မဆုံနိုင်မှန်း သိနေလည်း.....
မျော်လင့်မိတဲ့ ငါ့ရင်ထဲ
သတိရခြင်းတွေ ရှိနေဆဲပေါ့......။။
အချစ်ဆိုတဲ့ ပင်လယ်ပြင်မှာ
နှလုံးသား လှေငယ်တစ်စင်း
ညင်သာစွာ ရွက်လွှင့်ရင်းလေ......။။
မျှော်လင့်ခြင်း ကမ်းပါးတွေ ပြိုပြိုကျ
နှလုံးသားဟာ အနာတရနဲ့......
ပကာသနမဲ့ အချစ်တွေအား
အလူးအလဲ ခံစား
ငါ့...နှလုံးသား ခပ်ပါးပါးပဲ ကျန်တော့တယ်.......။။
ကောင်မလေးရေ.............
မဆုံနိုင်မယ့် အတူတူ
အချစ်ကိုလည်း မယူချင်တော့ပါဘူး..............
အမုန်းအတွက်လည်း
မပူပင် တော့ပါဘူး.........။။
သတိရ ရင်လည်း
အဝေးက ငေးကြည့်ဆဲပေါ့...
လွမ်းမိရင်လည်း
ဂစ်တာတီးလို့ သီချင်းဆို
ဝိုင်ဝိုင်းရဲ့ အချစ်ငှက် ကိုပေါ့.....။။
ဒီသံစဉ်အိုတွေကြား
ငါ့နှလုံးသား ကြေမွသွားတယ်
နင်..မြင်လှည့်ပါ ချစ်သူရယ်.....။။
ညီညီ(မြန်အောင်)
1 မှတ်ချက်:
ဂီတာတီးပြီးသီချင်းဆို.....ဆိုရင်
လွမ်းရတဲ့ညတွေလွန်ပါစေ.....
ပိုမကောင်းဘူးလားဟင်...
Post a Comment