ပြီးဆုံးသွားတဲ့..ဇာတ်လမ်း...
လွမ်းခန်းဆိုတာ မရှိဘူး.......၊၊
အမြင်မကြာ လှတဲ့...
တဒင်္ဂ ခဏလေးမှာ...
နင့်ရဲ့ အပြုံးတစ်ချက်...
ငါ့..နှလုံးသားမှာ..အိပ်မက်မက်ခဲ့ ဘူးပါတယ်......၊၊
ချစ်တယ်လို့ ပြောရင်..
ရိုင်းတယ်ထင်တဲ့ နင့်အတွက်..
ငါ့..နှုတ်ဖျားက စကားလုံး...
အမုန်းနဲ့ သီကုန်းဘို့ ကြိုးစားရင်း...
ငါတို့ သူငယ်ချင်းပေါ့.......၊၊
မဝေးခင်ကတည်းက..
ဆွေးခဲ့ရဘူးတယ်......၊၊
မလွမ်းခင်ကတည်းက...
နွမ်းခဲ့ရဘူးတယ်.....၊၊
မဝေခင်ကတည်းက..
ကြွေသွားခဲ့တဲ့ ဒီပန်း...
ဘယ်သူနမ်းနမ်း...
ဘယ်လိုနွမ်းနွမ်း....
ဒီဇာတ်သိမ်းခန်း...
ငါမပါ မှန်း သိလိုက်တယ်..............၊၊
ညီညီ(မြန်အောင်)
0 မှတ်ချက်:
Post a Comment