Sunday, May 15, 2011
အကျည်းတန်တယ်
သီချင်း ကြိုက်တဲ့  နင့် ကို
ငါဂစ်တာတီးပြီး သီချင်းဆိုပြခဲ့ တယ်.......
ကဗျာကြိုက်တဲ့ နင့် ကို
ငါကဗျာတွေ ရွတ်ပြခဲ့ တယ်...................
အက ဝါသနာပါတဲ့ နင့် ကို
ငါမင်းသားလို့  ကပြခဲ့ တယ်...................
နင်ပြုံးခိုင်းတိုင်း ငါပြုံးပြခဲ့ တယ်
နင်ငိုခိုင်းတိုင်း ငါငိုခဲ့ တယ်
နင်ရီခိုင်းတိုင်း ငါ၇ီပြခဲ့ တယ်
နင်မေ့ ခိုင်းတိုင်း ငါမမေ့ နိုင်တာကိုတော့ ခွင့် လွတ်ပါ........
နင်မေ့ထားခဲ့ တဲ့ 
ငါ့ အလွမ်းတွေနဲ့  တခန်းလုံးပြည့် နေတယ်.....................
အလွမ်းတွေကို ဖော်ကြူးတဲ့ 
နွမ်းလျှ ကျေကွဲတဲ့ နှလုံးသားသံစဉ်နဲ့ သီဆိုလိုက်တာ............
လောကြီးတောင်ငါ့ အလွမ်းတွေ့ ကြောင့် 
အကျည်းတန်သွားခဲ့ တယ်.................. ။                
                                              ဖိုးခွားလေး(ကော့မှူး)
0 မှတ်ချက်:
Post a Comment
ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ
ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here