Wednesday, April 27, 2011

ကဗျာချစ်သူများအတွက်..ခိုင်

လွမ်းတယ်လို့တစ်ခွန်းပြောတိုင်း
ပန်းတွေပွင့်မယ်ဆိုရင်
ငါ့နှလုံးသားတစ်ခုလုံး
ပန်းခင်းကြီးဖြစ်နေလောက်ပြီ .....ခိုင်

အရင်ကတွေးခဲ့ဖူးတယ်
နင်နဲ့မတွေ့ဖြစ်တော့ရင်ဆိုတဲ့အသိမျိုးပေါ့...
အတွေးနဲ့တောင် နာကျင်ခဲ့ရတာအသေအလဲ
အခုလိုလက်တွေ့ရင်ဆိုင်ရတော့
နေ့ရက်တွေတိုင်းဟာ အဓိပ္ပါယ်မဲ့ခဲ့ရပြီ......ခိုင်

ဆတ်ဆတ်ထိမခံတဲ့နင့်ရဲ့မာနနဲ့
အလျှော့မပေးတက်တဲ့ငါ့ရဲ့အတ္တတွေကြောင့်
တစ်ယောက်နဲ့တစ်ယောက်
မြင်နေခွင့်လေးတောင် ဆုံးရူံးခဲ့ရပြီ...ခိုင်

 ကြာရင်မေ့မယ်ဆိုတဲ့စကား
ရင်ထဲမှာ ခါးသွားတယ် ခိုင်
အိမ်မက်ထဲမှာတောင်
မျက်ရည်ဝဲအောင်လွမ်းခဲ့ရတဲ့အဖြစ်တွေကို
နင်မြင်စေချင်ရုံလေးပဲ ..မြင်စေချင်တာပါ...ခိုင်

အနားနားမှာနေပြီး
ခဏခဏ ရှာနေရတာထပ်စာရင်...
အဝေးကနေ  နီးနီးကပ်ကပ်
ထာဝရ သတိရနေနိုင်တာကိုပဲ
ငါကျေနပ်ပါတယ်...ခိုင်

မှတ်မိသေးတယ်...ခိုင်
ငါက နင့်အတွက် အဲလောက်အရေးမပါဘူးလို့ပြောခဲ့တာလေ..
အမှတ်တမဲ့လား တမင်တကာလားမသေချာပေမယ့်
ခုချိန်ထိ ငါ့ရင်ထဲမှာ  ဖွဲမီးလို ပဲ တမြေ့မြေ့
လောင်ကျွမ်းနေတယ်ဆိုရင်..
နင် ပြုံးနေအုံးမှာလားဆိုတာ  ငါသိချင်လိုက်တာခိုင်..

ငါက နင့်အတွက်အပျင်းပြေ ပါလို့
မကြာခဏပြောတက်တဲ့နင်
ငါ့ရင်ထဲကိုမမြင်တာလား
မမြင်ဟန်ဆောင်ပြိးပြောတာလား
ငါသေချာမသိပေမယ့် ...
နင့်ရဲ့စကားတစ်ခွန်းတိုင်းဟာ
ငါ့အတွက် ဓါးသွားတစ်မျှထက်တယ်ဆိုတာ
နင်မသိခဲ့လား..ခိုင်..

ငါ့အထင်တော့
နားလည်မှုဆိုတာ
နင်နဲ့ငါ့အတွက် အဖြေရှာမရတဲ့
မသိကိန်းတစ်ခုဖြစ်နေမှတော့
ဝေးကြဖို့လွဲပြီး ဘာများတက်နိုင်မှာလည်း ခိုင်...

နာကျင်အောင်အကြိမ်ကြိမ်ပြောလို့
ဒဏ်ရာမပေါ်ပဲ အတွင်းကြေကြေနေတဲ့
ငါ့နှလုံးသားတစ်စုံ ကို ဖောက်ထွင်းမြင်နိုင်ဖို့
နင့်မှာ စာနာမှုလေးတော့ ရှိဖို့လိုတယ်......ခိုင်

                                   အင်တာနက်တစ်နေရာ


2 မှတ်ချက်:

စံပယ်ချို said...

အများကြီးခံစားသွားပါတယ်...ခိုင်...အဲဟုတ်ပါဘူး
စွယ်စုံရေ

Anonymous said...

ခိုင် ^_^!

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here