Tuesday, June 7, 2011

ပြန်လည်ဆုံတွေ့ ခွင့်ရလိုပါဧ။်

အပြောင်းလည်းတွေများတဲ့ 
လူတွေကြားထဲမှာ ငါလေနင့်ကို
မပြောင်းမလည်း ချစ်ခဲ့ တာ................

သုံးနှစ်ဆိုတဲ့ အချိန်က
ငါ့ ရင်မှာ မနေ့ တနေ ကလိုပဲ
အချိန်တွေကြာခဲ့ ပေမယ်
ငါနင့် ကိုမေ့ မရခဲ့တာပါ.................

ချစ်တယ်ဆိုနဲ့ စကားတခွန်းနဲပဲ
နင့်နေရာမှာဘယ်သူကိုမှ အစားမထိုးခဲ့ ဘူး
နောက်ထက် ချစ်တယ်ဆိုတဲ့ စကားလည်း
ငါဘယ်သူဆီကမှ မကြားချင်တော့ ဘူး.................

နင်ဘယ်မှာလည်း ငါမသိဘူး
ဒါပေမယ် ငါ့ရင်မှာနင်ရှိတယ်
တမိုးအောက်မှာ
ငါတို့ နှစ်ယောက်အတူရှိနေတယ်ဆိုတဲ့  စိတ်လေးနဲပဲ
ငါဖြေသိမ့်နေရတာပါ......................................

ကံမကုန်လို့ ပြန်ဆုံကြ၇င်
အရင်ကလိုအလွမ်း
ထာဝရလမ်းမခွဲကြေးလို့ ပြောကြရအောင်............................

နင့် နဲ့ ငါ့ ကြားအမှတ်တရအနမ်းမရှိပေမယ့်
ထာဝရအလွမ်းတော့ နင်ပေးခဲ့တယ်နော်......................

ပေလည်းအသီးပဲသီးတယ်
ကျီးလည်းတသားပဲပေါက်တယ်
ငါလည်းနင့် တယောက်တည်းကိုပဲချစ်တယ်................

တခွန်မရှိတဲ့ ဘုရား
အလှံမရှိတဲ့  ရထား
လင်မရှိတဲ့ မယား
ကြာမရှိတဲ့  ကန်
အသီးမဝေတဲ့  အပင်
နင်မရှိတဲ့  ငါ့ရင်ခွင်
ဘယ်တင့် တယ်နိုင်တော့ မှာလည်း.....................

လောကကြီးရေ
ဖြစ်သင့် တာတွေဖြစ်ပြီးရင်တော့ 
ဖြစ်ချင်တာလေး တခုလောက်ဆုတောင်းပါရစေ
ချစ်သူနဲ့  အမြန်ဆုံးဆုံတွေ့ ခွင်ရပါလို ၏.....
                     
        ဖိုးခွားလေး(ကော့မှုး)
                             အဝေးကချစ်သူ စိုင်းနုနုအောင်အတွက်


0 မှတ်ချက်:

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here