဲ့ငါ
ငါ့ဝင်္ကပါနဲ့ ငါ
ငါ  မျက်စိလည်ခဲ့ပြီ။   ။
အောင်မှူးဝေ
1.12.2011
Miscrosoft Word မှာ Excel ကဲ့သို့  စာရင်းဇယားများရေးဆွဲနည်း
Word နဲ့ Excel မှာ ဆိုရင် Word က ပိုပြီး တွင်ကျယ်လာပါတယ် Excel က စာရင်းလုပ်တာချည်းပဲဆိုရင်ကောင်းပေမယ့် တချို့ စာရင်းအသေးစားလေးတွေမှာ စာနဲ့ တွဲပြီး ရောနေရင် (သို့) စာတွေများပြီး ဇယားကွက်နဲ့ စာရင်းဆွဲတာ နည်းရင် Excel ထက် Word နဲ့ သုံးရတာပိုပြီးသင့်တော်ပါတယ်။ Word ထဲမှာ စာရင်းလုပ်ဖို့ ဇယားကွက်ချမယ်ဆိုရင် သာမာန်အားဖြင့်တော့ (+) , (-) , (x) , ( / ) လုပ်ရတာ အဆင်မပြေနိုင်ပါဘူး။ ဒါပေမယ့် အခု 2007 နဲ့ ဆိုတော့ Word ထဲမှာ Excel ဇယားဆွဲဖို့ အဆင်ပြေပါပြီ။
Word မှာ စာတွေရိုက်ပြီးလို့ ဇယားဆွဲရတော့မယ်ဆိုရင် Enter (၂)ချက်လောက်ခေါက်လိုက်ပါ။ ဒါက ဇယားနဲ့ မကပ်စေချင်လို့ပါပဲ။ ပြီးရင် Insert ကနေ Table - ကိုနှိပ်လိုက်ရင် Excel Spreadsheet ဆိုတာလေးကို ရွေးနှိပ်လိုက်ယုံနဲ့ Excel ဇယားဟာ အလိုအလျှောက် မိမိ ယခုအသုံးပြုနေတဲ့ Word File ထဲမှာ ရောက်လာပါလိမ့်မယ်။ ဒါဆိုရင် ကိုယ်လိုသလို ဇယားနဲ့ စာရင်းလုပ်နိုင်ပါပြီ။
ကိုယ်လိုသလိုအသုံးပြု စာရင်းလုပ်ပြီးရင်ဇယားရဲ့အပြင်မှာ ကလစ်တစ်ချက်နှိပ်လိုက်လျှင် လိုချင်တဲ့ဇယားတခုပဲကျန်ခဲ့ပါလိမ့်မယ်။ ဇယားမှာ ပြင်စရာတခုခုရှိခဲ့ရင်တော့ ဇယားပေါ်မှာ Double Click လိုက်ပါ။ ဒါဆိုရင် Excel ဇယားကွက်ပြန်ဖြစ်လာပါလိမ့်မယ်။ Word က စာကြောင်းညှိရတာလည်း ပိုလွယ်ကူ ပါတယ်။
 ပထမဆုံးစာကြောင်းကို နောက်နည်းနည်းကွာချင်ရင် စာကြောင်းထိပ်မှာ ကလစ်တချက်ချပြီး First Line Indent ( စာရွက်အပေါ်ဆုံးထိပ်က ပေတံ မှာ တြိဂံအတုံးလေးနှစ်ခု ကြက်ခြေခတ်ထားတဲ့ပုံ) ကို အပေါ်ပိုင်းလေးကနေ လိုသလောက်ဖိဆွဲယူပါ။ (တခုပြောချင်တာက စာမရိုက်ခင်မှာ Justify (Ctrl + J) လုပ်ထားဖို့တော့ လိုပါတယ်။ သုံးကြည့်ပါ ကောင်းမယ်ထင်လို့ ရေးပေးလိုက်တာပါ။ သိတဲ့သူ သိသလို မသိတဲ့သူတွေလည်းရှိမှာပါ။ မသိတဲ့သူတွေသုံးတတ်အောင် သုံးကြည့်ပါ အကျိုးရှိပါတယ်။ဒါပေမယ့် စာရင်းဇယားတွေများရင်တော့ Excel ကပဲပိုပြီးသင့်တော်ပါတယ်။
                           ရေးသားမျှဝေသူ.....ရစ်မမ (နေပြည်တော်)
 အခုလိုရေးသားမျှဝေပေးသော ရစ်မမ ကို ကျေးဇူးအများကြီးတင်ပါတယ် 
မည်သူမဆို ပေးပို့ မျှဝေလိုပါက ဒီဝက်ဆိုဒ်လေးမှာ လာရောက်ရေးသားနိုင်
ပါကြောင်း မောင်(စွယ်စုံကျမ်း) မှ ဖိတ်ခေါ်ပါတယ်ခင်ဗျာ... စာရင်းဇယားပိုင်းနဲ့ 
ပတ်သက်၍ ရစ်မမ မှ ဆက်လက်မျှဝေပေးဖို့ ရှိကြောင်း..သတင်းကောင်း.......။
ဒီဇင်ဘာလမ်းခွဲ
၂၀၀၄ရဲ့ ဒီဇင်ဘာ...
ခမ်းခြောက်ခြင်းအိပ်မက်မြစ်တို့  မြစ်ဖျားခံရာ
တက်မစုံ လက်တစ်စုံနဲ့  လှော်ခတ်ရင်း....
လ မလင်းတဲ့  ကြယ်တလင်းရဲ့  စစ်ပြင်ထက်က
ဒဏ်ရာတွေဗလပွနဲ့  သေရာပါတွေ....
အလင်းသီကြိုးတွေ ပြတ်ခဲ့တဲ့ ကာလ
ခံစားချက်တွေ အပေါက်ကျဲကျဲနှင့်ဆယ်ယူ
ကယ်သူမရှိ တိုက်စားခံ နေ့ ရက်တွေ
တိမ်မြုပ်ပျောက်ရှချက်လွယ်နေတုန်း.....
ငါ ဆိုတာမသိတဲ့  ငါ.....
ဘာဆိုတာမသိတဲ့  ငါ.....
ဘဝအတွက်မြားချက်တွေ ပစ်ခွင်း
ဖြိုချလိုက်တဲ့  စကားလုံးအောက်
အကြိမ်ကြိမ် ခြေတော်ရင်းက မော်ဖူးခွင့်တောင် မကြုံခဲ့ဘူး
ငြင်းဆန်ခြင်းမဟုတ် ပြင်းထန်ခြင်းအားလုံးကတော့
သေမယ်ဆိုရင်တောင်သေလို့ ရတယ်
သံယောဇဉ်....
မေတ္တာ...
ချစ်ခြင်းတရား....
ပင်ယံထက်မလန်းမှတော့
မြေပြင်ပဲ ကြွေခွင့်ပေးလိုက်ပါပြီ....
မက်ခဲ့ တဲ့ အတိတ်ရဲ့ ညတစ္ဆေ
ကာလတော်တော်များတောင် လိပ်ပြာလွင့်နေရပါလား
တန်ပြန်ခြင်းအနားသတ်တွေပိတ်ဖုံး
အရိပ်သုံးပါးနားလည်ပေးရအုံးမှာတဲ့ လား....
ဒီရေကျကမ်းတင်ကျန်ချက်မှာ
ဒဏ်ရာရ ဖိနပ်ငယ်တစ်ရံ
ဆာလောင်မှုတွေ စတေးခံလို့ .....
ငါ ဆိုတာမသိတဲ့  ငါ.....
ဘာဆိုတာမသိတဲ့  ငါ.....
၂၀၀၄ရဲ့ ဒီဇင်ဘာ.....
အစအဆုံးတွေပြန်မမြင်ယောင်ချင်တော့ဘူး
အချိန်လွန် စာမျက်နှာတချို့ ကို
အပြီးသတ်ဆုတ်ဖြဲလိုက်ပါတော့လား
ဒီဇင်ဘာ.......။        ။
                                 လေလွင့်လူ(ကမာမြေ)
ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ
ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here