Thursday, September 22, 2011

ရယ်သောသူသည်အသက်ရှည်သည် .So.(ခြေမကြားကလိထိုးရီကြပါရန်)

လိမ်ပြောဦး

၂၁ ရာစုအစမှာပဲ စက်ရုပ်တွေဟာလူတစ်ယောက်လိမ်တယ်
မလိမ်ဘူး ဆိုတာကိုမျက်နာကြည့်ပြီးသိနိုင်
အောင် တီထွင်နိုင်ခဲ့ပါပြီ။ ထူးခြားချက်အနေနဲ့ အဲဒီစက်ရုပ်ဟာလိမ်တဲ့သူကိုချက်ချင်းပါးထရိုက်တာပါပဲ။ မယုံဘူးလား… အောက်ကအဖြစ်အပျက်ကိုဖတ်ကြည့်ပါ။
ကိုဇော်ဂျီနဲ့ပွင့်တို့ရဲ့သားလေး မောင်မောရစ်တစ်ယောက်အိမ်ကိုနောက်ကျပြီးမှပြန်ရောက်လာသည်။
ကိုဇော်ဂျီ ။    ။ သားမင်းဘာလို့ကျောင်းနောက်ကျတာလဲ။
မောင်မောရစ် ။     ။ ဒီနေ့ကျောင်းကအချိန်ပိုရှိလို့နောက်ကျတာအဖေရဲ့။
ဖြန်း…………………………………..
အံ့သြစရာကောင်းလောက်အောင်ပဲ ဘေးမှာရှိနေတဲ့စက်ရုပ်က မောင်မောရစ်ပါးကိုရိုက်ထည့်လိုက်သည်။
ကိုဇော်ဂျီ ။     ။ ဒီစက်ရုပ်က လိမ်ပြောတာကိုအာရုံခံစားနိုင်တဲ့စက်ရုပ်ကွ။ မှန်မှန်ပြောစမ်း။ လိမ်ပြောရင်မင်းကိုပါးထပ်ရိုက်လိမ့်မယ်။
မောင်မောရစ် ။     ။ ဟုတ်ကဲ့. .. ကျနော်ရုပ်ရှင်သွားကြည့်နေတာပါ။
ကိုဇော်ဂျီ ။     ။ ဘာရုပ်ရှင်လဲ။
မောင်မောရစ် ။      ။  “The Ten Commandments” ဇာတ်ကားပါ။
ဖြန်း……………………………………….
စက်ရုပ်ကရိုက်ထည့်လိုက်ပြန်သည်။ မောင်မောရစ်တစ်ယောက်မလိမ်ရဲတော့ပေ။
မောင်မောရစ် ။     ။ ဟုတ်…ဟုတ်.. Sex Queen ဇာတ်ကားပါ။
ကိုဇော်ဂျီအတော်ပေါက်ကွဲသွားသည်
ကိုဇော်ဂျီ ။     ။ မင်းမရှက်ဘူးလားကွ ဒါမျိုးဇာတ်ကားကြည့်တာ။ မင်းအသက်အရွယ်လောက်တုန်းက ငါဒါမျိုးရှက်စရာဘယ်တုန်းကမှ မလုပ်ခဲ့ဘူး။
ဖြန်း……………………………………………………
တော်တော်လေးကိုအသံကျယ်ပါဧ။်။ ကိုဇော်ဂျီကိုစက်ရုပ်ကပါးချလိုက်ခြင်းပင်ဖြစ်ချေသည်။
ဆူညံဆူညံအသံများကြောင့်မိခင်ဖြစ်သူ ပွင့်မီးဖိုချောင်မှထွက်လာပြီးပြောလိုက်သည်။
ပွင့် ။     ။ ရှင်လည်းလိမ်တာပါပဲလား။ အင်းလေ.. ရှင်နဲ့တူမှာပေါ့ အဲဒါရှင့်သားပဲလေ ။
ဖြန်း……………………………………………………………
ဒီတစ်ခါစက်ရုပ်ဧ။် ပွင့်ကိုပါးရိုက်ချက်ကား အသံအကျယ်ဆုံးဖြစ်တော့သည်။


မင်းတော့ သေပြီသာမှတ်ပေတော့

ကမ်းခြေမှသူဌေးကအိမ်သို့ ဖုန်းဆက်နေသည်။
"ဟေ့ကောင်ကြီး....အိမ်မှာဘယ်လို
အခြေအနေရှိလဲ..
အေးဆေးပဲလား"
"ဟာ....မအေးဆေးဘူးဆရာ....ဆရာမွေ
းထားတဲ့..ကြက်တူရွေးကြီးသေသွားပြီ"
"ဟေ...မင်းဂရုစိုက်ပြီးအစာမကျွေးဘူးလားဟေ့ကောင်..."
"ကျွေးပါတယ်ဆရာရယ်..."
"အေး...ကျွေးရင်ပြီးရော....သေတာကသေသွားပြီ..ရှိစေတော့...ရှိစေတော့
ဒါနဲ့ ဘယ်လိုဖြစ်ပြီးသေသွားတာလဲ...အအေးမိတာလား"
"မဟုတ်ဘူးဆရာ....အဲဒီကောင်ကအသားအပုပ်တွေစားမိလို့သေသွားတာ"
"ဟင်!!!!ဘယ်ကအသားအပုပ်တွေတုန်းဟ..မင့်ဥစ္စာက"
"ဆ..ဆရာ...စိတ်မဆိုးရဘူးနော်..
ပြီးတော့...ကျွန်တော့်ကိုအလုပ်မထုတ်ပါနဲ့နော်....."
"အေးပါ...မြန်မြန်ပြောစမ်းပါ..."
"ဟိုလေ....ဆရာမြင်းကြီး....အဲလေ...ဆရာ့မြင်းကြီးအသားအပုပ်တွေ....."
"ဘာ....ငါ့မြင်းကြီး...ဟုတ်လား.."
"ဟုတ်...ဟုတ်...သေသွားပြီဆရာ.."
"ဟေ!!!!...."
"သူကတော့ပင်ပန်းပြီးသေတာဆရာ"
"ဘာကွ...မြင်းကြီးကိုမင်းတို့လျှောက်စီးကြတာပေါ့ ဟုတ်လား.."
"မဟုတ်ဘူးဆရာ...ရေ...ရေသယ်ရလို့ပါ..."
"ဘာ!!!!...ရေ.........ဟုတ်လား....????.ဘာလုပ်ဖို့လဲဟင် ဘာလုပ်ဖို့လဲ"
"ဟို..ဟိုလေ....မီးလောင်လို့..."
"ဘာ!!!!!! မီးလောင်လို့ဟုတ်လား....ဘယ်သူ့အိမ်လဲ..ပြောစမ်းမြန်မြန်.."
"ဆရာ.အိမ်ပေါ့ဆရာရယ်"
"ဘာကွ...ဟေ့ကောင်....ဘယ်လိုဖြစ်တာလဲ ပြောစမ်းမြန်မြန်"
"ဖယောင်းတိုင်မီးကလောင်တာဆရာ..အသုဘရှိလို့ထွန်းထားတဲ့ဖယောင်းတိုင်က"
"...အ..အ...အသုဘ...ဘယ်..ဘယ်သူလဲဟင်"
"ဆရာ့အမေ...."
"ဘာကွ..ငါ့အမေသေပြီ...ဟုတ်လား...အမယ်လေး..ပြောစမ်း..ပြောစမ်း..ဘယ်လိုဖြစ်တာလဲ"
"ဒီလိုပါဆရာရယ်...အဲဒီနေ့ကပေါ့..ဘုရားခန်းထဲမှာ...လူရိပ်တစ်ရိပ်...ဖျတ်ခနဲမြင်တာနဲံ့..
ဟ..သူခိုးဟ..ဆိုပြီး...အနားမှာတွေ.တဲ့ဂေါက်ရိုက်တံနဲ့နှက်ထည့်တာ..ဆရာ့အမေဖြစ်နေတယ်
တခါတည်းပွဲချင်းပြီးသွားတယ်...ဆရာ.."
"ဘာ.ရှီးထဲမှပဲ..သောက်ရမ်းသောက်ရမ်းလုပ်ရလားဟ..
..အဲဒီဂေါက်ရိုက်တံကောက်သွားလို့ကတော့..မင်း...မင်း..သေပြီသာမှတ်.

ခင်ဗျား..သိပြီးသားပါ...

အိမ်မွေး တိရစ္ဆာန်ဆိုင်ကိုလူတစ်ယောက် ၀င်လာတယ်။
အဲ့ ဒိ့ ဆိုင်မှာ အထူးခြားဆုံးက လူစကားပြောတတ်တဲ့ ကြက်တူရွေး တစ်ကောင်ရှိတယ် လို့ နာမည်ကြီးနေပါတယ်။   ။
ဆိုင်ရှင်ကလည်း ဒီထူးခြားတဲ့ ကြက်တူရွေးကို တခြားအကောင်တွေနဲ့တောင်မထားပဲ သီးသန့်ထားထားတယ်။
လှောင်အိမ်နဲ့မထားဘဲ လွတ်လပ်ခွင့် ပေးထားတယ် ။
 
အဲ…........နောက်တစ်ခု ထူးးဆန်းတာက သူကပျံမသွားဘူး ။
ကြက်တူရွေး...သူက..တနေ့ ကုန်ကြက်တူရွေးအစွမ်းပြနေတတ်တယ်... ။ 
လူတယောက်ဝင်လာရင်လည်း
ကြက်တူရွေး။    ။(((( ဧည့်သည်လာတယ် ))))    .. ( သတိ !! ကြက်တူရွေးအသံဖြင့် ဖတ်ရန် )

လမ်းပေါ်ကအမှိုက်သမား ကအစမုန့် သည်တွေအားလုံးသူ ကလိုက်လိုက်ခေါ်တတ်တယ်...။
သူက ခေတ်ပေါ်သီးချင်းလည်းသီဆိုတတ်ပါသေးတယ်..။
ဒါ့ အပြင်..မြင် တဲ့ အတိုင်းပဲပြောတတ်လို့ ဆိုင်ရှင်အမြဲလည်း..ပျော်ရစိတ်ညစ်ရပါတယ်..။
တနေ့ သောအခါ မိန်းမကြီးတစ်ယောက်သည် မိမိနေအိမ်သို့ ပြန်ရာ
လမ်းခုလပ်တွင် အိမ်မွေး တိရစ္ဆာန်ဆိုင်ကို ဖြတ်ကျော်ရပေသည်။ ထိုဆိုင်သို့  ဖြတ်ကျော်နေစဉ်အတွင်းအဲ့ ဒိ့ ကြက်တူရွေး က ထိုမိန်းမကြီးအား
ကြက်တူရွေး။      ။((((အင်မတန်ရုပ်ဆိုးလိုက်တာဗျာ))))

မိန်းမကြီးခမျာ ဒေါသတွေထွက်ပြီး ဆောင့်ကြီးအောင့်ကြီးနဲ့ ဖြတ်ကျော်သွားလေသည်။
နောက်နေ့တစ်ခါထပ်မံဖြတ်ကျော်ရပြန်သည်။    ။
ထုံးစံအတိုင်းပင် ကြက်တူရေးသည် ((((ရုပ်ဆိုးလိုက်တဲ့ မိန်းမကြီး ဗျာ...))))

ထိုမိန်းမကြီးအကြီးအကျယ် ဒေါသထွက်လေတော့သည်။ ထိုအခါ ထိုမိန်းမကြီးသည် ဆိုင်ရှင် အား
အကျိုးအကြောင်းပြောပြပြီး နောက်တစ်ခါ ထပ်မံပြောနေဦးမည်ဆိုပါကကြက်တူရွေး ကိုလည်းသတ်ပစ်မည် ။
ဆိုင်ရှင်ကိုလည်းတရားဆွဲမည် ဖြစ်ကြောင်းပြောပြပြီး ဆိုင်မှထွက်ခွာသွားလေသည်။

နောက်နေ့  တွင် ထိုမိန်းမကြီးဆိုင်ရှေ့ မှ ဖြတ်ကျော်မည် အပြုတွင်

ကြက်တူရွေးက ။  ။ ဟိုအမကြီး)))))

အမျိုးသမီး။         ။ ဘာတုန်း

ကြက်တူရွေး။         ။ဟဲ.....ဟဲ ခင်ဗျား ကို ကျူပ်ဘာပြောမယ်ဆိုတာ ခင်ဗျားသိပြီးသားပါ......))))




လိမ်ပြောအုံး ဆိုတာလေးအတော်သဘောကျတယ်ဗျာ ကိုဇော်နိုင်လင်းကမေး
နဲ့ ပို့ ပေးတာလေးပါ ကန်တာတွေကတော့ဖတ်ဖူးပီးသားပါ သူငယ်ချင်းတွေ
ရယ်ရအောင် ပြန်လည်ဖြန့် ဝေပေးလိုက်ရပါတယ်


--
Zaw Naing Linn


7 မှတ်ချက်:

စံပယ်ချို said...

စွယ်စုံရေ....
ငါလဲစက်ရုပ်လိုချင်လို့
ဘယ်မှာရောင်းတာလဲ....
ရယ်သွားတယ်..အားရပါးရကို
ရယ်ရလို့ကျေးဇူးတင်ပါတယ်။
ခင်မင်တဲ့ jas

KZaw said...

ကိုစွယ်စုံရေလာ ရီသွားတယ်ဗျာ။ အဲလို စက်ရုပ်ကိုတော့ဝေးဝေးကရှောင်မှရမယ်ဂျ :P
ခင်မင်လေးစားသဖြင့်

Unknown said...

ဟားးးးးးးးးးးးးးးးးးးရယ်ရတယ်တော့..ဗြဲဟဲဟဲ..
တားလည်းနောက်ဆိုလိမ်မပြောတော့ဝူး .. နော်

ခင်မင်လေးစားလျှက်

(ဒုတိယ)

Candy said...

အဟီးဟီး... အဟားဟား... အဟူးဟူး... ၀ါးဟားဟား... xD xD xD

KMC@ချင်းလေး said...

စက်ရုပ်လေးကော၊ကြက်တူရွေးလေးကောလိုချင်တယ်ဗျို့။ ရယ်မလို့ဥစ္စာသူများတွေရယ်ထားတာတွေ့တော့တကူးတက
မရယ်တော့ပါဘူး။အပေါ်ကငတိမလေးရယ်တာထက်နှစ်ဆလို့
မှတ်လိုက်ဗျာ...ကိုအာလူး..ဘူးသီး..ရထားးးတီကောင်.
ကြားလား?...ကြားရင်ပတ်ကျိကိုခရုနဲ့အာဝါဟဝိဝါဟပေးဖို့စီစဉ်မယ်.ဒါပဲ။

ကိုရင် said...

မင်းတော့ သေပြီသာမှတ်ပေတော့..:D

Thameesan said...

ဘဘမောင်...........
ဖြန်း!!!!
ဟီးးးးး
(တစ်မျိုးထင်ပါနဲ့အသံစမ်းကြည့်တာ..ရိုက်ဖို့လူရရင်အဆင်သင့်ဖြစ်အောင်လို့):P
အဲဒီ့စက်ရုံကို..ဘယ်သူထွင်လိုက်တာလဲသိလား?း)
ချစ်ခင်စွာဖြင့်..

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here