Wednesday, August 31, 2011

သစ္စာဖောက်ကဗျာ( ၂ )

ဇူလိုင်တစ်ဆယ့်ကိုး
နေရာတိုင်းမှာကိုယ်ပိုင်အလေအလွင့်တွေနဲ့
လေလိုလွင့်လို့
ဖုန်မှုန့်တွေထဲ မျက်ရည်ရဲ့အသက်ဓာတ်က
ကပ်ပါလာ..။
၁၉၄၇
ငါတို့တိုင်းပြည်ရဲ့အံသွား
ပိုးမစားဘဲနှုတ်ပစ်ခံခဲ့ရတဲ့နှစ်
ပိုနှမြောဖို့ကောင်းတာက
အဲ  ဒီသွားဟာ  အံပွားဖြစ်တယ်။
အခုတော့လည်း
ဈေးကြီးပေးရတဲ့ ကြွေသွားနဲ့
အပြုံးကမြင့်မားတောက်ပနေသယောင်
ပဲ။
ဆက်လက်ကြိတ်ဝါးစရာအစီစဉ်မှာ
မင်းရော  ငါရော  ကလေးတွေရော
ကြေညက်ပေးလိုက်ဖို့အဆင်သင့်လား။
အမှားဟာအမှန်ထဲမှာခွေနေတုန်း
အမှန်ကအမှားကိုကျော်တက်လိုက်ဖို
အားအပြင်းဆုံးဂီယာကိုရွေးတယ်
တကယ့်တောင်တက်ခရီးဆို
ဘရိတ်တစ်ခုထဲပါတဲ့သမိုင်းက
ဘီးတွေကိုဆွံ့အသွားစေခဲ့။
ခေါင်းတလားအဖုံးပေါ်
သံမှိုတစ်ချောင်း ဒိုင်းကနဲ စိုက်ဝင်လာသလို
ဒေါသက ငါ့ဦးနှောက်ထဲစိုက်ဝင်လာ
လွမ်းသူ့ပန်းခွေမှာ
သစ္စာဖောက်သွေးနဲ့ပျိုးတဲ့ပန်းတွေဝေပြီး
နှလုံးသားတစ်ဝိုက်မှာနေပူတယ်။       ။

(ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ခေါင်းဆောင်ကြီးများသို့........)
                                                                                အောင်မှူးဝေ


1 မှတ်ချက်:

ညီညီ said...

ဒီလိုကဗျာမျိုးလေးကို ဖတ်ခွင့်ရတဲ့အတွက်
ကိုအောင်မှူးဝေနဲ့......
မောင့်ကိုကျေးဇူးတင်ပါတယ်......
အရမ်းကောင်းပါတယ်အကို......
ဆက်လက်အားပေးနေပါ့မယ်

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here