Friday, May 27, 2011

နှစ်မျိုးတည်း

အနိုင်မသေချာတဲ့  ပြိုင်ပွဲတစ်ခုကို
ငါရှုံးနဲ့  စခဲ့ တယ်................

အကောင်းဆုံးဆိုတာကို ရဖို့ အတွက်
ပေးဆက်လိုက်ရတာ တဘဝလုံးပဲ
ဒါပေမယ့်  ငါကျေနပ်တယ်
နင်ပျော်တယ်ဆိုရင်ပေါ့ ......................

ပြန်ရလိုက်ရတဲ့  ရလဒ်ကမလှပဘူး
ငါ့ အတွက်  နင့် အမုန်းတွေချည်းပဲ.................
အရှုံးတွေပဲ ထပ်တလဲလဲဖြစ်နေတဲ့ ငါ့ရင်ခွင်
အေးချမ်းဖြင်းဆိုတာ ရှိနိုင်ပါ့ ဦးမလား.................

နင့် သဘောအတိုင်း
ထားရာနေ စေရာသွားခဲ့ တယ်................
လိုရင်ချစ်မလိုရင်ပစ်လိုက်နဲ့ 
ငါကစက်ရုပ် မဟုတ်ဘူးလေ
အသဲနှလုံးရှိတယ် ခံစားတတ်တယ်..............

ချစ်တယ်လို့  ပြောတာသာကြာတာ
မုန်းလိုက်တာ ခဏလေးပဲ..................
ချိုသာစွာအပြုံးနဲ့  နင်ငါ့ ကိုလိုသလိုသုံးခဲ့ တယ်
နင်မလိုတော့ ငါ့ ရင်ကိုစုန်ကန်သွားတယ်.........................

နောက်ဆုံးငါသိလိုက်တာက
မိန်းမတွေဟာ အမျိုးမျိုးပြောင်းလဲတတ်တယ်..................
ဒါပေမယ့် အများကြီးတော့ မဟုတ်ဘူး နှစ်မျိုးတည်း
အခုတစ်မျိုး တောကြာတမျိုးနဲ့ လေ.......................

အဲ့ ဒီနှစ်မျိုးထဲ နင်ပါသွားတာ
ငါရင်နာမိတယ်ဟာ....................................။
                                                            ဖိုးခွားလေး (ကော့ မူး)


2 မှတ်ချက်:

စံပယ်ချို said...

ဟုတ်တာပေါ့
ဒါပေမယ့်မိန်းမအားလုံးတော့မဟုတ်ဘူးနော်
သိမ်းကျုံးမပြောပါနဲ့.....
ယောက်င်္ကျားတွေကတော့ တစ်ရက်ကို ၄ မျိုးလောက်
ပြောင်းတယ်နော်။

မင်းမင်း said...

ကဗျာတွေတော်၂ကောင်းတယ်
ကျွန်တော်ကဗျာကလွဲရင်ရေးထားတဲ့ကဗျာသမားတွေအကုန်လုံး
heartထိတယ်ဗျာ။
နေ့တိုင်းလာအားပေးပါတယ်
ကျေးဇူးနော်

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here