အပူပိုင်းလယ်မှာ စိမ်းစိုနေတဲ့
ဒို့ မြေ(popa) ကို လှမ်းခဲ့ပါလေ
သူငယ်ချင်းရေ........။
စိမ်းစိုအေးမြ တောတောင်အလှနဲ့ 
အေးမြတဲ့လေကောင်း အမြင့်ပေးပေါင်း
4981 ပေထက်ကစကားဝါရွှေမြေ
ဒို့ ဌာနေကိုခံစားလှည့်ပါ
သူငယ်ချင်းရာ........
ပညာစခန်း 8 တန်းမျှနဲ့ လမ်းခွဲခဲ့ရ
ငါ့ဘ၀ကိုမြှင့်လို့ တင်ပေး အားဆေးတစ်ဆုပ်
စာတစ်အုပ်က " ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်"
ဘေဘီလုံနဲ့ ("The Richest Man In Babylon)
ပျင်းတိုင်ကြည့်သည် "dictionary".............။
ပညာဆိုတာ ကျောင်းမှာတွင်သာ ရှိပါသည်လို့ 
မထင်လေနဲ့ သူငယ်ချင်းရေ အပြင်လောက
လက်တွေဘ၀မှာပညာရှာစရာစာအုပ်၊စာပေ
ကျောင်းမှာထက်မက များပြားလှပေ
သူငယ်ချင်းရေ....................။
ငါ၏မွေးရပ်ဌါနေ (popa) စကားဝါမြေမှ
ကျေးဇူးအနန္တမိနှင့်ဖကို ကျန်းမာစေကြောင်း
ဆုတောင်းရင်.... ငါ၏ညီဘွား "သန့် ဇင်ဦး" အား
ဘေးရန်ကင်းစေကြောင်း ဆုတောင်းရင်းနဲ့ .......
နှစ်ပေါင်း(100)တစ်ရာ မသေချာတဲ့ 
ဒီလူ့ ဘ၀ အလည်လာကြတဲ့
လူ၊သတ္တ၀ါ အပေါင်း ဘေးရန်ကင်းကွာ
ကျန်းမာချမ်းသာကြပါစေကြောင်း......။
သိုက်ကြီး (ကျောက်ပန်းတောင်း)
0 မှတ်ချက်:
Post a Comment