Monday, October 24, 2011

မြွေကိုက်ခံနေရတဲ့ကဗျာ


မနက်လင်းတာနဲ့ အနုတ်လက္ခဏာတွေဗြောင်းဆန်

ပြဿနာတွေအိပ်ရာနိုးလာကြတာ ပြဿနာ

ဆံပင်ဖြောင့်ဖို့ စိတ်ကောက်ဖို့လောက်စိတ်ဝင်စားတဲ့မိန်းမ

ဒီနေ့လည်းဒုတိယအလုပ်ကိုလုပ်နေပြီပဲဆိုပါစို့

အိမ်ထောင်သည်ဘ၀မှာဘယ်လမ်းကသွားသွား

သချိုင်္င်းကုန်းကိုတော့ရောက်တာပဲတဲ့

အလှတွေလွှင့်ပစ်လိုက်ရပြီ

ရှင်ပေးတဲ့ဈေးဖိုးက

ခွေးသူခိုးချီသွားတဲ့ကျွန်မဖိနပ်တစ်ရံဖိုးတောင်မရှိဘူး

ကဗျာဆရာလုပ်မယ့်အစား

မွေးကတည်းကသေသွားခဲ့ရမှာ..စသဖြင့်

စိတ်ထဲကသာယာမှုကိုဆွဲဆွဲနှုတ်နေပြန်

ကောင်မ..ကိုယ်ချင်းစားတရားဧရိယာပြင်ပမှာ

အနုပညာကိုမတရားကျင့်နေပုံ

သူကျွန်တော့်ကိုဘာကြောင့်နားမလည်တာလဲ

ကျွန်တော်နားမလည်နိုင်ဘူး။    ။


သူငယ်ချင်းဝိုင်ချိုသို့.....

                                 အောင်မှူးဝေ


5 မှတ်ချက်:

မဒမ်ကိုး said...

ပြောရက်လိုက်ကြတာ ပြောရက်လိုက်ကြတာ ..
သည်မယ်ဟေ့မောင်တစ်လုံးရဲ့ ကိုရင် က သမီးပဲတဲ့ ကဲ စိတ်ဝင်စားရင် တန်းသာစီထားပေတော့း)

mstint said...

အခုလောက်ဆိုရင် အမောင်က နံပါတ် ၁၀လောက်တော့ချိတ်နိုင်ပါတယ် အားတင်းထားနော်း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဖိုခွားလေး said...

အားပေးတယ်ဗျို့ 

မိစံ said...

ဟောတော်..ပြောချက်ကတော့..
တကယ့်..ဆိုးတာပါလားးးးးး
ဆင်ဆာမိတော့မှာပဲနော်........
ကိုအောင်မှူးဝေရေ..လေးစားတယ်ဗျို့...း)

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးက မိုက်တယ်ဗျို့

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here