Wednesday, May 11, 2011

သူငယ်ချင်း...သို့ 

လောကကို အရွဲ့ မတိုက်နဲ့ 
လောကြီးကမစောင်းဘူး
မင်းပဲ စောင်းသွားလိမ့် မယ် သူငယ်ချင်း...........

အရိပ်လိုလျှင် နေပူမှာစောင့် 
သွေးထွက်များမှ ချွေးထွက်နည်းမယ်
အနာခံမှ အသာစံရမယ့် 
ငါတို့ ဘဝတွေပဲလေ သူငယ်ချင်း...............

မင်းလျှောက်ခဲ့ တဲ့ လမ်း   
ကြမ်းတမ်းမှန်း ငါသိတယ်
တခါတလေမှာလည်း တကယ်ပန်းတယ်
တော်ပြီဆက်မလှမ်းချင်ဘူးလို့ ပြောဦးမလို့ လား.......

လူတွေရဲ့ မာယာကြားထဲမှာ
မင်းပျာယာခက်နေပြီလား သူငယ်ချင်း........
သီးခံခြင်းဆိုတဲ့  လက်နက်ကိုကိုင်
နားလည်မှု ဗျူဟာကိုသုံးပြီး
မေတ္တာတရားတွေနဲ့  ...လူတွေကို
အနိုင်ယူလိုက်စမ်းပါ သူငယ်ချင်း.............

ပညာမရှိပေမယ့် ....
ငါတို့  မှာ  ဥာဏ်နဲ့ ဝရိယ ရှိတယ်လေ
အစမှာပင်ပန်းပေမယ့် 
အဆုံးမှာ ငါတို့ အတွက်
ပျော်စရာတွေ ကလက်တကမ်း မှာပါ................

ဟိုး...အရှေ့မှာ ရေးရေးလေးမြင်နေရတာ
ငါတို့ ရဲ့ပန်းတိုင်ပဲ မဟုတ်လား......?
စိတ်မပျက်နဲ့ စိတ်ညစ်စရာလည်းမတွေးနဲ့ ............

မင်းအတွက်ထာဝရ သူငယ်ချင်း.........ဖိုးခွားလေ;(ကော့မှုး)


1 မှတ်ချက်:

စံပယ်ချို said...

(နာကဦးဦးဖျားဖျားအမြဲဖတ်ရတယ်
အဲတာနင်တိလားတိဝူးလား....)
သူလုပ်တာနဲ့ငါပါစကားမပိတော့ဘူးဖြစ်နေပြီ။
ဟုတ်ပါ့သူငယ်ချင်းရေ....လူတွေအားလုံးကမာယာတွေနဲ့နော်...

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here