Wednesday, May 4, 2011
မိဘမေတ္တာ
အရင်းစိုက်ပြီး အမြတ်မယူတာ
 မိဘတဲ့ ..............................
 သွေးနဲ့ ၇င်းပြီး ချွေးနဲ့ မွေးခဲ့ တဲ့ မေမေ
 ဘယ်မေတ္တာ ဘယ်ဂရုဏာတွေက
 အမေ့ မေတ္တာကို မှီနိုင်ဦးမှာလဲ............
မြင့် မိုရ်တောင်ကြီးသော်လည်း
 မိဘမေတ္တာနဲ့  နိုင်းလိုက်ရင်
 ဇီးစေ့ မျှလောက်သေးငယ်သွားရတယ်...........
ယူဇနာ ၂၄၀၀၀၀ရှိတဲ့ ကမ္ဘာမြေကြီးအထူလည်း
 ဘယ်လောက်ပင်ကြီးသော်လည်း
 မိဘမေတ္တာနဲ့ နိုင်းလိုက်ရင်
 ဝါးရွက်မျှလောက် သေးငယ်သွားရတယ်
 မိဘမေတ္တာက ပိုလို့ ကြီးခဲ့ တယ်...........
သမုဒ္ဒရာပင်လယ်ကြီး
 ဘယ်လောက်ပင်ကျယ်သော်လည်း
 မိဘမေတ္တာနဲ့  နိုင်းလိုက်ရင်
 ရေစက်ပေါက်လေးမျှလောက်
 သေးငယ်သွားခဲ့ ရတယ်..................
ဘုရားရှင်က မို့ နှစ်လုံးဖိုးစလုံး
 အကျေဆပ်နိုင်ခဲ့ တယ်
 သားလည်းအမေ့ နို့ နှစ်လုံးဖိုးစလုံး
 အကျေဆက်နိုင်ဖို့  မမှန်းရဲ ပါဘူး
 အမေ့ မေတ္တာနဲ့  ဂရုဏာကို
 တုန့် ပြန်ရင်နိုင်ပဲ ကျေနပ်ပါပြီ....................
အရင်းစိုက်ပြီး အမြတ်မယူချင်နေပါ မေမေ
 အရင်းတော့ ပြန်ဆပ်ပါရစေ
 အမေ့ ကျေးဇူးတွေဆပ်ချင်လို့ ပါ..............
ဘုရားရှင်ကဟောထားတယ်
 မိဘနှစ်ပါးကိုလေ..............
 အလုပ်ကျွေးပြုစုနိုင်ရဲ့ သားနဲ့ 
 ကျေးဇူးမဆပ် အလုပ်ကျွေးမပြုစုတဲ့ သူတွေကိုလေ
 လူရုပ်မာလို့   ဘုရားရှင်ကဟောထားတယ် မေမေ...
အခုလေ................
 သားလည်းလူ၇ုပ်မာ မဖြစ်
 အမေ့ ကျေးဇူးတွေလည်းဆက်ခွင့် ရတာ
 နိုင်းမရတဲ့ မိဘမေတ္တာကြောင့် ပါ....................။
                                         ဖိုးခွားလေး(ကော့မှုး)
1 မှတ်ချက်:
ရွှေညာသား said...
အမေ့မေတ္တာဖွဲ့လေးကို ဖတ်သွားပါတယ်။ ရောက်ရာအရပ်မှာ အမေကို မမေ့တဲ့ စိတ်ကပဲ အမေ့ကျေးဇူးဆပ်တာ ဖြစ်နေပါပြီ ကိုမောင်ရေ... မတတ်သာလို့ အမေ့ရင်ခွင်ကို ခွဲခွာနေရပေမယ့် အမေ့ကိုတော့ တစ်နေ့မှမေ့လို့မရပါဘူးဗျာ... အဝေးရောက်သားသမီးတိုင်း ခံစားရတဲ့ စာသားလေးတွေပါပဲ...ကျေးဇူးတင်ပါတယ်...
Post a Comment
ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ
ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here