Sunday, September 11, 2011

စာတန်းထိုးရုပ်ရှင်

စင်ပေါ်ရောက်မှတော့
ရတဲ့သီချင်းနဲ့ကကြမယ်
မနက်လင်းတာနဲ့သီချင်းတွေကအက်ကွဲလို့။
အချစ်က
တစ်ခါတစ်လေအဆီအငေါ်မတည့်ဘူး
သတ်ပုံမှားနေတဲ့အက္ခရာအသေတွေနဲ့
ငါ့ကိုလောင်တယ်။
ညီလေး..အမောင်
မင်းကိုလည်းလောင်မယ်
ကော့မှူးကဖိုးခွားရဲ့
ရိုးသားတဲ့ လက်ရေးလေးတွေကိုလည်းလောင်တယ်။
ညီညီမြန်အောင်ရဲ့အတွေးလေးတွေလည်းလောင်တယ်
ယောင်္ကျားတွေဟာမိန်းမတွေရှေ့ဆို
မိုင်းနပ်ဝမ်းရဲ့အောက်မှာရှိတယ်
သူတို့ အဖို့တော့ပလပ်ဝမ်းပေါ့
ဇာတ်လမ်းကစနေရင်းပဲဆုံးပြီ
အသည်းကွဲမှစာတန်းထိုးတဲ့ရုပ်ရှင်
ငါတို့ဝင်ကြည့်မိကြတယ်။            ။

                                                  အောင်မှူးဝေ


2 မှတ်ချက်:

ညီညီ said...

ကျေးဇူးအများကြီး တင်ပါတယ်အစ်ကို....
ကျွန်တော်တို့ ညီအစ်ကိုတွေအတွက်
အမှတ်တရ ရေးပေးတဲ့ အတွက်ပါ...
အစ်ကို ကြမ္မာပျော်ရွှင်ပါစေ..........

ဖိုခွားလေး said...

ဝင်ကြည့် သွားတယ် ကိုအောင်မူးဝေရေ

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here