ဟိုး..... တစ်ချိန်တုန်းကပေါ့
နင်ပို့လိုက်တဲ့ စာတစ်စောင်
အဝါရောင် သန်းနေလည်း
ငါ.... ခုထိသိမ်းထားဆဲလေ..........။။
ယုံကြည်ချက်အပြည့်နဲ့
ခရီးဆက်ခဲ့တဲ့ နေ့ရက်တိုင်းမှာ
နင်ပြောခဲ့တဲ့စကား ငါ့အတွက် အင်အားတစ်ခု
အတူနေဖို့ ပိုက်ဆံစု ကိုကိုတဲ့...............။။
သြော်..... အခုတော့
ဒီစကားတွေများ
နင်မေ့ကာ သွားပြီပေါ့.........။။
နင့်ရဲ့ မင်္ဂလာသတင်း
သယ်ဆောင်လာတဲ့ လေညှင်းက
ငါ့ ရင်ကို ပူပြင်းလွန်းတယ်..............။
ဘယ်မှာလည်း သစ္စာ
ဘယ်မှာလည်း အချစ်
လူတွေရဲ့ နှလုံးသား အားလုံးဟာ အတုတွေများလား..........?
ငါ.... ငိုခဲ့ပါတယ်......
မေမေရဲ့ ရှေ့မှာပေါ့...........။။
ငါ့ကို ကြည့်နေတဲ့ မေမေရဲ့ မျက်ဝန်းနဲ့
မေမေပြောခဲ့တဲ့ စကားတစ်ခွန်းလေ
ယောင်္ကျားဆိုတာ ရည်ရွယ်ထားတာကို အောင်မြင်အောင် ကြိုးစားရတယ်တဲ့
မေမေရဲ့ ရှေ့မှာပေါ့...........။။
ငါ့ကို ကြည့်နေတဲ့ မေမေရဲ့ မျက်ဝန်းနဲ့
မေမေပြောခဲ့တဲ့ စကားတစ်ခွန်းလေ
ယောင်္ကျားဆိုတာ ရည်ရွယ်ထားတာကို အောင်မြင်အောင် ကြိုးစားရတယ်တဲ့
ငါ...မေမေ့ကို အပြုံးတွေနဲ့ ကတိပေးခဲ့ပါတယ်
ဒါပေမယ့်....
နင့်အတွက် ရင်ထဲမှာတော့................
မမေ့သေးဘူး ငယ်
တကယ်ဆို ဒီစာရွက်အို ခပ်နွမ်းနွမ်း
ငါ........ ဘွမ်း လိုက်ဖို့ သင့်ပြီလေ..............။။
ဒါပေမယ့်....
နင့်အတွက် ရင်ထဲမှာတော့................
မမေ့သေးဘူး ငယ်
တကယ်ဆို ဒီစာရွက်အို ခပ်နွမ်းနွမ်း
ငါ........ ဘွမ်း လိုက်ဖို့ သင့်ပြီလေ..............။။
ညီညီ(မြန်အောင်)
ဘွမ်း=လွှင့်ပစ်သည်(မလေးဘာသာ)
2 မှတ်ချက်:
ကဗျာလေးမိုက်တယ်... :D
သူတို့ တွေကအဲ့လိုပဲကွ ငါလည်းကြိုက်တယ်ကွာ ဒီကဗျာကို
Post a Comment