ဂီတသံကို တတူတူ တီးခတ်လို့......။
နင့်..ဂီတသံတွေ အဆုံး
ငါ့ဘဝလည်း အမှောင်ဖုံးရော....
အားလုံးက ပစ်ပယ်ထားကြတာ
ငါဆိုတာ မရှိတော့ လောက်အောင်ပဲ...........။
ဟို..တစ်ချိန်တုန်းကတော့
ငါဟာ လူတိုင်းရဲ့လက်တွေကြား
မင်းသားတစ်ပါးလို
ကြင်နာမြတ်နိုးမှုနဲ့.... ငါ့ကိုပြုစုကြတဲ့လူတွေ.........
ငါ့မှာ ရောဂါဝင်
ဆေးရုံမတင်ခင် အချိန်က
ဖုန်အလိမ်းလိမ်းတွေရဲ့ကြား.... ငါ့ကိုသူစိမ်းအလားပဲ
မျက်နှာလွဲနေကြတယ်....အော်... ငါတန်ဘိုးမဲ့ခဲ့တယ်လေ..........
သူများတွေရဲ့ အတောင်ပံတွေငှားပြီး
ခဏတာပျံသန်းနေရတဲ့ ငါ့သခင်
အော်......သူငယ်ချင်းဆိုတဲ့ သံယောဇဉ်နဲ့...........။
ငါသိလိုက်တယ်...
လူဆိုတဲ့ ပတ်ဝန်းကျင်ကြား... တန်ဘိုးဆိုတာ ကျသွားရင်..
ဘယ်တော့မှ အရာမဝင်ဘူး...........။
ငါ နိုးထလာချိန်မှာတော့
ငါ့ကိုပစ်ပယ်ခဲ့တဲ့လူတွေ.... ရှေ့မှာလာထိုင်ရင်း
ကြည့်စမ်း.... ငါ့ကိုမော်ဖူးနေကြပြန်တယ်......
ငါ့ကို ဥပမာထားလို့
ရွှေမြန်မာများ သတိထားကြပါ..........
ဘဝရဲ့ တန်ဘိုးဆိုတာ... ဘယ်အရာလည်းလို့ စဉ်းစားရင်း
ပန်းတိုင်မှာ အောင်မြင်ခြင်းတွေ
ရှိပါစေ.....................။ ညီညီ(မြန်အောင်)
0 မှတ်ချက်:
Post a Comment