ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ရွက်ပုန်းသီးပုရပိုက်မြို့..(သို့မဟုတ်)....

သမိုင်းအရဆိုပါတော့  ကလေးမြို့ကမှော်ဆရာတွေမထွက်ဘူး
(ဆောင်းရာသီကိုတော်လှန်ဖို့ခေါင်ရည်တစ်ခွက်နဲ့
အိမ်ထဲမှာကွေးနေကြသလား)
မြို့တည်သက္ကရာဇ်(၃၂၈)ကတော့မှော်ဆန်တယ်
အခုလိုဆောင်းဆို
အိနြေ္ဒ-နေရဉ္စရာရဲ့မြ၀တီစံဆိုင်ရှေ့မှာ
မှော်ဝင်အက္ခရာများ 
စာပေသဘောတရားတွေနဲ့ စားတော်တိုက်
လပြည့်ညတောင် လန့်ဖျပ်မှောင်မိုက်သွားတတ်သေး(ဟိုတုန်းက)
ကျွန်တော်တို့ဆိုတာကလေးမြို့ရဲ့မှော်ဝင်သစ်စေ့တွေ
တောင်ကနေမြောက်ကိုလားတဲ့ပြောင်းပြန်သိုင်းသမားမြစ်သာနံဘေး
စုမိဆောင်းမိအလင်းမျှင်ချင်းပေါင်းပြီးရသအညှောက်တွေပြိုင်တူပေါက်ကြ
နှလုံးသွေးရဲ့တောက်ခေါက်သံ
ဝတ္ထုကဗျာသီချင်းတွေရေးကြတယ်
မြို့ကွက်ကသိပ်မထူထပ်ပေမယ့်ခံစားမှုအရေထူထူနဲ့
စာအုပ်ထူထူကြီးတွေကိုကြိုက်ကြတယ်
ကျွန်တော်တို့မြို့ကဧည့်သည်လာရင်သီချင်းဆိုတဲ့မြို့
တောင်ကဖီလာ..မြစ်ကပြောင်းပြန်...လူတွေက  ကန့်လန့်.....တဲ့
မနာလိုလို့ပြောကြတာ..အဲသလို
ပစိပစပ် အပြုံးတစ်စုံဆို
ပိဋကတ်သုံးပုံနဲ့ထုထည့်လိုက်ရမှာ  ၀န်မလေးတဲ့မြို့
အချိန်ကိုတန်ဖိုးထားချက်တော့
အိပ်မက်တောင်မှလိုရင်းတိုရှင်းမက်တဲ့မြို့
ကျွန်တော်တို့မြို့.....
ကလေးမြို့.....ကလေးမြို့....ကလေးမြို့
ချင်းတောင်တန်းကိုလွယ်အိတ်လုပ်
ဇလပ်ပွင့်တစ်ဆုပ်ကြီးရငင်သားကိုရဲရဲခွဲ
ချယ်ရီထင်းရှူးရနံ့သယံဇာတအားလုံး  အင်္ကျီချုပ်ဝတ်ထားတဲ့မြို့
ဆရာမ  ဂျူးရဲ့..တိမ်နဲ့ချည်တဲ့ကြိုး..လူလားမြောက်သွားခဲ့တဲ့မြို့
မြို့လယ်ခေါင်မှာလေယာဉ်ကွင်းရှိတဲ့မြို့
မေခ....မလိခမြစ်ဆုံကိုမမြင်ဖူးပေမယ့်
မြစ်သာ-နေရဉ္စရာ-မြစ်သာ-ချင်းတွင်းဆုံစည်းရာတွေကို
တစ်နေကုန်ထိုင်ပြီးတစိမ့်စိမ့်ကြည့်နေတတ်တဲ့မြို့..ခင်ဗျားတို့လိုပဲ
ကျွန်တော်တို့မှာ...
ဇာတိရနံ့ထုံထားတဲ့ ကိုယ်ပိုင်အိပ်ရာဝင်ပုံပြင်လေးတွေရှိပါတယ်
ချင်းတောင်ပေါ်ကနေဈေးကွက်မြင်းစီးထွက်လာတဲ့
သစ်တော်သီးလေးတစ်လုံးလောက်
ချိုမြိန်မှုတွေစောက်မနက်ခဲ့ဘူး
သမိုင်းအရဆိုပါတော့..
ဇာတိမြို့ဖွဲ့ကဗျာဟာ
ရွက်ပုန်းသီးပုရပိုက်ဆန်နေတယ်......။               ။
                                                        အောင်မှူးဝေ

စိတ်ကူးချိုချိုအနုပညာ..မြို့တွေ၊ရွာတွေ၊ကဗျာတွေ၊စာမျက်နှာ198/199


သစ္စာဖောက်ကဗျာ( ၂ )

ဇူလိုင်တစ်ဆယ့်ကိုး
နေရာတိုင်းမှာကိုယ်ပိုင်အလေအလွင့်တွေနဲ့
လေလိုလွင့်လို့
ဖုန်မှုန့်တွေထဲ မျက်ရည်ရဲ့အသက်ဓာတ်က
ကပ်ပါလာ..။
၁၉၄၇
ငါတို့တိုင်းပြည်ရဲ့အံသွား
ပိုးမစားဘဲနှုတ်ပစ်ခံခဲ့ရတဲ့နှစ်
ပိုနှမြောဖို့ကောင်းတာက
အဲ  ဒီသွားဟာ  အံပွားဖြစ်တယ်။
အခုတော့လည်း
ဈေးကြီးပေးရတဲ့ ကြွေသွားနဲ့
အပြုံးကမြင့်မားတောက်ပနေသယောင်
ပဲ။
ဆက်လက်ကြိတ်ဝါးစရာအစီစဉ်မှာ
မင်းရော  ငါရော  ကလေးတွေရော
ကြေညက်ပေးလိုက်ဖို့အဆင်သင့်လား။
အမှားဟာအမှန်ထဲမှာခွေနေတုန်း
အမှန်ကအမှားကိုကျော်တက်လိုက်ဖို
အားအပြင်းဆုံးဂီယာကိုရွေးတယ်
တကယ့်တောင်တက်ခရီးဆို
ဘရိတ်တစ်ခုထဲပါတဲ့သမိုင်းက
ဘီးတွေကိုဆွံ့အသွားစေခဲ့။
ခေါင်းတလားအဖုံးပေါ်
သံမှိုတစ်ချောင်း ဒိုင်းကနဲ စိုက်ဝင်လာသလို
ဒေါသက ငါ့ဦးနှောက်ထဲစိုက်ဝင်လာ
လွမ်းသူ့ပန်းခွေမှာ
သစ္စာဖောက်သွေးနဲ့ပျိုးတဲ့ပန်းတွေဝေပြီး
နှလုံးသားတစ်ဝိုက်မှာနေပူတယ်။       ။

(ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ခေါင်းဆောင်ကြီးများသို့........)
                                                                                အောင်မှူးဝေ


သစ္စာဖောက်ကဗျာ(၁)

သစ္စာဖောက်တေးသံနဲ့ကြမ္မာငင်နေတဲ့
စိမ်းလန်းမှုတွေထဲ
မေတ္တာတရားအကြောင်းချရေးရင်း
ပေါက်ဓားကမနက်ဖြန်ရဲ့ရင်အုံဆီပြေးစိုက်ခဲ့
ဘ၀တစ်ပါးမှာ ဘ၀ရပ်တည်မှုကဘာလဲ
ဝီစကီခွက်ထဲရေခဲတစ်တုံးကျလာသလို
မေးခွန်းတွေထဲ
ဆိတ်ဖလူးရနံ့တွေကျလာရင်
ညတစ်ညလုံးအဖြေတွေနဲ့မွှေးမြ
ငါတို့အလွမ်းရဲ့အစဟာစတင်တုန်း
ကိုယ်ပျောက်ဝိဇ္ဇာရိုးသားမှုလေးေ
ငါတို့ကိုယ်ငါတို့ရှာမတွေ့တော့တာပြဿနာပဲ
ငါတို့အနာဂတ်ကို
မပြည့်သေးတဲ့ဝါကျတွေနဲ့ရေးရတယ်။
 
                                       အောင်မှူးဝေ


သူငယ်ချင်းဆိုတာ........(သူငယ်ချင်းရှိသူတိုင်းဖတ်စေချင်ပါတယ်)

သူငယ်ချင်း မိတ်ဆွေတွေနဲ့ပတ်သက်တဲ့ စကားတစ်ခွန်းက ဒီလိုဆိုထားပါတယ်။ "သူငယ်ချင်းမိတ်ဆွေများရင် လျှောက်တဲ့လမ်းက ဖြောင့်သွားတယ်"တဲ့။

သူငယ်ချင်း မိတ်ဆွေတွေ အသစ်တိုးတာ မင်္ဂလာတစ်ပါးပါ။ လူတိုင်း သူငယ်ချင်းအသစ်တွေနဲ့ ခင်မင်ရင်းနှီးနိုင်ဖို့ မျှော်လင့်ကြတယ်။ ဒါပေမဲ့ (American Sociological Review,ASR)က သူတို့လေ့လာဆန်းစစ်ခဲ့တဲ့ ဆန်းစစ်ချက်အရ အခုခေတ်လူတွေမှာ သူငယ်ချင်းတွေ နည်းသထက်နည်းခဲ့ကြတာကို တွေ့ရတယ်။ လေ့လာဆန်းစစ်ခံရသူ ၄ပုံ၁ပုံက သူတို့မှာ သူငယ်ချင်းနည်းရတဲ့အကြောင်းက ဘယ်သူ့ကိုမှ ယုံကြည်လို့မရကြောင်း ဆိုထားကြတယ်။

လျင်သူစားစတမ်း၊ သာသူမြတ်ဆိုတဲ့ ခေတ်ကာလကြောင့် လူအချင်းချင်းကြားမှာ ဘယ်သူက အစစ်အမှန်၊ ဘယ်သူက အတုအယောင်ဆိုတာကို ခွဲခြားဖို့ခက်ခဲသွားတယ်။ "သူငယ်ချင်း"ဆိုတဲ့ အခေါ်ကိုလည်း ကျွန်တော်တို့ ထိတ်လန့်လာခဲ့ကြတယ်။

ဒီလိုဆိုရင် ဘယ်လိုအရာမျိုးကို သူငယ်ချင်းအစစ်အမှန်လို့ ခေါ်သလဲ? လူတစ်သက်မှာ အဲဒီလို သူငယ်ချင်းမျိုး ဘယ်နှယောက်လိုသလဲ?

အမေရိကန်စာရေးဆရာ Todd Parrက "အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်ဆီကနေ သင်လိုချင်တဲ့အရာတွေ ရလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့"လို့ ဆိုထားတယ်။ အမေရိကန်စာရေးဆရာ Tom Rathက လူတစ်ယောက်မှာ မရှိမဖြစ်တဲ့ သူငယ်ချင်း(၈)မျိုး လိုအပ်တယ်ဆိုပြီး အခုလို့ရေးသားခဲ့ပါတယ်။

(၁) ဆရာနဲ့တူတဲ့ သူငယ်ချင်း
သူတို့က သင့်ကောင်းကွက်တွေ သင်ကိုယ်တိုင် သိမြင်နိုင်ဖို့ သင့်ကိုအမြဲကူညီအားပေးတယ်။ ဒီလို သူငယ်ချင်းမျိုးကို ဆရာအမျိုးအစားလို့ခေါ်တယ်။ သူတို့က သင့်ရဲ့ဆရာဖြစ်ချင်မှဖြစ်မယ်။ ဒါပေမဲ့ သူတို့မှာ အခြားဗဟုသုတ၊ အတွေ့အကြုံတွေနဲ့ ပြည့်စုံတယ်။ သင့်ရဲ့အလုပ်အကိုင်၊ မိသားစု၊ လူလူချင်း ပေါင်းသင်းဆက်ဆံရေးတွေမှာ သူတို့က သင့်ကို အကြံဉာဏ်တွေပေးနိုင်တယ်။ လူ့ဘဝမှာ ဒီလိုသူငယ်ချင်းမျိုးက သင့်စိတ်ကို ထောက်ကူပေးတဲ့သူဖြစ်တယ်။ သူတို့ဟာ သင့်အနားမှာ အမြဲရှိနေပြီး သင်အတုယူထိုက်သူလည်းဖြစ်တယ်။

(၂) ဖေးမကူညီတဲ့သူငယ်ချင်း
သင့်ကို ဆုံးမလမ်းညွှန်ပြီး လူတွေရှေ့မှာ သင့်ကိုချီးမွမ်းစကားပြောတဲ့ သူငယ်ချင်း... ဒီလိုသူငယ်ချင်းမျိုးက "နင့် ငါ့ကိုကူ၊ ငါ နင့်ကိုကူ"ဆိုတဲ့ အချင်းချင်းကူညီအားပေးတဲ့သူဖြစ် တယ်။ ဘဝရှင်သန်ကြီးပြင်းရာ လမ်းတစ်လျှောက်မှာ သူငယ်ချင်းရဲ့ ဖေးမကူညီမှု၊ ချီးကျူးမှုတွေက အဖိုးတန်လွန်းတယ်။ ဆင်းရဲဒုက္ခ၊ အခက်အခဲတွေနဲ့ သင်ရင်ဆိုင်ရချိန် ဒီလိုသူငယ်ချင်းမျိုးက သင့်အခက်အခဲတွေကို ကူညီမျှဝေဖြေရှင်းပေးတယ်။ သင့်ရင်ထဲက ဖိအားကို လျော့ချပေးတယ်။ သူတို့ရဲ့ယုံကြည်မှုက သင့်အတွက် စိတ်ဓာတ်အားဆေးဖြစ်တယ်။

(၃) စိတ်တူကိုယ်တူ သူငယ်ချင်း
သင်နဲ့ ဝါသနာတူသူက သင်နဲ့ပေါင်းဖက်ဖို့ အသင့်တော်ဆုံး သူငယ်ချင်းဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးနဲ့ အတူနေချိန် သင့်စိတ်က သူတို့စိတ်နဲ့ အာရုံခံစားမှုချင်းတူတယ်။ ဒါကို "နားလည်မှု"လို့ခေါ်တယ်။ သင့်ပြောတဲ့စကား၊ သင့်တွေးတဲ့အတွေးတွေက သူတို့အတွေးတွေနဲ့ ထပ်တူနီးနီးကျတယ်။ စိတ်ချင်းကူညီအားပေးတဲ့ ခံစားမှုမျိုးကိုရတယ်။ ဒီလိုသူငယ်ချင်းမျိုးက သင့်ကိုယ်သင် အသိအမှတ်ပြုလာအောင် ကူညီပေးသလို သင့်ဝါသနာ၊ သင့်ရည်မှန်းချက်၊ သင့်အကြိုက်တွေကို သူတို့နဲ့အတူ မျှဝေခံစားနိုင်တယ်။ ဒီလို မျှဝေခံစားမှုမျိုးက သင့်စိတ်ကို လုံခြုံစေတယ်။ မိမိကိုယ့်ကို ယုံကြည်မှုရှိစေတယ်။ စိတ်ကူးကို အလွယ်တကူ အကောင်အထည်ပေါ်စေတယ်။ သင့်ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်ကြီးပြင်းစေပါတယ်။

(၄) တံတားခင်းပေးတဲ့ သူငယ်ချင်း
ဒီလိုလူမျိုးက ကူညီတဲ့သူငယ်ချင်း အမျိုးအစားဖြစ်တယ်။ သင် အားရကျေနပ် ပျော်ရွှင်ချိန်မှာ သူတို့ရဲ့အရိပ်တွေက သင့်အနားမှာရှိမနေဘူး။ သင့် စိတ်ညစ်အားငယ် ကြေကွဲချိန်ကျမှ သင့်ရှေ့မှောက် ရောက်လာတတ်သူတွေဖြစ်တယ်။ သင်ယုံကြည်စိတ်ချရတဲ့ ကူညီမှုမျိုးကို သူတို့ပေးတယ်။ မျှော်လင့်ချက်နဲ့ အခွင့်အရေးကို သင်ပြန်မြင်ရဖို့ သူတို့စွမ်းဆောင်ပေးတယ်။ စိတ်ဓာတ်တွေ အရောင်တောက်အောင် သူတို့မပြတ်ကူညီပေးတတ်တယ်။

(၅) အားပေးဖော် သူငယ်ချင်း
ဒီလိုလူမျိုးက သင့်ကိုပေါ့ပါးလန်းဆန်းစေတဲ့ သူငယ်ချင်းဖြစ်တယ်။ တချို့သူငယ်ချင်းတွေက သင့်ကိုခင်မင်ရင်းနှီးပြီးတာနဲ့ သင့်ကို တခြားစိတ်တူကိုယ်တူ
သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတယ်။ သင့်စိတ်တွေ မွန်းကြပ်တဲ့အခါ၊ စိတ်ညစ်တဲ့အခါ သူတို့က သင့်ရင်ဖွင့်သံကို ပထမဦးဆုံး နားထောင်ပေးသူတွေဖြစ်တယ်။ ဒီလို သူငယ်ချင်းမျိုးက သင့်အတွက် အကောင်းဆုံးနားထောင်သူဖြစ်တယ်။ သင့်စိတ်ကို ဖြေလျော့စေတယ်။ သူတို့နဲ့ပေါင်းသင်းရတာ သင့်ကို ဘာစိတ်ဖိအားမှ မရှိစေတဲ့အပြင် သင့်ရင်ထဲက မွန်းကြပ်နေတဲ့အရာတွေကို ထွက်ပေါက်ပေးစေတယ်။ သင့်ရဲ့ တည်ငြိမ်အေးချမ်းတဲ့စိတ်ကို အသစ်တစ်ဖန် မွေးဖွားစေပါတယ်။

(၆) အသိအမြင်တိုးပွားစေတဲ့ သူငယ်ချင်း
သင့်ကို ဆန်းသစ်တဲ့အမြင်၊ ဆန်းသစ်တဲ့အခွင့်အရေးတွေကို တွေ့မြင်စေတဲ့သူငယ်ချင်းဖြစ်တယ်
။ ဒီလိုသူငယ်ချင်းမျိုးလည်း ဘဝမှာ မရှိလို့မဖြစ်ပါဘူး။ သူတို့ဟာ သင့်ရဲ့ "ကမ္ဘာ့စာကြည့်တိုက်"ဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးက သင့်အသိဉာဏ်၊ ဗဟုသုတ၊ ပေါင်းသင်းဆက်ဆံရေးကို ကျယ်ပြန့်စေတယ်။ သင့်ကို မတူတဲ့စိတ်ခံစားမှုမျိုးကို ခံစားစေတယ်။ သင့်ကို မြင့်မြင့်ရပ်၊ ဝေးဝေးလှမ်းကြည့်တတ်ဖို့ သင်ပေးသူတွေဖြစ်တယ်။

(၇) လမ်းပြသူ သူငယ်ချင်း
သင့်စိတ်ကူးအတွေးတွေကို သန့်ရှင်းကူညီပေးသူ၊ လမ်းပြအကြံပြုတဲ့ သူငယ်ချင်းမျိုးဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးက လမ်းပြမီး အမျိုးအစားဖြစ်တယ်။ လူတိုင်းမှာ လိုအပ်ချက်နဲ့ အကူအညီဆိုတာ လိုအပ်တယ်။ တချို့အခက်အခဲတွေကို သင့်ကိုယ်ပိုင်စွမ်းအားနဲ့ ဖြေရှင်းဖို့မလွယ်ကူတဲ့အခါ ဒီလိုသူငယ်ချင်းမျိုးက သင့်ကို စိတ်ပါလက်ပါကူညီပြီး အသင့်တော်ဆုံး အကြံတွေကိုပေးတယ်။ သင့်စိတ်ရှုပ်ထွေးတဲ့အခါ၊ စိတ်ညစ်တဲ့အခါပဲဖြစ်ဖြစ် သူတို့ကို သင်ရင်ဖွင့်နိုင်တယ်။ သူတို့က ရှုပ်ထွေးနေတဲ့ သင့်စိတ်ကို ကူညီသန့်ရှင်းပေးပြီး ကြည်လင်တဲ့ဖက်ကို လမ်းညွှန်ပေးတယ်။

(၈) သင့်ကိုအဖော်ပြုတဲ့ သူငယ်ချင်း
ကောင်းတဲ့သတင်းပဲဖြစ်ဖြစ်၊ ဆိုးတဲ့သတင်းပဲဖြစ်ဖြစ် သူတို့ကိုအရင် သင်ပြောပြတယ်။ သူတို့ဟာ သင်နဲ့ အမြဲအတူရှိနေတယ်။ ဒီလိုသူငယ်ချင်းမျိုးက ပင်လယ်ထက်ကျယ်တဲ့ ရင်ခွင်ရှိတယ်။ တောင်တန်းတွေလို မြင့်မားတဲ့ စိတ်သဘောထားရှိတယ်။ သူတို့ကို သင်ဘယ်အချိန်သွားရှာခဲ့ရှာခဲ့ သူတို့က သင့်ကိုနွေးနွေးထွေးထွေး ကြိုဆိုတယ်။ သူတို့က သင့်အတွက် စိတ်ပြည့်ဝ၊ တည်ငြိမ်စေတဲ့ သူငယ်ချင်းဖြစ်တယ်။ တစ်ခါတလေ ပြောစရာ စကားများများစားစား မရှိချင်နေ သင့်အနားမှာ သူတို့ရှိတယ်ဆိုရင်ပဲ သင့်စိတ်ကို တည်ငြိမ်အေးချမ်းစေပါတယ်။

သူငယ်ချင်းတွေနဲ့ အမြဲမဆက်သွယ်တိုင်း၊ အမြဲမတွေ့ဆုံမိတိုင်း မေ့သွားပြီလို့ မဆိုနိုင်ပါဘူး။ သူငယ်ချင်းဆိုတာ ဟောင်းနွမ်းသွားလို့ရပေမယ့် ခင်မင်ရင်းနှီးမှုက ယုတ်လျော့သွားလို့ မရဘူး။ သင့်ဘဝတစ်သက်မှာ စိတ်တူကိုယ်တူ သူငယ်ချင်းကောင်း ဘယ်နှယောက်ရှိနိုင်မလဲ? တကယ်လို့ အထက်က သူငယ်ချင်းမျိုးနဲ့ သင်ကြုံဆုံလာတဲ့အခါ သူတို့ကို တန်ဖိုးထားမြတ်နိုးလိုက်ပါ။

ဒီစာလေးကိုဖတ်ပြီးတော့ ကိုယ့်ရဲ့ သူငယ်ချင်းတွေကို ဆန်းစစ်ကြည့်လို့ ရတာပေါ့နော်။ သူငယ်ချင်းတို့ အားလုံး ဘ၀မှာ အကောင်းဆုံးသူငယ်ချင်းတွေနဲ့  အမြဲ ဆုံစည်းနိုင်ကြပါစေ လို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။ ဥပမာ- ကျွန်တော့်လို သူငယ်ချင်းမျိုးပေါ့နော်……..။း )

ဒီစာလေးကပန်းကလေး(pankalay025@gmail)မှမူရင်းအတိုင်းကူးယူဖော်ပြထားခြင်းပါ


ဇင်မီ (သို့မဟုတ်)ရတနာတို့ရဲ့မြစ်ဖျား

ညညဆို
ကြယ်ကလေးတွေနဲ့ အတူတူလမ်းပျောက်ရင်း
နေ့နေ့ဆို
ဆောင်းနှောင်းသဇင်လေးတွေနဲ့အတူ
တူဖူးပွင့်ရင်း
ကလေးလေးတစ်ယောက်အရွယ်ရောက်ခဲ့ပြီ
ဇင်မီ..။
အခု
စွယ်တော်လေးတွေရဲ့အစိမ်းရောင်ခြေစစ်ပွဲရာသီ
မြို့ကလေးမှာပျော်ရဲ့လား
ငါ့သက်တန့်ချိုချိုလေးဟာ
နင်ပဲ  ဇင်မီ..။
မြစ်သာရဲ့ရင်ခွင်မှာပျော်ရဲ့လား
ငါ့တစ်ဘ၀လုံးရဲ့ရေစီးသံဟာလည်း
နင်ပဲ....ဇင်မီ။
ကြယ်စင်တွေတိုက်ပွဲကျတဲ့ည
အလွမ်းမှောင်မှောင်ကငါ့ကိုလောင်မြိုက်တယ်
ဇင်မီ..။
ကောင်းကင်ပေါ်ကကောက်ရတဲ့ရွှေရုပ်ကလေးလို
ငါနင့်ကိုချစ်တယ်ဇင်မီ။
နင့်ပါးပေါ်ကတဖွားဖွားကြွေဆင်း
လင်းလင်းကလေးမွှေးနေတဲ့
သနပ်ခါးမှုန်လေးတွေကအစ
နင်နဲ့ပတ်သက်သမျှအားလုံး
ငါချစ်ရတယ်   ဇင်မီ....။   
                                         အောင်မှူးဝေ


နွေဦးလွင်အတွက် Happy Birthday

August 23....
  အပျော်ရွှင်ဆုံး နေ့တစ်နေ့
      တောင်းဆုများလည်း ပြည့်ပါစေ.............။
ပန်းတွေလို မွှေး
    စမ်းရေလို အေးရင်း
       နင့်ဘဝ မျှော်လင့်ခြင်းတွေ ပြည့်ပါစေ...........။
နံနက်ခင်းမှာ
   ရောင်နီ အလင်းက
       နင့်အတွက် ကံကောင်းခြင်းတွေ သယ်ပိုးရင်း
                ကြည်လင်စွာနဲ့ ထွန်းလင်းလာမယ်...........။
ပန်းပေါင်းစုံကို ဆက်ကပ်ရင်း
  ငါ........... ဘုရားမှာ ဆုတောင်းခြင်းတွေပြုတယ်
           နင့်ဘဝ မွှေးမြပါစေကွယ်............။
ဟိုး..........
   ကောင်ကင်မှာ ကြယ်တာယာများက
            မာကျူရီရဲ့ အလင်းရောင်ကို ထိုးဖောက်ရင်း
                    နင့်အတွက် Birthday သီချင်းကို သီဆိုပေးတယ်..........။
သူတို့ မျက်လုံးလေးတွေ
    မှိတ်လိုက် ဖွင့်လိုက် စည်းချက်တိုင်းမှာ
             နင့်အတွက် ဆုတောင်းစကားတွေပါတယ်
               လိုရာ ဆန္ဒပြည့်ပါစေကွယ်တဲ့.............။
သူငယ်ချင်းရေ.............
    ငါတို့တွေ...ဒီဘဝ
           ဒီမျှသာ ဆုံဆည်းခွင့် ရှိမယ်ဆိုလည်း
                     နင့်မွေးနေ့ကို ရင်မှာမှတ်ထားရင်း
                             နှစ်စဉ်အမျှ ဆုတောင်းခြင်းတွေရှိမယ်
            နင်..ထာဝရ...ပျော်ရွှင်ပါစေကွယ်..............။
          
  နွေဦးလွင် အတွက် အမှတ်တရ.....ညီညီ(မြန်အောင်)
 


ဝေး...........................................။

နံနက်ခင်း
 နေခြည်ဆင်းသက်လာရင်
          ချစ်သူရဲ့ အိမ်ပြတင်းနံဘေး
               တေးဆိုပေးတဲ့ ငှက်ကလေးဟာ
                     ငါဖြစ်ပါရစေ............။
ချစ်သူနိုးလာရင်တော့
     ဟိုးအဝေးကိုပျံသန်းသွားမယ်
           ချစ်သူငါ့ကို မမြင်ပါစေနဲ့...............။
နေ့လည်ခင်းမှာ
     သူရိန်နေမင်းက
          ချစ်သူကို ပူလောင်ခြင်းတွေ ပေးပါစေ............။
အေးမြတဲ့ လေကလေးအလား
       ငါ နင့်အနား တိုးဝှေ့သွားတယ်........
           ချစ်သူရဲ့ ပါးပြင်ကိုတော့
                 ခိုးပြီးတော့တောင် မနမ်းရှိုက်ရက်ခဲ့ပါဘူး........
.....။
ဆည်းဆာချိန်မှာ
      တိမ်ရောင်စုံတွေရဲ့ကြား
              ချစ်သူအလှ က ထင်ရှားနေတယ်........
ငါ...ငေးကြည့်နေဆဲ
      ဝင်မလာပါနဲ့ အမှောင်တွေရယ်
             ငါ့ရှေ့က ချစ်သူပျောက်ကွယ် သွားလိမ့်မယ်.........။
ငါ......
  အကြိမ်ကြိမ် တောင်းဆိုခဲ့ပါတယ်.........
       ညဥ့်ငှက်တစ်ကောင်က ငါ့ကို လှောင်ရယ်သွားတယ်
              ငါ့ အိပ်မက်တွေလည်း ခါးသက်သွားပြီကွယ်................။
                                                              
                                                               ညီညီ(မြန်အောင်)
မှတ်ချက်။ ။ ဟန်ဆောင်အသဲ ကွဲခြင်းမဟုတ်ပါ............။


Miscrosoft Excel ဖွင့်ရာမှာမြန်ဆန်စေဖို့ ရန်အတွက်နည်းလမ်းအချို့ 


Excel ဖွင့်ရာမှာမြန်ဆန်သွက်လက်စေဖို့ နည်းလမ်းလေးတွေရှိသော်လည်းမရေးဖြစ်ခဲ့
ပါဘူးအခုတော့ပေါ်တော်မူအကြောင်းလေးတစ်ခုကြောင့်တင်လိုက်ပါအုံးမယ်ပြဿနာ
အကြီးမားကြီးမဟုတ်သလိုအခြေခံသမားတွေအတွက်မလိုအပ်သေးဘူးထင်ပါတယ်..။
ပထမစဉ်းစားရမှာက..............။
(၁)စက်လေးလို့ လေးတာဖြစ်နိုင်သလိုPDF add on ကြောင့်လည်းဖြစ်နိုင်ပါတယ်..။
(၂)Virus scan ကြောင့်လည်းဖြစ်နိုင်ပါတယ်..။
(၃)Excel setting အချို့ ကြောင့်လည်းဖြစ်နိုင်ပါတယ်..။အများကြီးဖြစ်နိုင်ပါတယ်....။

အများကြီးထဲကမှနည်းလမ်းအချို့ ကိုဆွေးနွေးကြည့် ရအောင်ကွန်ပျူတာနှေးလို့ ပွင့်
တာနှေးတာပြဿာမဟုတ်ပါဘူးကွန်ပျူတာကRAM4.19GBဆိုတော့တစ်ခါမှမသုံးဘူး
သေးတော့ပြောရတော့ခပ်ခက်ခက်ရယ်အတော်မြန်မယ်ထင်တယ်ဗျာပိုကောင်းတာက
Xp ကိုအဲ့လောက်များတဲ့မန်မိုရီရှိတာတကယ်မိုက်တာပဲ..စက်မပိတ်တာကြောင့်ထက်
Cleanerဆော့ဝဲတွေနဲ့ ရှင်းVirus Scan ပုံမှန်ဖတ် Disk clean up လုပ် Recent တွေ
Temp တွေPrefetch တွေပုံမှန်ဖျက်ခဲ့မယ်ဆိုရင်စက်လေးစရာအကြောင်းရင်းကိုမမြင်
ပါဘူးExcelကိုသီးသန့် မြန်စေချင်တာကတော့အတော်များများရှိတာကိုတွေ့ ရပါတယ်

ပထမနည်းကတော့...................။
My Computer Right click ထောက်Properties ကနေAdvance system Setting
သွားVisual effect ကနေဆက်သွား DEP settionကနေ excel တခုထဲကိုသီးသန့် ထဲ့
ထားရင်ပိုမြန်တယ်လို့ မှတ်သားလေ့လာခဲ့ဖူးသလိုကွန်ပျူတာအဟောင်းလေးနဲ့ သုံးနေ
တဲ့အချိန်တုန်းကCounter Strick Game ဆော့တော့မနိုင်လို့ အဲ့နည်းလေးနဲ့ စမ်းသပ်
သုံးခဲ့ဘူးပါတယ်...။Excel ကိုတော့မစမ်းဘူးသေးပါဘူး......................။

နောက်တနည်းကတော့..။ Speed up Excel 2007 startup ဒါလည်းကောင်းတယ်
အထက်မှာပြောခဲ့သလိုပဲPDF add on နဲ့ သုံးနေရင်လည်းနှေးပါတယ်Virus Scan
ကြောင့်လည်းနှေးပါတယ်ကောင်းပြီးနှေးတဲ့နေရာမှာနာမည်ကြီးခဲ့တာကတော့Notorn ပါကောင်းပေမယ့်စက်ကိုနှေးစေပါတယ်အခုပေါ်နေတဲ့Kaspersky လည်းNortorn
လောက်မဆိုးရုံတမယ်ပါကိုယ်တော့ဘာမှမထွင်တတ်ပေမယ့်ကျနော်တော့အတော်
လေးဝေဖန်လေကန်နေပါတယ်.ဟိဟိ.ဟုတ်တယ်လေဟင်းမချက်တတ်ပေမယ့်စား
ပြီးတော့အရသာမြည်းသလိုပါပဲကောင်းမကောင်းတော့စမ်းတယ်အကြိုက်ချင်းမတူကြ
တော့ကိုယ်မကောင်းပေမယ့်လည်းသူများကကောင်းချင်ကောင်းနေမှာပါပဲလွတ်လပ်
စွာသဘောထားကွဲနိုင်ပါတယ်အကြံတခုပေးရရင်တော့အလကားရတဲ့ကောင်းတဲ့ဆော့
ဝဲကောင်းMiscrosoft Security Essentials ပါပေါ့ပါးပြီးအတော်လေးကာကွယ်နိုင်တာ
တွေ့ ရတဲ့Virus လို့ ယူဆရတဲ့Notepad နဲ့ ရေးတဲ့>bat ဖိုင်တွေတောင်ဆေ့မရပါဘူး
ဝယ်မသုံးနိုင်တော့လည်းအလကားရတာညွှန်းရမှာပါပဲwindow Genuine မဖြစ်တဲ့ဟာ
မှာအင်စတောလုပ်မရပြန်ဘူးဘာလို့ အဲ့လိုဖြစ်လဲဆိုတော့Miscrosoft window ကပြ
ဿနာပါ Orginal window မသုံးနိုင်ကြပါဘူးသာမန်အတွက်လည်းသုံးဖို့ မလိုပါဘူး
စက်ရုံအကြီးကြီးတွေမှာတော့သုံးရပါတယ်Copy window ကိုစစ်တဲ့အဖွဲ့ဆိုလားဘာ
လာရှိတယ်တဲ့Autocad တို့ Accounting Softwere တို့ လူဟာမျိုးတွေကိုလိုင်စင်ကီး
တွေနဲ့ သုံးရတယ်စစ်လို့ မိရင်ဒဏ်ရိုက်တယ်ပြောတာပဲမန်နေဂျာ၇ှင်းပြတာပါသာမာန်
လူတွေမှာတော့မလိုပါဘူးတဲ့ကွန်ပျူတာဝယ်ရင်အခွေပါတော့ကိုယ်တိုင်ပြန်တင်လို့ ရ
တယ်တဲ့ကော်ပီခွေတွေကတော့10ပဲပေး၇တယ်ဝယ်ထားတယ်ကျနော်တို့ တော့တင်
လိုက်ချလိုက်နဲ့ ဝင်းဒိုးတင်လေ့ကျင့်ခန်းပေါ့ဗျာပညာရတာပေါ့တင်နည်းရေးမလို့ ဟာ
သူများရေးပီးသားတွေအများကြီး၇ှိနေတော့အသေးစိတ်အချိန်ရမှရေးအုံးမယ်ဗျာ.ပြော
ရင်နဲ့ စကားလမ်းကြောင်းလွဲလာပြီExcel ကိုပြန်ဆက်ရရင်Asap ပေါ့ဗျာအဲ့ဒါကိုဖြုတ်
ပေးရင်မြန်တယ်တဲ့နှေးတဲ့အကြောင်းရင်းမှာအဲ့ဒါလည်းပါတယ်အသေးစိတ်ဖြုတ်နည်း
ကတော့ဒီမှာဖတ်ကြည့်စေချင်တယ်ဘာသာပြန်လိုက်ရင်နားလည်မှုလွဲမှာစိုးလို့ ပါပုံ
တွေနဲ့ ရှင်းထားပါတယ်နောက်တစ်နည်းကFix the slow startup of Excel 2007
အဲ့မှာလည်းရေးထားပါတယ်နောက်တစ်နည်းကတော့ Excel မှာ loockup Wizard
ကိုအမှန်ချစ်ပေးရမှာ ASAP ကအဲ့ setting မှာဖြုတ်ခဲ့လည်းရပါတယ်သွားပုံလာပုံက
Excel Option ကနေAdvanced=add in ကနေ Go ကိုနှိပ်ပြီးပေါ်လာရင်အဲ့မှာအမှန်
ချစ်Asps ကိုဖြုတ် Lookyp Wizard ကိုအမှန်ချစ်ပြီးok ပေးလိုက်ရင်ရပါပြီဒီနည်းက
တော့အတော်လေးအသုံးဝင်ပါတယ်လက်တွေ့ လည်းသုံးကြည့်ပါတယ်ဒါပေမယ့်ကျ
နော်တို့ ရုံးကွန်ပျူတာကရှေးကCRT တွေပါအခုလိုLCD လည်းမလည်းပေးသေးပါဘူး
WindowXp sp3p4 ကိုမှRamက 1GB ပါExcel သိးသန့် သုံးနေလိုလားမသိဘူးသွက်
လိုက်တာမှလန်ထွက်နေတာပဲတစ်တစ်နဲ့ တောင်မည်သေးတယ်မန်နေဂျာကDELL ကို
မှ Clone Computer မဟုတ်ဘူးဗျာCloneဆိုလို့ ရေးပြီမှပြောရမယ်အားလုံးအုပ်စုံလုံး
ဝOrginal Dell ပြောတာပါClone ကတော့မောက်တံဆိတ်တမျိုးကီးဘုတ်ကတံဆိတ်
တမျိုးအဲ့လိုကွန်ပျူတာကိုခေါ်တာထင်တာပဲ..အားလုံတံဆိတ်တမျိုးထဲဆိုဈေးပိုကြီး
တယ်WindowCDOrginal ပါတဲ့ကွန်ပျူတာတွေကဈေးပိုကြီးတာကိုတွေ့ ရပါတယ်လေ့
လာမိသလောက်ဗဟုသုတပြောပြကြည့်တာဦးလေးမိုးယံစပေးလို့ ပဲဒီစာလေးရေးဖြစ်
တာရေးချင်တာအကြောင်းရာဗဟုသုတလေးတွေအများကြီးပဲရေးချင်တာများတော့
ရောရောသွားတယ်ဖတ်တဲ့သူများနားမလည်သည်ရှိသော်မောင်(စွယ်စုံကျမ်း)အရေး
သားညံလို့ ပါနာလည်းခဲ့ရင်တော့ခင်များတို့ တော်လို့ ပါအခြေခံပညာသင်တွေမဟုတ်
လောက်တော့ဘူးပညာရှင်တွေလည်းပါမှာပါပုံတွေနဲ့ ၇ှင်းပြချင်ပေမယ့်အချိန်ပေးရမှာ
စိုးတာရယ်အဝေးရောက်ကျနော့်သူငယ်ချင်းတွေအတွက်မလိုအပ်တာရယ်ကြောင့်ပ
ညာရှင်တွေရည်စူးပီးရေးလိုက်မိပါတယ်ညီညီတို့ ဖိုးခွားတို့ တော့ဟိဟိမပြောတော့ပါ
ဝင်းဒိုးတင်ပြီးကာစတွေအတွက်လိုအပ်တာတွေရေးအုံးမယ်.တော်ကြာVZO GTalk
PLayer နဲ့ ဝင်းဒိုးပြောင်းရင်ဆော့ဝဲတွေအကုန်လိုတော့တာပါပဲ.ရောမစိုးလို့ ဆွေးနွေး
ချက်တွေထဲမှဦးလေးမိုးယံကိုအရင်ဆွေးနွေးလိုက်ပါတယ်Feedback တွေအတွက်
ရောပို့ ရေးဖြစ်အောင်အကြောင်းရှာစပေးတဲ့အတွက်ပါကျေးဇူးတင်ကြောင်းပြော
ကြားရင်..ဦးလေးမိုးယံရဲ့ RAM4.19ကွန်ပျူတာကြီးကိုလိုချင်လိုက်တာဗျာ....။


(စက်ရုံကအစုတ်တွေနဲ့ ကွာပ)......။ညီညီတို့ ဖိုးခွားတို့ မကွေးFC ကိုက်လို့ အခုမှပြန်
စနေရတာတွေအတွက်နောက်ရက်ရေးမယ်လို့ ..ကဗျာလေးတွေသာရေးပေးကြပါ
ဇာတ်လမ်းလေးတွေရှာအသဲကွဲချင်ယောင်ဆောင်ပြီးMoodသွင်းရေးကြနော်ဟဟ)

နှေးသောကွန်ပျူတာများသွက်လာအောင်ပေါ့လာအောင်လုပ်နည်းလေးတစ်ခု

ကွန်ပျူတာသုံးရင် နှေးကြတာ  လူတိုင်းမကြိုက်ကြပါ ကိုယ့်စက်ကောင်းမကောင်း

မသိကြဘူး မြန်ဖို့ ပဲ   တွေးနေကြတာ တကယ်တော့RAM Memory နဲ လို့ နှေးတာ

ကတော့ဘယ်လိုမှမြန်ချင်လို့ မရပါဘူး စက်ကောင်းနေရက်နဲ့ နှေးတာဆိုရင်တော့

သုံးတဲ့သူက  စနစ်မကျတာရယ်  အခြေခံမရှိကြတာရယ်ကြောင့်   သုံးတာကြာရင်

နှေးလာတတ်ပါတယ် ဘာလို့ နှေးတာလည်းဆိုတော့ Temp ဖိုင်တွေ Recent တွေ

နဲ့ Prefetch ဖိုင်တွေကို မဖျက်လို့ ပါ   ပြီးရင်Disk Cleanup နဲ့  Diskdrafgmeter

မလုပ်ကြလို့ ပါ  နောက်တစ်ခုကတော့Virusကြောင့်လည်းနှေးပါတယ်သုံးတဲ့ဝင်းဒိုး

Ramမကိုက်လို့ နှေးပါတယ် နှေးတာပြောရရင်အကြောင်းအမျိုးမျိုးကြောင့်နှေးတာ

မြန်ချင် တယ်ဆိုရင်  စောစောကပြောခဲ့သလို Run box မှာ  ရိုက်ပြီးကိုယ်တိုင်ဖျက်

လည်းရသလို Cleanerဆော့ဝဲတွေနဲ့    အလွယ်တကူ  ဖျက်နိုင်ပါတယ် ကိုယ်တိုင်

မလုပ်တတ်ရင်  ဆော့ဝဲနဲ့ ဖျက်တာကောင်းပါ၏  သန့် ရှင်းတဲ့ဆော့ဝဲတွေကိုတော့ 

ဒီမှာဖတ်ပါအသေးစိတ်ရေးထားပါတယ် (နှိပ်ကြည့်..)   နောက်မြန်တဲ့နည်းကတော့

လုပ်နည်းလေးလွယ်ပါတယ်.......။

(၁) My Computer ကို Right Click ထောက်ပြီး Propertires ကိုသွားပါ

(၂)Advance System Setting ကိုနှိပ်ပြီးပေါ်လာတဲ့အထဲမှာ Setting ကိုနှိပ်

(၃)Performance Option မှာAdjust for best performance ရွေး Apply= Ok


ပြီးရင်တော့ အရောင်နဲနဲပြောင်းသွားပါ့မယ် ကွန်ပျူတာကတော့ အရင်ထက်သွက်

လာမှာပါ ဖိုင်တွေဖွင့်တာပဲဖြစ်ဖြစ် ဆော့ဝဲတွေဖွင့်တာပဲဖြစ်ဖြစ်မြန်ပါတယ်  ပြဿ

နာ  တစ်ခုကwindow7မှာဆိုရင် ဓာတ်ပုံFolder ကိုဖွင့်လိုက်ပုံတွေ  မပေါ်တော့ဘူး

စမ်းကြည့်ဖူးလားမသိဘူး ကျုပ်လုပ်တာတော့မရဘူးMedium ပြောင်းလည်းမရဘူး

ပုံမပေါ်တာပြောတာပါ ကလစ်ကြည့်မှပဲပေါ်တော့တာXP မှာဆို View Thumbnail

ပြောင်းမှ ပုံတွေပေါ်တာမလားwindow7မှာတော့အဲ့စနစ်မပါတော့ပဲ Medium တို့

Large တို့ ပါ တယ် ပြောချင်တာကတော့Best performance နဲ့ သုံးရင်medium

ပြောင်းလိုက်လည်း  ပုံမပေါ်တော့တာကိုပါ  နောက်တစ်ခုက ခင်များကွန်ပျူတာ

ကမကောင်းပဲ  အရင်တုံးကP4တို့  Processor ကလည်းအခုထွက်တဲ့ i3,i5,i7တို့ 

မဟုတ်ရင်နှေးမှာ ဆိုလိုတာကတော့ဗျာ ဘယ်လောက်တော်တဲ့  စက်ပြင်ဆရာ

ပဲဖြစ်ဖြစ်(ထော်လာဂျီ)ကို   (မာစီးဒီးကား)လောက်မြန်အောင်  လုပ်မရပါဘူးဗျာ

ဟုတ်တယ်ဟုတ်  အဲ့တော့နှေးရင် စိတ်မပျက်နဲ့  အခြေနေကြည့်လုပ်  မြန်လာ

မှာပါ   နောက်တစ်ခုက  စကားစပ်မိလို့ Window7သုံးတဲ့သူတွေက Xp ထက်

error များတယ်  Window Explorer Stop working တို့ ဘာတို့ ပေါ့ အစရှိသဖြင့်

error မျိုးစုံတယ် Ram မနိုင်လို့ ဖြစ်မှာwindow7 System Requirement က

RAM  2GB တဲ့   RAM 1GB နဲ့ ဖြစ်သလို တင်ထားတဲ့ သူတွေလည်းရှိပါတယ်

အဲ့လိုလူတွေမှာ  ပြဿနာပိုပြီးများတယ် ကိုယ်တိုင်တော့  ဘာမှအဖြစ်မရှိပါဗျား)း)

ဝေဖန်ကြည့်တာလေ Thumbnail ပြဿနာကိုတော့ကျုပ်တင်ကြုံရတာမဟုတ်ဘူး

လူအတော်များများက  Miscrosoft ကို  မေးထားတာတွေ့ ရတယ် ဒီလင့်လေးမှာ     

 ဖတ် http://answers.microsoft.com/en-us/windows/forum/windows_7

Window7က Animation ပုံအရှင်တွေကြည့်ရတာXp လောက်အဆင်မပြေဘူး

ကဲလေတော့အတော်ရှည်သွားပြီမြန်အောင်လုပ်ချင်သူကတော့စမ်းကြည့်ပေါ့ဗျာ

ဗဟုသုတရပါတယ်ကျုပ်လည်းလေ့လာနေဆဲဆိုတော့ မှားပါရင်တော့ပညာရှင်များ

ပြင်ပေးပေါ့တစ်ခုပဲထော်လာဂျီကိုမာစီးဒီးလောက်မြန်အောင်ဆရာမောင်ရေလုပ်ပါ

အုံးလို့ ဖိုးခွားတို့ ညီညီတို့မအော်နဲ့ နော်မင်းတို့ ဟာထော်လာဂျီကြီး နာကမာစီးဒီး

လေ..အပျော်သဘောနဲ့ စတာပါဗျာ.............................။
                                                  
                                              ခင်မင်လေးစားလျှက်..မောင်(စွယ်စုံကျမ်း)


3.1.2012 လေ့လာချက်အရ Folder Option ကနေ ပုံမြင်ရအောင် ပြင်လို့ ရသည်



စာစီစာရိုက်သမားများနဲ့ အခြေခံသမားတွေပါသိထားသင့်တဲ့Errorတစ်ခု


ခေါင်းစဉ်ကတော့အကြီးကြီးပါပြောချင်တာကတော့Print Preview ကြည့်မရလို့ error
တက်လာဖူးလားမသိဘူးကျုပ်တော့အခုမှကြုံတာပဲExcel နဲ့ စာရိုက်ပြီးPrintPreview
ကြည့်မ၇တော့လို့ လေအကယ်၍ပြဿနာတူရင်ဝါသနာတူသူငယ်ချင်းတွေကိုပညာ
ရစေခြင်းအလို့ ငှာရေးပြရရခြင်းပါလုပ်နည်းကတော့လွယ်ပါတယ်.....။
(၁) Window +R ကနေ Run box ခေါ်လိုက်ပါ
(၂) Run box ထဲမှာ services.msc လိုရိုက်လိုက်ပါ
(၃)ပေါ်လာတဲ့အထဲမှာမှ Print Spooler ရှာပြီး2ချက်နှိပ်ပါ
(၄)ထပ်ပေါ်လာတဲ့ဘောက်မှာ Startup Type မှာ Automaticပြောင်းပြီOk လုပ်


Computer ကိုRestart လုပ်လိုက်ရင်အဆင်ပြေသွားမှာပါ....။လုပ်နည်းကတော့အများ
ကြီးပါလွယ်တဲ့နည်းလေးပြောပြတာပါစာစီစာရိုက်နဲ့ ရုံးမှာလုပ်တဲ့သူများကြုံလာရင်သုံး
ရအောင်ကဲလေ့လာကြည့်.ရနေလည်း Services.msc တောရိုက်ကြည့်လေ့လာစရာ
တွေအများကြီးနော..ကဲကလိထားမယ်.ကောင်းနေလည်းကလိကြည့်ဗျာ Autoဖြစ်နေ
ရင်Manual ပေးပြီး Restart လုပ်စာစီစာရိုက်လုပ်ပြီး Preview ကြည့်ကြည့်ရလားလို့ 
ကဲအနှီစာကတော့ဒီလောက်ပါတယ်(ဖြစ်တော့ဖြစ်ခဲပါတယ်ဗျာ).......။

ကွန်ပျူတာကလေး.....(ဆာရာညီညီမကွေးFC မှလွတ်မြောက်လာပါပြီတဲ့)

ငါ...မဖိတ်ခေါ်ပဲ နင်ဝင်ရောက်လာခဲ့တယ်.....
    ဂီတသံကို တတူတူ တီးခတ်လို့......။
နင့်..ဂီတသံတွေ အဆုံး
   ငါ့ဘဝလည်း အမှောင်ဖုံးရော....
         အားလုံးက ပစ်ပယ်ထားကြတာ
              ငါဆိုတာ မရှိတော့ လောက်အောင်ပဲ...........။
ဟို..တစ်ချိန်တုန်းကတော့
    ငါဟာ လူတိုင်းရဲ့လက်တွေကြား
       မင်းသားတစ်ပါးလို
           ကြင်နာမြတ်နိုးမှုနဲ့.... ငါ့ကိုပြုစုကြတဲ့လူတွေ.........
.။
ငါ့မှာ ရောဂါဝင်
  ဆေးရုံမတင်ခင် အချိန်က
          ဖုန်အလိမ်းလိမ်းတွေရဲ့ကြား.... ငါ့ကိုသူစိမ်းအလားပဲ
                 မျက်နှာလွဲနေကြတယ်....အော်... ငါတန်ဘိုးမဲ့ခဲ့တယ်လေ...........။
သူများတွေရဲ့ အတောင်ပံတွေငှားပြီး
      ခဏတာပျံသန်းနေရတဲ့ ငါ့သခင်
           အော်......သူငယ်ချင်းဆိုတဲ့ သံယောဇဉ်နဲ့...........။
ငါသိလိုက်တယ်...
   လူဆိုတဲ့ ပတ်ဝန်းကျင်ကြား... တန်ဘိုးဆိုတာ ကျသွားရင်..
          ဘယ်တော့မှ အရာမဝင်ဘူး...........။
ငါ နိုးထလာချိန်မှာတော့
   ငါ့ကိုပစ်ပယ်ခဲ့တဲ့လူတွေ.... ရှေ့မှာလာထိုင်ရင်း
         ကြည့်စမ်း.... ငါ့ကိုမော်ဖူးနေကြပြန်တယ်......... အော်... တန်ဘိုး.....။
ငါ့ကို ဥပမာထားလို့
  ရွှေမြန်မာများ သတိထားကြပါ..........
          ဘဝရဲ့ တန်ဘိုးဆိုတာ... ဘယ်အရာလည်းလို့ စဉ်းစားရင်း
                      ပန်းတိုင်မှာ အောင်မြင်ခြင်းတွေ
ရှိပါစေ.....................။                              ညီညီ(မြန်အောင်)


ကွန်ပျူတာစဖွင့်တာနှေးနေရင်မြန်အောင်လုပ်နည်းလေးတစ်ခု

ကွန်ပျူတာစဖွင့်တာနှေးနေရင်စောင့်ရတာပျင်းစရာကောင်းသလိုအချိန်မရတဲ့သူတွေ
အတွက်တော့ဒီနည်းလေးကအဆင်ပြေနိုင်မယ်ထင်ပါတယ်အခြေခံသမားလေးတွေသိ
ထားသင့်တယ်ထင်လို့ ပြန်လည်မျှဝေလိုက်ပါတယ်လုပ်နည်းလေးက.......။
(၁) Window+R ကနေ Runbox ခေါ်လိုက်ပါ
(၂)Runbox ထဲမှာ msconfig လို့ ရိုက်ပြီး Enter နှိပ်ပါ
(၃)Start up ထဲမှာမလိုအပ်တာတွေဖြုတ်ပါ Apply လုပ်ပြီး Ok နှိပ်ပါ
ပြီးရင် ကွန်ပျူတာကိုRestart ပြန်လုပ်ပြီးမှာသုံးပါအဲ့ဆိုမြန်လာလိမ့်မယ်တဲ့...........။


မူရင်းလင့်ကတော့ဒီမှာဖတ်လိုက်http://www.pcworld.com လေ့လာကြည့်လိုက်ပါ
အရေးကြီးတာတွေမပိတ်သင့်ပါသိချင်ရင်ဒီမှာဖတ်ကြည့်နော် Disable မပေးလိုက်နဲ့ 
လုပ်ပုံလေးကလွယ်သလိုအကျိုးကျေးဇူးလည်းများလှပါတယ်ကွန်ပျူတာစဖွင့်ရင်ချက်
ချင်းသုံးမရလို့ စောင့်ရတဲ့ဝဋ်ကနေကျွတ်တာပ(မြန်လာလိမ့်မယ်)တဲ့လို့ ရေးတာကသူ
များရေးတာဖတ်လိုက်ရလို့ ပါဒီနေရာမှာ Disable all ပေးပြီးလုပ်ရင်ပိုမြန်တာတွေ့ ရ
ပါတယ်ရေးတဲ့သူတွေလည်းရေးနေကြပါတယ်အနှီအကြောင်းရာကိုကျုပ်အနေနဲ့ ပြော
ရရင် Disable all မလုပ်သင့်ပါဘူး Startup မှာအရေးကြီးတဲ့Program တွေနဲ့ အမြဲ
တမ်းAuto Loading ဖြစ်နေသင့်တာတွေရှိပါတယ်ဥပမာ Anti Virus ဆော့ဝဲဟာ
ကွန်ပျူတာဖွင့်တာနဲ့ ဝင်းဒိုးစတက်တာနဲ့ Runနေသင့်ပါတယ်အဲ့လိုပေါ့ဗျာအရေးမကြီး
တဲ့ဟာတွေ၇ှိပါတယ်Startup ထဲမှာဖတ်ကြည့်လိုက်အတိုပြောရရင် Adobe,Real
player,Cyber link,Nero,yahoo massager,google talk,Power DVD,VZO ဘာညာသရကာနေကြာကွာစိတွေပေါ့ဗျာအများကြီး၇ှိပါသေးတယ်တစ်ခုနဲ့ တခုမတူ
နိုင်လို့ ရေးမပြတော့ဘူးအခုရေးပြတာတွေကတော့သေချာတယ်မျက်စိမှိတ်ပြီးဖြုတ်
လိုက်ခင်များကွန်ပျူတာဘာမှမဖြစ်စေရဘူးစောစောကထက်တောါ့မြန်လာမှသေချာ
တယ်ကွန်ပျူတာဖွင့်တာနဲ့ အဲ့Program တွေကိုloading မစောင့်ရတော့ဘူးလေပြီး
တော့ဆော့ဝဲတစ်ခုအင်စတောလုပ်တိုင်းStartup ထဲဝင်လာတတ်ပါတယ်(ဆော့ဝဲ
တိုင်းမဆိုလိုဘူးနော်)အဲ့လိုဝင်လာရင်ဝင်ဒိုးတက်တဲ့အခါအဲ့ဒါတွေLoading လုပ်နေ
ရတာနဲ့ စောင့်နေရလို့ ကြာတာပါဒီတစ်ခါတော့တဲ့လိုမရေးတော့ဘူးကျုပ်အမြင်မလို့ 
လေဗျာခင်များတို့ လည်းမသိရင်မေးပေါ့ကျုပ်မသိတော့လည်းကျုပ်ဆရာတွေ၇ှိ
ပါတယ်ဘာပဲဖြစ်ဖြစ်ကလိပေါ့ဗျာတတ်ပါတယ်နောက်ဆိုအသေးမွှားလေးတွေကအ
စပညာ၇ှင်ကြီးဖြစ်လာနိုင်ပါတယ်ဗျာ.ကဲနှေးနေတဲ့သူများကလိကြည့်ပါDisable all
တော့မပေးနဲ့ နော်.မြန်လွန်းလို့ ဝင်းဒိုးပါကျသွားမယ်.........။
ဝါသနာတူသူငယ်ချင်းများအားလုံးအဆင်ပြေပါစေဗျာ..
                                               ခင်မင်လေးစားလျှက်..မောင်(စွယ်စုံကျမ်း)

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here