Saturday, May 28, 2011

ဆူးနှင်းဆီ

ပန်းမျိုးတစ်ရာ
  ပွင့် လန်းစွာရှိ့ နေတဲ့ 
     ဒီဥယာဉ်ကြီးထဲမှာ............။
      
ငါမြတ်နိုးတဲ့  ပန်းတပွင့် 
  လန်းဝင့် လို့ ဝေနေမလား
     အပြေးကလေး သွားလိုက်တယ်
        တွေ့ ပါပြီ ပန်းနှင်းဆီ
            ရဲရဲကိုနီလို့ .............................။

 ခူးဆွတ်ဖို့ ကြံကာရွယ်
   ဦးညွှတ်ပြီးရီကာပြတယ်
     နင် ဖြစ်နိုင်ပါ့ မလားတဲ့ ..........................။


  ငါလက်လှမ်းလိုက်တယ်
    ဆူးအစုံလုံးက ရင်တခုလုံးကို
        ဆူးကာဝင်စိုက်ဒီရင်တဝိုက်မှာ
            သွေးသန်ရဲရဲ ဆူးသခင်ရှေ့ ဝယ်
                 ဦးညွတ်ဒူးထောက်ခဲ့ ရတယ်..................။

နုညံ့တဲ့ ပန်းကို ရက်စက်တဲ့ 
  ဆူးတွေက ဝိုင်းရံတော့ 
     အညှာမခိုင်တဲ့  ငါက
        အသာလေးယိုင်လဲခဲ့ တယ်........................။

ဆူးသခင် အတွက်
  ငါ့မျက်ရည်ငါ့ သွေး
    ငါ့ ရဲ့ အချစ်ငါ့ မေတ္တာတွေနဲ့ 
      ပန်းလေးကိုရေလောင်းပြီး
        ပေးဆက်ခဲ့ မယ်....................။

ဆူးသခင်တွေဝိုင်းရံထားတဲ့ 
  ပန်းလေးအရှေ့ ဝယ်
   ငါ့ ဘဝကို လည်း မြေသြဇာအဖြစ်
     အစာကျွေးလိုက်တော့ မယ်
       ဆူးသခင်တွေ ဝိုင်းရံနေတဲ့ 
          ဆူးနှင်းဆီရယ်..................။
                                                 ဖိုးခွားလေး(ကော့မှုး)


1 မှတ်ချက်:

Anonymous said...

ဆူးနှင်းဆီ ကဗျာလေးကို
ပန်းနှင်းဆီလေး လာဖတ်သွားပါတယ်ရှင်း))

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here