သူ့ထမီတစ်ထည်လုံးငိုလို့
သူ့သားအငယ်ကောင်ရဲ့သေးတွေစိုထား
သစ်သီးဆိုင်
ကုန်စုံဆိုင်
ဓာတ်ဆီဆိုင်
အထည်ဆိုင်တွေပေါတဲ့လမ်းကလေးထဲ
စားသလောက်မ၀သူများစာရင်း
မိတောကိုကျွန်ဇာတ်သွင်းသလိုသွင်
ဝချင်တော့လည်း
ဘာမှမစားဘဲဝတာပါပဲ..အစ်ကို
ပါရာဒိုနဲ့လူကအဆိုးဆုံးပေါ့
အပေးအကမ်းရက်ရောတယ်။
မိတောလည်းလမိုက်ညကိုမုန်းတယ်အစ်
လမိုက်ညဆို
တစ်ရပ်ကွက်လုံးဆိုင်ရာဂေါပကလြူ
မိတောဆီလာလာလည်....
စုတ်နေတဲ့ထမီအထက်ဆင်နဲ့
သူ့ကလေးပါးစပ်ကိုသုတ်ရင်းပြော
ကလေးကငိုရတာမောနေပြီ။
ခွေးတွေက
အရူးမမို့ပိုဟောင်ကြသလားမသိဘူး
လူရည်သန့်တွေရဲ့
လောက်ကိုက်နေတဲ့စောင့်ထိန်းမှုေ
မိတောတို့ဘ၀မလုံခြုံတော့ဘူး..တဲ
စနေထောင့်ကတိမ်ညိုတွေလိုသူပြော
ကားဂိတ်မှာအိပ်ရတာ
နတ်ပြည်မှာထောင်ကျသလိုပဲ
စပယ်ယာတွေက
တစ်နေ့စာငိုစရာတွေကိုရယ်ရအောင်ေ
လက်တို့တောင်းရင်ရှက်ဖို့ကောင်း
တစ်ခါနားယောင်မိတာနဲ့
တစ်ညလုံးမောတော့တာပဲအစ်ကို။
ဟိုတစ်လောက မိတောအရိုးပေါ်အရေတင်
အိပ်မက်တွေမ၀မလင်နဲ့
ဆိုပေးတဲ့သီချင်းနဲ့မကလို့
စပယ်ယာတွေကထမင်းမကျွေးဘူးဆိုပဲ
တစ်ဈေးလုံးစားစရာတွေနဲ့ပြည့်ေ
မိတောရယ် နင့်ကျမှ
မပြည့်အိုးထဲ
ထိုးစိုက်ခံလိုက်ရတဲ့ပန်းလိုညှိ
ကဗျာရေးတဲ့မိန်းမ၀၀ကြီးကိုသိလား
သူ့ဆွဲကြိုးကိုကိုင်မိလို့
မိတောကိုဈေးထိပ်မှာပါးချတယ်
မြေနိမ့်ရာလှံစိုက်ဖို့
ဘ၀တက္ကသိုလ်ကသင်ပေးသလား။
အစ်ကိုကစာရေးဆရာဆိုတော့
သွေးကိုမင်ဖြစ်အောင်ဖျော်တာပေါ့
မျက်ရည်ကလည်းသွေးပါပဲအစ်ကို။
မိတော
ရူးချင်စရာ+လူ
သူအဖြေထွက်ခဲ့တဲ့ ရှင်သန်ခြင်းပုစ္ဆာ
ကတ္တရာလမ်းအိုလေးကသူ့အိုးသူ့အိမ်
ကဗျာတစ်ပုဒ်လုံးကိုခြုံငုံပြော
ကားဂိတ်နားကပုန်းညက်ညိုရိပ်မှာ
မိတောရဲ့အပျိုပေါက်ဒဏ်ရာတွေဟာ
သွေးမတိတ်သေးဘူး။
သူ့သားအကြီးကောင်ကိုကားတိုက်တယ်
ကားသမားမှာလည်းသားမယားနဲ့မို့
တရားတွေတဘောင်တွေမစွဲတော့ပါဘူး
တိုက်သွားတဲ့ပါရာဒိုနဲ့လူက
သူနဲ့တူတဲ့အရူးမလေးရဲ့သားကို
မုန့်ဖိုးတစ်သောင်းခွဲပေးခဲ့တယ်
မကြာဘူး
ကလေးလည်းဆေးမြီးတိုနဲ့သေတာပဲ။
အတတ်ပညာလုံးမပါတဲ့ကဗျာထဲ
အဆင်ပြေရာညတစ်ညကိုဆွဲထည့်လိုက်
မိတောရေ..
ခေတ်စံနစ်
အဖြစ်သနစ်အစုံအလင်မှာ
နင့်လင်ဟာဘယ်သူလဲ..
ဖြေစမ်း။
သားအမိတတွေ..
မိတောတို့သားအမိတတွေ
အုန်းခနဲပြိုကျသွားတဲ့နံရံအောက်
ကိုယ့်အသက်ကိုယ်
ကိုယ်ယောင်ဖျောက်လိုက်ကြ
ငါကဘာမို့အချောင်ရင်နာရတာလဲ
လူသားဆန်ခြင်းသည်းခံပါတွေသာနေတဲ
အဲ့ဒါလမင်းမှမဟုတ်ဘဲ...
သတ်ပုံလွဲနေတဲ့အလင်းတွေပဲမိတောေ
ကောင်းရာမွန်ရာရောက်ပါစေ။
လူမဆန်တဲ့လူ့လောကတစ်နေရာသို့...
အောင်မှူးဝေ
10.9.2010
0 မှတ်ချက်:
Post a Comment