Monday, May 30, 2011

အခံရခက်တယ်

သစ်ရွပ်ဆွေးတွေက
ငါ့ ဘဝကိုတွေးတွေးပြီး ရီကြတယ်..........

ကြွေသွားတဲ့  ပန်းတွေက
မြေမှာခသွားတဲ့  ငါ့ နှလုံးသားကို
လှောင်ပြောင်နေကြတယ်.........................

အဖော်မဲ့နေတဲ့  ဥသြငှက်လေးက
ငါ့ အဖြစ်ကို သရော်နေလေရဲ့ ..................

မင်းနန္ဒကလည်း ချစ်သူနဲ့ ကွဲတဲ့           
ငါ့ အဖြစ်ကို   သနားနေတာတဲ့ ......................

ရိုမီရိုကလည်း ငါ့ အဖြစ်ကို
ကိုယ်ချင်းစာနေလေရဲ့ ..........................

ထားသွားတဲ့  ချစ်သူကို
အပြစ်မယူဘူး ဆိုပေမဲ့ 
အချစ်ဦးဆိုတော့ လည်း
အူနုကိုကျွဲခတ်သလို အခံရခတ်တယ်..............

ဒါပေမဲ့ လည်း
ဒဏ်ရာတွေနဲ့  နေသားကျတော့ 
သဘာဝလို့ ပဲ သတ်မှတ်လိုက်တယ်..........................         
                                                                       ဖိုးခွားလေး (ကော့ မူး)


2 မှတ်ချက်:

စံပယ်ချို said...

ဖတ်သွားပါ၏

နေဇော်လင်း said...

မိုက်တယ် ကဗျာလေးက
ဖတ်သွားပါတယ်။

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here