Saturday, April 23, 2011

အသုံးမကျ သေးတဲ့ ငါ

နင့်အတွက်အသုံးမကျတဲ့ ငါ့ကို
အလကားကောင်လို့  ပြောလိုက်ပါ
နင်အထင်သေးတဲ့ ငါက
ဖြေရှင်းချက်ဆိုတာမရှိုးဘူး
အတူနေဖို့  နင့်ဘက်ကတောင်းဆိုလည်း
ငါ့ ဘက်ကအဆင်သင့်မဖြစ်သေးဘူး
နင်ပြည့်စုံပေမယ့်ငါမှမပြည့်စုံသေးတာ
င့ါဒူး ငါ ချွန် ငါခြေထောက်ပေါ်ငါရပ်ပြီး
နင့်ကိုစိတ်ချမ်းသာအောင်ထားချင်တာ
ငါ့စေတနာနဲ့  ငါ့မာနပါ.........
ငါ့ ရည်မှန်းချက်နဲ့ ငါဘဝ ကိုနင်နားလည်ပေးပါ
ဘယ်အချိန်ထိလဲ့ လို့ နင်မေးပေမယ့်
ငါဘက်ကအဖြေမရှိသေးဘူး......................
ငါနင့် ကိုချစ်ခဲ့ တာစိတ်ကစားရုံ သက်သက်မဟုတ်ဘူး
တဘဝလုံးအတွက်ရည်ရွယ်ပြီးချစ်ခဲ့ တာ...............
မိန်းကလေးဖြစ်လျှက်နဲ့ 
နင့်ဘက်ကတောင်းဆိုတာကို
ငါဘက်ကမဖြစ်နိုင်သေးတဲ့အတွက်
ငါ့ဘဝကိုငါစိတ်နာတယ်........................
သိပ်မကြာခင်မှာနင်နဲ့ နီးဖို့ ငါကြိုးစားနေတာ
ဆိုး ရွားတဲ့  ကံကြမ္မာရောက်မလာဖို့ ပဲ
ငါဆုတောင်းတယ်.......
ငါဖြစ်ချင်တာတွေ ဖြစ်ခွင့် ရတဲ့ နေ့
အဲ့ ဒီနေ့ကျ၇င် နင်နဲ့ အတူတွဲ
လောကကြီးထဲမှာလေ နင်နဲ့ ငါ
လောကီ လောကုတ်တရားတွေ
အတူဆောင်ရွက်ကြရအောင်လေ...............
အခုတော့ ...........
ရည်ရှည်နီးဖို့ ခဏဝေးရတာကို
နင်နားလည်ပေးပါ
ငါ့ အိမ်မက် ငါ့ ကမ္ဘာထဲမှာ
နင်တစ်ရောက်ထဲ ရှိတာပါ...........။
                                      ဖိုးခွားလေး(ကော့မှုး)
 


0 မှတ်ချက်:

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here