အဖေမသိ
အမေမရှိ
ဘုမသိ ဘမသိနဲ့
ကျခဲ့ရတဲ့ မျက်ရည်တွေ
လူ့လောကကို အကျည်းတန်စေတယ်...........။
အဖြူစင်ဆုံးအချိန်မှာ
အနာကျဉ်ဆုံး နှလုံးသားနဲ့
မေမေဆိုတာ ရှာဖွေဆဲ
ဖေဖေ ရေလို့ ခေါ်နေမြဲလေ.............။
ကြွေးဟောင်းတွေကို ပေးဆပ်ရင်း
လောကအတွက် အသက်ရှင်ခြင်းမှာ
ဂုဏ်ပကာ သနတွေရဲ့ကြား
ငါတို့ ကို လျှစ်လှူရှုသွားကြတဲ့ မိဘတွေ...........။
ဘယ်လို ကြမ္မာဆိုးက
ဒီလို အဖြစ်ဆိုးတွေကို ဖန်တီးခဲ့တာလည်း.............။
တကယ်ဆိုရင်
အမှန်စင်စစ်
တိရ စ္ဆာန်တောင်...
သား....သမီး ကိုချစ်တယ်..........။
ညီညီ(မြန်အောင်)
3 မှတ်ချက်:
တကယ်ကို ရသမြောက်တဲကဗျာလေးပါပဲ
ဟုတ်တယ် အဖြူစင်ဆုံးအချိန်မှာ
အနာကျင်ဆုံးတွေဖြစ်ခဲ့ရတဲ့သူလေးတွေအတွက်
ထပ်တူခံစားမိပါတယ်
ဟုတ်တာပေါ့.. မိဘတွေမှာ ကြွေးဟောင်းဆပ်ရင်းနဲ့ပဲ လျှစ်လျူရှုသွားတယ်လေ...
ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ
Post a Comment