မဆုံးနိုင်တဲ့ကွင်းပြင်ထဲ
တစ်ယောက်တစ်လှည့်ရိတ်သိမ်းခြွေလှေ့ရင်း
ဘ၀ကမီးစာကုန်သလောက်အရောင်မတောက်ခဲ့တာလား
ငါ့လက်ထဲကသော့ဟာ
ငါ့မနက်ဖြန်ကိုဖွင့်လို့မရတော့
မနေ့ကမှသူများတွေကိုဖွင့်ခဲ့ပါသေးတယ်။
နာကျည်းချက်တွေနဲ့
မျက်နှာထသစ်ပစ်လိုက်တော့လည်း
အဟောင်းတွေဟာကုန်ဆုံးသွားတယ်ထင်မိရဲ့
အသစ်ကအသစ်နဲ့တူ/မတူ
အသစ်နဲ့တူတာကောင်းတယ်/မကောင်းဘူး
လူသစ်
စိတ်သစ်
မကောင်းမှုအသစ်
ကောင်းမှုအသစ်တွေနဲ့
အသစ်တွေဟောင်းသွားပြီးတဲ့နောက်
အဟောင်းတွေလည်းသစ်လာပုံ
ငါတို့ဘ၀တွေက
ရွာလို့မရတဲ့မိုးပြေးလေးတွေပါ
ဟန်ဆောင်မှုမြစ်ညာမှာ
မာယာကိုယ်စီနဲ့ညို့ပြရုံ..။
အချစ်ကထစ်ချုန်းလည်းခဏပါပဲကွာ
(၂၄နာရီအစိမ်းလိုက်ရွာချနေတဲ့မိုး)
မီးပိတ်လိုက်မှ
သဘောထားမှန်ကပေါ်ပေါ်လာ
ငါ့လက်ထဲကသော့ဟာ
အချစ်ကိုဖွင့်ရခက်တုန်းပေါ့
ငါ့စိတ်ကူးတွေလည်း
အမြင့်ကိုတက်တုန်းပဲ...။ ။
အောင်မှူးဝေ
21.9.2011
4 မှတ်ချက်:
ထစ်ချုန်းမနေနဲ့..ကောင်ကောင်းသာ ရွာပစ်လိုက် ဦးလေး
ကဗျာလေး ကောင်းတယ်ဗျို့  ထစ်မနေဘူး မိုးချိန်းနေတယ်ဗျို့  ဟီးးးးးးးးး
ငါ့လက်ထဲကသော့ဟာ
အချစ်ကိုဖွင့်ရခက်တုန်းပေါ့
း))
အားမငယ်ပါနဲ့ အကိုရာ....
ကျွန်တော်တို့ သော့တွေကိုက ပျက်နေတာလေ....
အဟီးးးးးးးးးးးးးး
အချိန်တန်တော့လည်း သော့ဖွင့်စရာမလိုပဲ
ခေါင်မိုးဖောက် ဝင်လာလိမ့်မယ်...........
Post a Comment