ဝက်ဆိုဒ်ကို နေ့ စဉ်လာတဲ့သူငယ်ချင်းများ အောက်ကပုံလေးကို တစ်ချက်နှိပ်ပေးခဲ့ပါ
နည်းပညာရပ်ဆိုင်ရာနဲ့ ပတ်သက်သောစာအုပ်များကို ကြိုက်နှစ်ရာ ခေါင်းစဉ်ကို နှိပ်၍ရှာပါ
Android ပြုပြင်နည်းစာအုပ်များ Autocad စာအုပ် Computerပြုပြင်ရေးနည်းလမ်းစာအုပ် Cracking နည်းပညာ Facebook နည်းပညာစာအုပ် Flash Song လုပ်နည်းစာအုပ် Miscrosof Office ဆိုင်ရာစာအုပ် Networking ဆိုင်ရာစာအုပ် Photoshop ဆိုင်ရာ စာအုပ်များ Programming ပညာရပ်များ Speaking စာအုပ်များ Wifi Hacking နည်းလမ်းစာအုပ် ခွန်အားရှိသောရသစာပေများ ချက်ပြုတ်နည်း နဲ့ မုန့် လုပ်နည်း ဂီတာတီးခတ်နည်းစာအုပ် စာစီစာရိုက်လက်ကွက်ကျင့်နည်း စာရင်းကိုင်နည်း စာအုပ် တရားစာအုပ်များ နည်းပညာ စာအုပ်များ ဖတ်စေချင်တဲ့စာအုပ်တွေ ဘာသာပြန်စာအုပ်များ မြန်မာ့သိုင်းလေ့ကျင့်နည်းစာအုပ်များ ရုပ်သံ ဗီဒီယိုတည်းဖြတ်နည်းစာအုပ် လက်ဝှေ့ ထိုးနည်းစာအုပ် သမိုင်းဆိုင်ရာ စာအုပ်များ သုတရသစာအုပ်စုံDownloadယူရန် ဟာသစာအုပ်များ အတ္ထုပ္ပတ္တိစာအုပ်များ ဥပဒေဆိုင်ရာစာအုပ် ဆေးပညာဆိုင်ရာ စာအုပ် မောင်(စွယ်စုံကျမ်း) လမ်းညွှန် နိုင်ငံရေးဖြစ်ရပ်မှန်စာအုပ်
သုတရသစာအုပ်တွေ ယူချင်ရင် အောက်က List မှာ စာရေးဆရာ နာမည်ကိုနှိပ်၍ရှာယူပါ
ဝတ္ထုတိုပေါင်ချုပ်စာအုပ်များ ကာတွန်းစာအုပ်များ ကာယဗလ လေ့ကျင့်ခန်းစာအုပ်များ ခင်ခင်ထူး ချက်ပြုတ်နည်း နဲ့ မုန့် လုပ်နည်း ချစ်စံဝင်း ချစ်ဦးညို ချစ်နိုင်(စိတ်ပညာ) ဂမ္ဘီရ၀တ္ထုများလိုချင်ရင် ဂျာနယ်ကျော်မမလေး ဂျူး စာရင်းကိုင်နည်း စာအုပ် စာပေဟောပြောပွဲများ စိမ့်(ပညာရေး) စိုက်ပျိုးနည်း စာအုပ်များ စိုးမြတ်သူဇာ စက္ကောမ ဆန်းလွင် ဆုမြတ်မွန်မွန် ညိုမြ တက္ကသိုလ်ဘုန်းနိုင် တက္ကသိုလ်စိန်တင် တက်တိုး တင်ထွေး တင်နိုင်တိုး တရားစာအုပ်များ တရားဓမ္မစာပေဆိုင်ရာများ တွတ်ပီ(ဓနုဖြူဆွေမင်း) တာရာမင်းဝေ ဒဿကျော်စွာ နည်းပညာ စာအုပ်များ နီကိုရဲ ပီမိုးနင်း ပုညခင် ဖျာပုံနဒီ ကြည်အေး ဗျူး ဘာသာပြန်စာအုပ်များ မင်းခိုက်စိုးစံ မင်းဒင် မင်းမြတ်သူရ မင်းလူ မင်းသိင်္ခ မိုးတိမ် မြတ်ခိုင် မြသန်းတင့် ရုပ်သံ ဗီဒီယိုတည်းဖြတ်နည်းစာအုပ် ရဲကောင်းထက် လက်ဝှေ့ ထိုးနည်းစာအုပ် လင်းယုန်မောင်မောင် သခင်မြတ်ဆိုင် သတိုးတေဇ သန်းဝင်းလှိုင် သမိုင်းဆိုင်ရာ စာအုပ်များ ဟာသစာအုပ်များ အတ္တကျော် အတ္ထုပ္ပတ္တိစာအုပ်များ အကြည်တော် အခြေခံကွန်ပျုတာပြုပြင်နည်း ဥပဒေဆိုင်ရာစာအုပ် ဦးကုလား ဦးခင်အောင် ဦးကျော်ဇေယျ ဦးသေားင်းလွင်(ဘီအေ) ဦးနု ကောင်းထက် ကျော်ငြိမ်း ကျော်သူ ဆေးပညာဆိုင်ရာ စာအုပ် တော်ဘုရားလေးအောင်ဇေ နေလင်း(အ.က.သ) ဖေမြင့် မောင်စိန်ဝင်း(ပုတီးကုန်း) မောင်ညိုမှိုင်း(သံလျင်) မောင်ထွန်းသူ မောင်လှမျိုး(ချင်းချောင်းခြံ) မောင်သန်းဆွေ(ထားဝယ်) မောင်ပေါ်ထွန်း မောင်သော်က အောင်ခင်စိုး အောင်ရင်ငြိမ်း နိုင်ငံရေးဖြစ်ရပ်မှန်စာအုပ်
ငါ့ ဘဝထက်နင့် ကိုပိုချစ်တယ်
 ကောင်မလေးရယ်
မဖြစ်နိုင်ရင်လည်း
မျှော်လင့် ချက်မပေးပါနဲ့ 
ရင်နာမဲ့ စကားတွေနဲ့ ငါ့ ရင်ကို
ဒဏ်ရာတွေထက်မသွင်းပါနဲ့ တော့ 
ငါခံနိုင်ရည်တွေ မရှိတော့ လို့ ပါ.....................။
ငါ့ ဘဝထက်နင့် ကိုပိုချစ်တယ်
ဒါကြောင့် လည်းငါ့ ဘဝအပျက်ခံပြီး
နင့် ဘဝကိုတည်ဆောက်ပေးခဲ့ တယ်...................။
မဆုံဆည်းနိုင်တော့ ရင်လည်း
အိမ်မက်တော့ မက်ခွင့် ပေးပါ
နင်ကတော့ မသိသလိုနဲပဲငါ့ ကိုမေ့ လိုက်ပါ
ငါ့ ဒဏ်ရာတွေ ကုစားဖိုအတွက်က
အချိန်ဆိုတာ မဖြစ်နိုင်တော့ ဘူး
ငါဆိုတာဒီကမ္ဘာမှာ မရှိတော့ ရင်တော့နင့် ကိုမေ့ မှာပါ............။
ငါ့အသက်ရှင်နေသရွေ့ တော့
နင့် ကိုသတိရခွင်လေးပေးပါ
ဒါပေမယ် နင့် ငါ့ ကိုအမှတ်မရချင်နေပါ........................။
ငါနင့် ကိုချစ်နေရင်
ငါ့ ၇င်တွေကွဲမယ်ဆိုတာငါသိတယ်
ဒါပေမယ့် လည်းနင့် ကို ရင်နာနာနဲ့ ဆက်ချစ်နေမယ်.....................။
ပန်းတိုင်းမွှေးဖို့ လည်း ငါစိတ်မကူးဘူး
စမ်းတိုင်းအေးဖို့ လည်းငါမတောင်းတဘူး
နင့် ရင်ထဲမှာ ငါရှိနေဖို့ လည်း မမျှော်လင့် ရဲပါဘူး.........................။
ဒါပေမယ့် ကောင်မလေးရယ်
တစ်ခုလောက်တော့ ခွင့် တောင်းပါရစေ
နင်အခက်ခဲ တွေကြုံတိုင်း
ဝမ်းနည်းကြေကွဲတိုင်း
စိတ်ဓါတ်တွေကျတိုင်း
နင့် ကို အရာအားလုံးကစွန်ပစ်လိုက်တိုင်း
ငါ့ နာမည်လေးတစ်ခွန်းလောက်ခေါ်ပြီးသတိရလိုက်ပါ
ငါနင့် ဘေးနားမှာပေးဆပ်ခြင်းတွေနဲ့  ထာဝရနေချင်လို့ ပါ......................။
ငါ့ ရင်ခွင်ထက်အရာရာပြည့်စုံနေရင်တော့ 
ငါလေနင်ရှိတဲ့ ကမ္ဘာကနေအပြီးပိုင်ထွက်သွားပေးပါ မယ်
အဲဒါတွေအားလုံးဟာ  ငါ့ ဘဝထက်နင့် ကိုပိုချစ်ခဲ့ လို့ ပါ.....................။
                                                                                                                     ဖိုးခွားလေး   ( ကော့ မှူး)
အကိုနဲ့ ညီမလိုက်ဖက်တဲ့ဘဝ
ဒီမှာညီမ
  ချစ်တယ်လို့ သာ
      ခဏခဏမပြောတာ
          အကိုရင်ထဲ့မှာညီမကိုထာဝရသတိရနေတာ......................
ညီမ......
    ဒီလိုတော့ ခဏခဏစိတ်မကောက်ပါနဲ့ 
       အရိပ်လိုတကောက်ကောက်နဲ့ လိုက်ခဲ့ ပါ
          အိပ်ရာဝင်တိုင်းညီမအကြောင်းတွေ
              ခဏခဏပဲတွေးဖြစ်တယ်
                 ရှေ့ ဆက်လျှောက်မယ့် 
                      အနာဂါတ်ခရီးမှာညီမအတွက်တွေးလို့ ပူမိတယ်...........
ညီမလေး.......
     မင်းဓါတ်ပုံလေးထိုင်ကာငေး
         အကြည့် ချင်းတဆုံတော့ ကိုယ့် ကိုလေ
              တခါတခါပြန်ကာပြုံးပြသေးတယ်................................
ညီမလေးရေ........
    လမ်းခွဲမဲ့ စကားလည်းမဆိုကြေးလေ
       ဒီမှာရှေ့ ရေးအတွက်အစီစဉ်တွေဆွဲနေရတယ်လေ......................
ညီမ........ညီမကလမင်းဆို
               အကိုကြယ်လေးတပွင့် 
                အကိုကရေလှိုင်းဆို
                  ညီမကပင်လယ်ကြီး
                    ညီမကကောင်းကင်ဆို
                      အကိုကတိမ်လေးတမျှင်..........................
 အကိုကလေညှင်းဆို
   ညီမကပန်းခင်း
    ညီမကဆောင်းဆို
      အကိုကဆောင်းကိုအလှဆင်တဲ့ နှင်း.................
အကိုနဲ့ ညီမလိုက်ဖက်တဲ့ ဘဝ
 ညီမက အကို့ ကိုချစ်
  အကိုကလည်းညီမကိုချစ်
    ဒီကမ္ဘာမြေအားလုံးအချစ်တွေဖြစ်.............။
                                     ဖိုးခွားလေး(ကော့မှုး)
မေ့ချင်ယောင်ဆောင်နေတာပါ
သစ္စာဆိုတဲ့ စကား
မင်းနားထဲမှာခါးနေသလား
ယုံပါလို့ လည်းမပြောချင်ဘူး
ယုံအောင်လည်း ကို မပြောတတ်ဘူး..............................
မင်းအကြောင်းတခါတွေးတိုင်း
ရင်မှာနှစ်ခါလွမ်းတဲ့ အလွမ်း
အသစ်လူနဲ့ မင်းချစ်ကြည်နူးသွားပြီလို့
မင်းအကြောင်းတွေကြားလိုက်တိုင်း
ငါအသဲတွေပ့ပဲ့ကြွေခဲ့ တယ်..................................................
ကိုမင်းကို မေ့နိုင်အောင်ကြိုးစားတိုင်း
မင်းကိုယ့်ကို မေ့နေပြီလားလို့ တွေပြီး
ကိုယ့် ကိုကိုယ် စိတ်နာမိတယ်............................................
ကိုမင်းကို မုန်းဖို့ ကြိုးစားတိုင်း
 မင်းကိုယ့်ကိုမုန်းနေပြီလားလို့ တွေပြီး
ကိုယ့်အဖြစ်ကိုရင်နာမိတယ်.........................
ကိုမင်းကို မေ့လိုမရခဲ့ ပါဘူး
မဖြစ်နိုင်တော့ တဲ့ အခြေကိုရောက်နေလို့ 
ကိုမင်းကို မေ့ ချင်ယောင်ဆောင်နေခဲ့ တာ
ဒါပေမယ့် မင်းကိုယ့်ကို မေ့လိုက်ပြီဆိုတာ သိလိုက်၇တော့ 
မင်းရင်ထဲ့မှာကို သေဆုံးသွားခဲ့ပြီပေါ့ 
ကိုရင်ထဲ့မှာတော့ မင်း ထာဝရရှင်သန်လျှက်ပါ.................။
                                                  ဖိုးခွားလေး(ကော့မှုး)
ကဗျာမဟုတ်သော................
မဆုံနိုင်တဲ့ လမ်းပေါ်မှာ
   စမ်းတဝါးဝါးနဲ့ လျှောက်လှမ်းရင်း
        ငါလေ.....
           အိပ်မက်တွေကို အသက်သွင်းနေတယ်............။။
ဘဲဥကို အစရှာနေဆဲ
  (မျောက်) အုန်းသီး ရသလိုပဲလေ
        ငါ့ရဲ့ အသိဥာဏ်
           ကလေးဆန်ဆန်ပါပဲ
              သတိရခြင်းတွေကြား
                  စဉ်းစားမှုတွေ ရူးသွပ်သွားပြီလား......?
ပန်းတွေ မမွှေးဘူး
   စမ်းတွေမအေးဘူး
      နွေတရာ ဘဝတွေမှာ
           မဟူရာညတွေရဲ့ အလင်းမဲ့ကောင်းကင်
                ဘဝကို နာကျင်စေတယ်..............။။
ရှင်ငွေလမင်းက
    အမှောင်ညကို လစ်လျှူရှုရင်း
        မှောင်မည်းခြင်းတွေရဲ့ကြား
               ကာရံ တွေပျောက်ရှသွားတယ်
                    ကဗျာလေးကို သနားပါတယ်..............။။
ငါ.....
သံစဉ်မရှိတဲ့ သီချင်းကို ညည်းတယ်
   ကာရံမရှိတဲ့ ကဗျာကို ရေးတယ်
        ဆုံနိုင်ခွင့် မရှိတဲ့ ကမ္ဘာက
              နှလုံးသားကို တော့ ဒဏ်ရာတွေပေးတယ်......။။
နေရာတွေက အလှမ်းဝေးတယ်
     တမ်းတခြင်းတွေနဲ့ ဆွေးတယ်
           မျော်လင့်ချက်မဲ့ခြင်းတွေက
                  ကဗျာမှာ ချပြခွင့် မရှိတော့လေ... ဝေးဝေးမှာနေ...........။။
ဘယ်သူမှ မသိနိုင်တဲ့ ခံစားချက်
       ရင်ထဲမှာ ကမ္ဘာပျက် သလိုပါပဲ......
            နားလည်မှုတွေ ရဲ့ကြား
                  ငါတို့ တဖြည်းဖြည်း ဝေး.....သွား.....တယ်........။။
                                                                ညီညီ(မြန်အောင်)
ကွန်ပျူတာမှာပြဿနာတစ်ခုတက်တိုင်းဒီနည်းလေးကိုသတိရပါ
 အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးကွန်ပျူတာပြင်နည်းလေးတစ်ခုကိုပြပါဆိုရင်ဒီနည်း
လေးကိုပြောရမှာပဲကျနော်အပါအ၀င်လူတော်တော်များများရဲ့ပြဿနာတွေကိုအခုကျ
နော်ပြောတဲ့နည်းလေးနဲ့ အဆင်ပြေခဲ့တာပါကွန်ပျူတာမှာအလိုလျောက်ပါတဲ့ပြုပြင်
နည်းလေပါSystemRestoreအကြောင်းကိုဆရာသမားတော်တော်များများသိထား
ကြပါတယ်အခြေခံပညာသင်ဝါသနာတူသူငယ်ချင်းတွေအတွက်ပြန်လည်မျှဝေလိုက်
ပါအကြောင်းအမျိုးမျိုးကြောင့်ကွန်ပျူတာတစ်ခုခုဖြစ်သွားတဲ့အခါအသံမလာတာ တို့ 
ဖိုင်တွေပျောက်သွားတာတို့ Settingတစ်ခုခုလွဲသွားတာအစုံပါပဲမူလအခြေနေကိုပြန်
ရောက်စေပါတယ်ဥပမာကွန်ပျူတာအသံမလာတော့ဘူးမနေ့ ကအကောင်း ဒီနေ့ 
မှဖြစ်သွားတာဆိုရင်SystemRestore ပြန်လုပ်ပီးမနေ့ ကSetting ကိုပြန်ယူရင်အရင်
နေ့ တိုင်းအကောင်းဖြစ်ပါတယ်ဟိုတစ်နေ့ ရုံကကွန်ပျူတာမှာဘယ်သူလုပ်လိုက်လဲ
မသိဘူးDesktopပေါ်မှာRecycleBinနဲ့ AntiVirusဆော့ဝဲတစ်ခုပဲကျန်တယ်ဖျက်သွား
တယ်ဆိုရင်လည်းRecycle Bin ထဲကျန်ရမှာဘယ်သူလုပ်လို့ ဘယ်လိုပြောင်းသွားမှန်း
ကိုမစဉ်းစားတတ်ဘူးပုံစံက Windowပြန်တင်ခါစပုံစံဖြစ်နေတာဂျာကြီးလည်းမသိလို့ 
အပြင်ပညာရှင်တွေခေါ်ခိုင်းမယ်ဆိုပီးထားလိုက်တာကျနော်စမ်းကြည့်လိုက်တာအ
ဆင်ပြေသွားပါတယ်ဂျာကြီးကပြောတယ်ရှဲရှဲတဲ့ငါတောင်မစဉ်းမိဘူးတဲ့တကယ်ဗျာ
အဲနည်းနဲ့ ကျနော်ပြင်ပေးတဲ့ကွန်ပျူတာမနည်းတော့ဘူးတစ်ခုသတိထားရမှာကဟို
နေကအကောင်းကြီးအခုဒီနေ့ မှဖြစ်သွားတာဆိုရင်တော့ဒီနည်းနဲ့ အဆင်ပြေမှာသေ
ချာတယ်ပီနန်းကသူငယ်ချင်းတစ်ယောက်လည်းအကိုအင်တာနက်ချိတ်မရတော့ဘူး
အရင်ရတယ်ဆိုတော့ကျနော်အခုနည်းလေးနဲ့ ရှင်းလိုက်တာသူအဆင်ပြေသွားတယ်
တဲ့သူကတောzawnainglinn2008ပါအဆင်မပြေတဲ့တဲ့သူများကျနော့်နဲ့ နီးစပ်ရာဘော်
ဒါတွေဆီမှာမေးမြန်းနိုင်ပါတယ်ဗျာkst2011@gmail တို့ ကိုလည်းအဆင်မပြေတဲ့နည်း
ပညာတွေကိုမေးမြန်းနိုင်ပါတယ်အချိန်မရလို့ အိုတီတွေဆင်းနေရတာကြောင့်အိမ်
အလည်အပတ်မရောက်ဖြစ်တဲ့ဘလော့ဂါဆရာသမားဘော်ဒါများနဲ့ မေးထဲရောက်
လာတဲ့မြန်းစာတွေကိုအချိန်မှီမပြန်နိုင်တာကိုနားလည်ပေးလိမ့်မည်ဟုမျှော်လင့်ပါ
ကြောင်း....။လုပ်ပုံလေးကတော့...
Start = All Program = Acceessories = System tool = System Recovery
ကိုဆက်တိုက်နှိပ်ပြီးအဆင်ပြေတဲ့ရက်စွဲတစ်ခုပြန်ရွေး next ကိုနှိပ် Finished ကို
ဆက်နှိပ်ရုံပါပဲWindow Xp နဲ့  Window 7လုပ်ပုံသိပ်မကွာသလိုဒီနည်းကသုံး
တတ်ရင်သုံးတတ်သလို အဆင်ပြေတဲ့အတွက်ဥာဏ်ရှိသလိုသုံးကြပါလို့ .......။
ရင်တွင်းစကားများ(၃)
မေတ္တာရောင်ပြန်ဟပ်တယ်တဲ့
    ဟပ်လား....................?
       ကြားဘူးတဲ့ ဒီစကား
            ဒဿဂီရိနဲ့ ငါ့အတွက်များ
               နားခါး လိုက်ပါလားနော်........။။
ဆိုင်သူရှိပြီးသားပန်း
    မသိပဲနဲ့ လွမ်းမိတယ်....။။
ဒဿလိုအရှုံးနဲ့
  နှလုံးသားတွေ ကြွေပြုန်းလည်း
      သတိရနေဆဲပဲလေ.............။။
အချစ်နဲ့ စစ်မှာ
   မတရားတာမရှိဘူးဆိုလည်း
       ဒုတိယ လူတွေအား
           ဒဿမင်းအလား တင်စားကြတယ်
                ဘာကြောင့်ပါလည်း လောကကြီးရယ်..............။။
အချစ်ကိုရှုံး
    မြှားဒဏ်ချက်မှာ သေဆုံးလည်း
         ရာဇဝင် တွင်တဲ့ ဂုဏ်သတင်း
               မကောင်းချင်းတွေနဲ့လေ
                        သြော်.....ဒုတိယ လူတွေ.................။။
မဖြစ်နိုင်တဲ့ ဘဝကို
   ခံနိုင်ရည်မ ရှိလည်း
         ငါ့အသည်းက ဆက်မိုက်နေတယ်...........။။
အလိုမတူတဲ့ အချစ်
     အပြစ်ဖြစ်တယ်ဆိုလည်း
            ငါ့ဘဝရဲ့ သမိုင်း
                ခပ်ရိုင်းရိုင်းပဲ ရေးလိုက်ချင်တယ်............။။
ကောင်မလေးရေ.............
        ရွှေမင်းသားထက်များ
             ငါ့အချစ်က လျှော့နည်းသွားတယ်ဆို
                 နင်နဲ့ငါ နှစ်ယောက်ကြား
                      ဘယ်တော့များမှ မဆုံဆည်းရပါစေနဲ့..............
...။။
နင်သတိရနေချိန်မှာ
    ငါမေ့နေပါတယ်ထင်ရင်
          နင်နဲ့ငါ နှစ်ယောက်ကြား
               ဘယ်တော့များမှ မဆုံဆည်းရပါစေနဲ့..............။။
ပေးဆပ်ခြင်းဆိုတာကို
     နင်မသိသေးခင်
          ငါ့ဘဝ နေဝင်ခဲ့ရင်လည်း
               ငါ့ရဲ့ နှလုံးသား
                   နင်လျှောက်မယ့် လမ်းပေါ်မှာ ဖြန့်ခင်းပေးသွားမယ်.........။။
နင်လျှောက်သွားပါကွယ်
    ဟိုး........ရှေ့မှာ...ရွှေမင်းသားလေး စောင့်နေတယ်..................။
                                                                                    ညီညီ(မြန်အောင်)
လွန်ဆန်ချင်သူ
ဝေနေတဲ့ ပန်းက
 အချိန်တန်တော့ မြေမှာကြွေတယ်
  အေးမြတဲ့ စမ်းက
    နွေအလည်မှာခမ်းခဲ့ ရတယ်
      သာနေတဲ့ လက
        မကြာခဏတိမ်းဖုံးတယ်
          ကြယ်စုံတဲ့ ကောင်းကင်က
            ညဉ့် နက်သန်ကောင်ယံဆိုခဏခဏကြွေကျတယ်......................
အေးစက်တဲ့ ပင်လယ်ပြင်က
  တခါတခါမှာမုန်တိုင်းကျတယ်
     လေအတိုက်မှာ
        သစ်ရွက်တွေမြေမှာကျတယ်
           နင်းမုန်းလိုက်တဲ့ 
              ငါ့ နှလုံးသားလည်းတလိမ့် လိမ့် နဲ့ မြေမှာခတယ်.............................
အချစ်၇ဲ့ အစဟာအမုန်းဆိုရင်
  နင်ကလွဲပြီးငါဘယ်သူ့ ကိုမှမချစ်ချင်တော့ဘူး
    ကွဲကွာခြင်းရဲ့ အစဟာ တွေဆုံခြင်းဆို၇င်
       ငါဘယ်သူနဲ့ မှ မတွေ့ ချင်တော့ ဘူး
         လွမ်းတာရဲ့ အစဟာသံယောဇဉ်ဆိုရင်
             ငါဘယ်သူကိုမှ သံယောဇဉ်မထားချင်တော့ ဘူး
                ငါလေတခါတလေ သဘာဝတွေကိုလွန်ဆန်ချင်နေပြီ..........။
                                                                                    ဖိုးခွားလေး(ကော့မှုး)
Video တည်းဖြတ် ၊ ပြင်ဆင် ၊ အခွေထုတ်ချင်သူများ လေ့လာဖို့  Ulead
ဒီဆော့ဝဲလေးကတော့ဗီဒီယိုတည်းဖြတ်တာဝါသနာပါသူတွေအတွက်လေ့လာဖို့ တင်
ပေးလိုက်ပါတယ်ကွန်ပျူတာဝယ်ရင်းဆိုင်ကတောင်းလာတာအားလုံးလေ့လာဖို့ ပြန်
ပီးလိုက်တာလုပ်နည်းစာအုပ်ကတော့မြန်မာလိုရေးထားတော့စာအုပ်ဖတ်ပီးလုပ်လို့ 
လွယ်ပါတယ်ဗီဒီယိုတွေပြန်လည်ပြင်ဆင်ဖို့ VCD သီချင်းတွေကိုပြန်လည်ပြင်ဆင်ဖို့ 
ကိုယ်ပိုင်စာသားတွေထပ်ထည့်ဖို့ ..ကဲဝါသနာရှင်လေးတွေလေ့လာထားမယ်နော်
ဒီမှာDownload ယူပါ Ulead Video Editor 10
ဒီမှာDownload ယူပါ Ulead Video Editor လုပ်နည်းစာအုပ်
နင့်ကိုမေ့တဲ့တစ်နေ့ ..တဲ့
ရေမြေတွေခြားနေပေမယ့် 
အရင်တုန်းကနင့် အသံက
လှိုင်းသံနဲ့ အတူငါ့နားကိုလာပြီး ရိုက်ခတ်တယ်..........
ငါညင်သာစွာနားထောင်တိုင်း
ချစ်တယ်ဆိုတဲ့ စကားအရင်ကနင်ပြောဖူးတယ်
ငါ့ နားထဲမှာတောင်အခုထိပြန်ကြားယောင်နေသေးတယ်...........
အနေဝေးလို့ သွေးအေးနေတာလား
ငါးစိမ်းမြင်လို့ ငါးကင် ပြစ်တာလား
အသစ်မြင်လို့ ပဲ မချစ်ချင်တာလား..........................
နင်ပဲပြောထွက်တယ်မေ့လိုက်ပါတော့ တဲ့ 
လွယ်လွယ်နဲ့ မေ့ လို့ ရရင်
ငါနင့် ကိုအစကတည်းကမေ့ လိုက်ပြီ......................
လွမ်းစရာကိုနာစရာနဲ့ ဖြေတဲ့ 
နင်ပေးတဲ့ နာစရာက
ငါ့ အတွက်လွမ်းစရာတွေပဲဖြစ်နေတာ
ငါဘယ်လိုလုပ်မေ့ရလဲ.................................
နင့်ရင်ထဲမှာ ငါမရှိပေမယ့် 
ငါ့ရင်ထဲမှာနင်ရှိတယ်
နှစ်တွေအကြားကြီး ငါ့ ရင်ထဲမှာနင့် ကိုသိမ်းထားတာ
အခုတော့ ငါ့ ရင်တခုလုံကို  အမြစ်တွယ်နေပြီ......................
နင့် ကိုငါအဆိပ်ရည်မလောင်းခဲ့ ဘူး
ငါ့ မျက်ရည်တွေပဲလောင်းခဲ့ တာ
နင်ငါ့ ရင်မှာထာဝရရှင်သန်ဖို့ အတွက်ပါ
နင့် ရင်ထဲမှာတော့ 
ငါ့ကိုမေ့ လိုက်တော့ ဆိုတဲ့ စကားနဲသတ်လိုက်ပေါ့ ................
ဒီကမ္ဘာမှာငါမရှိတော့ တဲ့နေ့ က
နင့် ကိုမေ့တဲ့ နေ့ လိုပဲမှတ်လိုက်ပါ.............................. 
                                          ဖိုးခွားလေး (ကော့ မူး)
နစ်မွန်းသူများသို့.............
ရင်ခုန်တတ်စ
   အချိန်ကပေါ့
        ရည်ရွယ်လို့ထား
              သက်ထားအတွက်လေ
                      စီးပွားကို ရှာဖွေ လောဘ တဏှာတွေနဲ့...............။။
အိမ်ယာ ထူထောင်
    လူတို့ဘောင်မှာ
           ပတ်ဝန်းကျင်ကြား
               သား..မယားတို့
                   မျက်နှာမငယ် ဂုဏ်တင့်တယ်အောင်
                         စီးပွားကိုဆောင်
                              လောဘအမှောင်ထဲ တစ်ခါပြန်ဝင် တိုးမိဆဲ............။။
ငါလည်းလူပဲ..
     ဘာထူးခြား လည်းလေ......။။
လောဘ ရင်ခွင်မှာ
    ဒေါသ ခြေရာထင်ဘို့
          မောဟ နွံတွေကို နင်းခဲ့တယ်.............။။
ခန္ဓာ ငါးဝ
    အနိစ္စ မမြင်
        ဒုက္ခ ပင်လယ်ပြင်ထဲ
            လက်ပစ် ကူးနေဆဲပေါ့.........။။
ဟို တစ်ဖက်ကမ်း
   ငါ ဘယ်လို လှမ်းမလည်း.....?
အဝိဇ္ဇာ ဖုံးထားသမျှ
    သုံးစား မရတဲ့ ငါ့ပညာ
       လောင်မီး ကိလေသာမှာ
              ဘဝတွေ အခါခါနာခဲ့ပြီး
                   နိဗ္ဗာန် ဆိုတဲ့ ခရီးဝေး
                       ခပ်ရေးရေးတောင် မမြင်ခဲ့ဘူး...............။။
ဒီပင်လယ် ပြင်ကြီးထဲ
   လက်ပစ် ကူးနေလည်း
         မေခလာ မျက်နှာလွဲ နေဆဲပေါ့.....။။
                                                           ညီညီ(မြန်အောင်) 
ပြန်လည်ဆုံတွေ့ ခွင့်ရလိုပါဧ။်
အပြောင်းလည်းတွေများတဲ့ 
လူတွေကြားထဲမှာ ငါလေနင့်ကို
မပြောင်းမလည်း ချစ်ခဲ့ တာ................
သုံးနှစ်ဆိုတဲ့ အချိန်က
ငါ့ ရင်မှာ မနေ့ တနေ ကလိုပဲ
အချိန်တွေကြာခဲ့ ပေမယ်
ငါနင့် ကိုမေ့ မရခဲ့တာပါ.................
ချစ်တယ်ဆိုနဲ့ စကားတခွန်းနဲပဲ
နင့်နေရာမှာဘယ်သူကိုမှ အစားမထိုးခဲ့ ဘူး
နောက်ထက် ချစ်တယ်ဆိုတဲ့ စကားလည်း
ငါဘယ်သူဆီကမှ မကြားချင်တော့ ဘူး.................
နင်ဘယ်မှာလည်း ငါမသိဘူး
ဒါပေမယ် ငါ့ရင်မှာနင်ရှိတယ်
တမိုးအောက်မှာ
ငါတို့ နှစ်ယောက်အတူရှိနေတယ်ဆိုတဲ့  စိတ်လေးနဲပဲ
ငါဖြေသိမ့်နေရတာပါ......................................
ကံမကုန်လို့ ပြန်ဆုံကြ၇င်
အရင်ကလိုအလွမ်း
ထာဝရလမ်းမခွဲကြေးလို့ ပြောကြရအောင်............................
နင့် နဲ့ ငါ့ ကြားအမှတ်တရအနမ်းမရှိပေမယ့်
ထာဝရအလွမ်းတော့ နင်ပေးခဲ့တယ်နော်......................
ပေလည်းအသီးပဲသီးတယ်
ကျီးလည်းတသားပဲပေါက်တယ်
ငါလည်းနင့် တယောက်တည်းကိုပဲချစ်တယ်................
တခွန်မရှိတဲ့ ဘုရား
အလှံမရှိတဲ့  ရထား
လင်မရှိတဲ့ မယား
ကြာမရှိတဲ့  ကန်
အသီးမဝေတဲ့  အပင်
နင်မရှိတဲ့  ငါ့ရင်ခွင်
ဘယ်တင့် တယ်နိုင်တော့ မှာလည်း.....................
လောကကြီးရေ
ဖြစ်သင့် တာတွေဖြစ်ပြီးရင်တော့ 
ဖြစ်ချင်တာလေး တခုလောက်ဆုတောင်းပါရစေ
ချစ်သူနဲ့  အမြန်ဆုံးဆုံတွေ့ ခွင်ရပါလို ၏.....
        ဖိုးခွားလေး(ကော့မှုး)
                             အဝေးကချစ်သူ စိုင်းနုနုအောင်အတွက်
နှလုံးသားနှင့်...ရင်း၍
ကောင်မလေးရေ....
    နင်က လမင်းကြီးဆို
         ငါက ကြယ်ကလေးပါ.......။။
ငါလို ကြယ်တစ်ပွင့်
      ကြွေကြလို့ မြေမှာခ
            နင် ဝမ်းနည်း ရမှာလား.....?
မထင်ပါဘူး
    နောက်ထပ် အများစု
            နင့်ဘေးနားမှာ အဖော်ပြုနေတယ်............။။
သုဘဒ္ဒါ မုန်းတဲ့ ဆဒ္ဒန်
     သီတာမုန်းတဲ့ ဒဿ
          နင်မုန်းတဲ့ ငါ့ဘဝ
              အသည်းနာပေမယ့် နောက်ဆုံး
                     ချစ်သူကိုတော့ ပြုံးပြနေဦးမယ်...........။။
အမုန်းဆိုတဲ့ ရေစက်တွေ
       ငါ့ကို ပက်ဖျန်း နေမှတော့
            ရှောင်ပြေးလို့ မလွတ်နိုင်
                     မာနဆိုတဲ့ တိုင်ကြီးလည်း
                           ယိုင်နဲ့ ကာ လဲခဲ့ပြီ..............။။
နင့်ရဲ့ရှေ့မှောက်
    ဒူးမထောက်ချင်ပေမယ့်
        မူးနောက်နေတဲ့ နှလုံးသားက
             ငါ့မာနကို..
                   ရူးလောက်အောင် ပြုစားခဲ့တယ်..........။။
ဒါပေမယ့်...
     ပြန်ရလိုက်တဲ့ ဘဝ
           အရာရာ မမျှတဘူး...
                ဝေးကွာခြင်း နေ့ရက်တွေအား
                      အမုန်းတွေက ထပ်ခြားလိုက်တယ်..........။။
အမုန်း သံသရာမှာ
    လူဖြစ်လာတဲ့ ငါကတော့
          အားလုံးရဲ့ ဝေဖန်မှု
                  ဗီလိန် ဆိုတဲ့ ဆုတစ်ခုနဲ့
                       အချစ်ကို အလေးပြုနေဆဲ........။။
ဘဝ ခပ်မွဲမွဲမှာ
    ငါ ဆုတောင်းမှားခဲ့တော့လေ
          မုန်းနိုင်ပါစေ....
               မေ့နိုင်ပါစေ........
                    နှလုံးသားဟာ နွေ
                         ထာဝရ အတွက် ပူပါစေ                             
                           ကျေနပ်နိုင်မလား နွေ............။။
                                                         ညီညီ(မြန်အောင်)
တစ်နေ့တော့အတူတူသေရမည်
ကျွန်ုပ် ဆင်းရဲသည်
တနေ့ တော့  သေရမည်
သင်.. ချမ်းသာသည်
သင်လည်းတနေ့ တော့ သေရမည်....................။
ကျွန်ုပ်ရုပ်းဆိုးလည်
တနေ့ တော့ သေရမည်
သင်..ရုပ်ချောသည်
သင် လည်းတနေ့ သေရမည်...........................။
ကျွန်ုပ် ကောင်းတာတွေလုပ်သည်
တနေ့ တော့ သေရမည်
သင်..မကောင်းတာတွေလုပ်လည်း
တနေ့ သေရမှာပဲ............................................
သင်မာတွေနဲ့  မောက်မာသည်
တနေ့ တောသေရမည်
ကျွန်ုပ် အားလုံးကို အောက်ခြေကနေဆက်ဆံသည်
ဒါပေမယ့် တနေ့ တော့ သေရမည်......................။
မကောင်းတာလုပ်လည်း သေမဲ့အတူတူ
ကောင်းတာလုပ်ပြီးသေတော့ မယ်.....................။
မာနထားလည်းသေမဲ့ အတူတူ
မာနမထားပဲ သေတော့ မယ်..............................။
                                                                  ဖိုးခွားလေး ( ကော့ မူး)
ဗီဒီယိုတည်းဖြတ်ခြင်းနဲ့ ပတ်သက်၍၀ါသနာပါသူများအတွက်
ဝါသနာပါသူတွေလေ့လာလို့ ရအောင်တင်းပေးလိုက်ပါတယ်ကျနော်ကတော့ဝါသနာ
ပါလို့ စာအုပ်တွေစုထားတာအချိန်မရတော့သေချာမဖတ်ရသေးဘူးဖတ်ကြည့်ကြပေါ့
နောဖတ်ကြည့်ရင်အမြတ်ရှိမှာတော့အသေအချာပဲဗျာ..ကဲလိုအပ်ရင်ဆွဲထားမယ်...။
ဒီမှာ Download ယူပါ   အသုံးချဗီဒီယိုတည်းဖြတ်မှုနည်းပညာစာအုပ်
.
လက်ဆောင်....
moonface ဆိုတာ
     ကောင်းကင်မှာ တည်ရှိမှ
              သာယာတဲ့ ဘဝလေ............။။
ကြယ်ပေါင်းစုံတွေ ရဲ့ကြား
           မာန ဆိုတာမထားရင်
               အများကချစ်ခင်လို့
                  ရတု..ကဗျာတွေကြား
                          နင်ဆိုတာ အပါများခဲ့တာပေါ့.........။။
မဟူရာညတွေအား
    အလင်းရောင်များ ပေးသနားရင်
             နင်ဟာအရှင်ခင်ပဲ...........။။
တိမ်မည်းတိမ်ပုပ်များ
    ဝင်လာကာ အုပ်မိုးထားလည်း
          နင့်ရဲ့ သူငယ်ချင်း
               ညလေပြေညှင်းက
                    အဝေးကို ဖယ်ရှားပေးလို့
                           နင့်ဘဝ လှပဘို့အရေး
    သူတို့ ကူညီပေးတယ်............။။
ငွေလမင်းရေ.........
     အမြင့်မှာ နေရင်း
            မာန တွေနဲ့ စစ်မခင်းနဲ့............။။
ဒီလောကကြီးအား
        အေးမြခြင်းတွေ ပေးသနားပါ.........။။
သဘာဝအလင်းတွေနဲ့
        ဒီလောကအတွက်
                ဆေးတစ်ခွက် တိုက်ခဲ့ပါ.........။။
နင့်ဘဝရဲ့ အေးမြခြင်းမှာ
     ထာဝရ သာယာခြင်းတွေ ရှိပါစေ.............။။
ကျွန်တော်၏ သူငယ်ချင်း သူဇာထွန်း အတွက် အမှတ်တရ.ညီညီ(မြန်အောင်)
Flash သီချင်းလုပ်နည်းနဲ့ ပတ်သက်၍သိသင့်သောအချက်လေးများ
အခုတလောစာအုပ်လုပ်မယ်ဆိုပြီမလုပ်ဖြစ်သေးဘူးဗျာကျနော့သူငယ်ချင်းတွေအ
တွက်သီချင်းလုပ်နည်းအသေးစိတ်ကိုရေးချင်တာပုံနဲ့ စာထိုးပြီးလုပ်ရမှာဆိုတော့အ
ချိန်နဲ့ နဲယူရမှာအလုပ်ကမပြီးအိုတီကဆင်းရတေပီဆရာပဲရေးမယ်လို့ ပြောထားတဲ့
သူတွေမေးထားတဲ့သူငယ်ချင်းတွေအတွက်အားနားတယ်ဗျာဒို့ တာဝန်အရေးသုံးပါး
(စား၊၀တ်၊နေ)အတွက်လှုပ်ရှားနေရတော့စိတ်ရှိသလောက်အချိန်မပေးနိုင်တာပါ
လောလောဆယ်တော့အရေးကြီးတာတွေအရင်ရေးကြည့်မယ်နောFlash သီချင်း
ရင်5mb ကျော်ရင်တင်လို့ မလွယ်သလိုဒေါင်းတဲ့သူလည်းခက်တာပေါ့အဲ့တော့အ
သေးဆုံးအထိရသလောက်သီချင်းကိုဆိုဒ်သေးထားမယ်ဗျာ64kbps ဆိုအနေတော်ပဲ
သေးလွန်းရင်လည်းအသံပိုင်းဆိုင်ရာညံ့သွားတယ်ဗျ32လောက်အထိချလို့ လည်းရ
ပါတယ်စာတန်းထိုးမှာပုံတွေထည့်မှာနဲ့ ဆိုတော့သေးလေကောင်းလေပါသေးနည်း
ကတော့Format Faခtory နဲ့ လည်းရပါတယ်တခြားသေးတဲ့ဆော့ဝဲလည်း၇ှိပါတယ်
နောက်မှတင်ပေးပါ့မယ်ပြီးရင်သီချင်းရေးပြီးသာရှိရမယ်ပေါ့အဲ့ဆိုသီချင်းလုပ်လို့ ရ
ပါပြီနောက်ခံပုံကအရှင်လေးတွေထည့်တာပိုကောင်းပါတယ်ကျနော့ဆီမှာတော့စု
ထားတာအများကြီးစက်ရုံကလိုင်းနဲ့ မှတင်လို့ ရမှာအားလုံးပြန်လည်မျှဝေဖို့ စိတ်ကူး
ထားပါတယ်မောက်အဖက်ကတော့အများကြီးပါတစ်မျိုးထဲကိုပဲအဖက်လေးတွေ
ပြောင်းပြီးသုံးသွားရင်လည်းရပါတယ်အဖက်တွေကလည်းအများကြီးဆိုတော့ဘယ်
ဒီဇိုင်းကအလှဆုံးလည်းဆိုတာသုံးတာကြာရင်သိလာမှာပါကျနော်လုပ်ပြီးသားအဖက်
အဆင်သင့်တွေလည်း၇ှိပါတယ်Uploadပြန်တင်ရမှာဆိုတော့နောက်မှပြန်မျှပါ့မယ်အ
ခုတော့ကျနော်လုပ်ပြီးသားဒီဇိုင်းလေးတစ်ခုတင်လိုက်ပါတယ်မူရင်းလည်းတင်ပေးပါ့
မယ်အဲ့ဆိုကျနော့နာမည်နေရာမှာပြောင်းထည့်ရုံပဲချစ်သူကိုပေးရင်တော့လန်းတဲ့ဒီ
ဇိုင်းလေးပါကိုယ်ပိုင်စိတ်ကူးစစ်ဖြစ်ပြီးချစ်သူ၇ှိသူများကြိုက်စေရမယ်လို့ သေချာပြော
ရဲပါတယ်ဘာလို့ လည်းဆိုတော့ကျနော်အသေးစိတ်ဒီဇိုင်းထွင်ထားလို့ ပါချစ်သူ၇ှိသူ
များအတွက်သီးသန့် ပါငှက်ကလေးက2ကောင်လိပ်ပြာလေးက2ကောင်ယင်ကောင်
လေးက2ကောင်နဲ့ ချစ်တယ်ဆိုတဲ့လူရုပ်လေးကကျနော့်ရဲ့ကိုယ်ပိုင်လိုဂိုပါသီချင်းတိုင်း
မှအဲ့အရုပ်လေးကျနော်ထည့်တယ်ကျနော်လုပ်ပြီးသားသီချင်းတွေအများကြီးရှိတယ်
မူးရင်ဖိုင်ကိုတင်ပေးရင်သူငယ်ချင်းတွေအလွယ်တကူပဲနာမည်လေးပြောင်း၇ုံပဲချော
က လက်မှာတော့7MB အထိလက်ခံတယ်ဘာပဲဖြစ်ဖြစ်သီးချင်းဆိုဒ်သေးတော့ဖွင့်
ရတာမြန်တာပေါ့ဆိုဒ်သေးပြီးမှလုပ်သီချင်းရှေ့ဆုံးနဲ့ နောက်ဆုံးကိုမလိုအပ်ရင်ဖြတ်
ပေးမိနစ်နဲတော့MBသေးသွားပါတယ်ဖြတ်တဲ့ဆော့ဝဲလည်း၇ှိပါတယ်အခုတော့ဒီ
လောက်ပါပဲဗျာစာအုပ်လုပ်ဖြစ်ရင်ကျနော့်လိုလူပိတ်းတွေနားလည်တဲ့နည်းနဲ့ ရေး
မှာပါမရေးဖြစ်ခင်တော့ဒီသီချင်းလေးကိုနမူနာကြည့်ကြည့်ပါမကြိုက်ဘူးဆိုဒူးနဲ့ 
နဖူးနဲ့ သာလာတိုက်စမ်းပါ..ဟဟ..................။
နမူနာသီချင်းလေးကဒီမှာ.မင်းတစ်ယောက်ထဲကိုချစ်တာ(ချစ်သူ၇ှိသူများသာဖွင့်ရန်)
စာသားတွေလန်းတယ်ဒီဇိုင်းလည်းလန်းတယ်
လုပ်တဲ့သူကလည်းလန်းတယ်နောဟဟတေပီဆရာ..
မူရင်းဖိုင်ကိုလိုချင်သူများမေးနဲ့ ဆက်သွယ်နိုင်ပါတယ်ဗျာ
ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ
ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here