မြစ်ကြီးငါးသွယ်၊မြစ်ငယ်ငါးရာတဲ့
ပေါင်းစုကာစီးဆင်းအမေ့ ချစ်ခြင်းတွေပေါ့…….။
အဆန်မရှိတဲ့မေတ္တာရေစီးဆင်းမှုဟာ
ဘယ်အခါဘယ်နေရာမှာမှမလျော့ခဲ့ပါဘူး
စလယ်ဝင်အိုးကနေပြည်ဝင်အိုးတိုင်ခဲ့ပေမယ့်
မယိုင်လဲပဲခိုင်မြဲနေတဲ့အမေ့မေတ္တတရားဟာ
ယူဇနာနှစ်သိန်းလေးသောင်းအထုရှိတဲ့
မဟာပထ၀ီမြေထုထက်နှစ်သာပါတယ်
ထက်ကောင်းကင်လင်းကာပြ
ကြယ်ပေါင်းစုံဝန်းရံခနေတဲ့
စန်းသော်တာဖိုးရွှေလထက်
ကိုးဆယ်ဆမကသာပါတယ်………..။
အမေဟာမြစ်တစ်စင်းဆိုရင်
အဲ့ဒီရေထုထဲကသတ္တ၀ါတွေဟာ
ငါတို့ တတွေပဲပေါ့…….။
ဖ၀ါးလက်နှစ်လုံးပခုံးလက်နှစ်သစ်မှ
လူလားမြောက်တဲ့အထိ
နေစရာဝတ်စရာစားစရာ
ပျော်စရာသံသရာခရီးးအထိ
ထီးဖိနပ်ရေဘူးအစုံ
ပြည့်စုံစွာဖန်းတီးပေးလို့ 
မြင့်မိုရ်တောင်းကြီးထက်ခေါင်းတစ်လုံးသာ
သမုဒ္ဒရာပင်လယ်ပြင်ထက်ကျယ်
အမေ့ရင်ခွင်ရယ်ပါ…………။
ဘ၀ရဲ့ဒဏ်ဘ၀ရဲ့မာန်
ကြံ့ကြံ့ခံနှလုံးသားမှာ
အရှုံးတရားကိုစစ်ဆင်
အမုန်းတရာကိုအပြစ်မမြင်ပဲ
အပြုံးတရားဆိုချစ်ခြင်းတွေနဲ့ 
မြစ်တစ်စင်းလိုရဲရင့်ခဲ့တော့
အမေဆိုတာသားတို့ သမီးတို့ အတွက်သူရဲကောင်းပါ..မေမေရယ် ။ ။
ကြက်ဥနဲ့ ခေါက်ဆွဲအပေါ်မှာ
သစ္စာမဖောက်တဲ့…….မောင်(ခေတ္တလူ့ ပြည်)အမေနေ့ အမှတ်တရရေးခဲ့သည်
1 မှတ်ချက်:
ဘာမှမဟုတ်ပေမယ့်လဲအိမ်ကိုလွမ်းနေတယ်
မေမေ ကိုလဲအရမ်းသတိရမိတယ်
Post a Comment