လောကဒဏ်တဲ့လား..........?
တက်မစုံ ရွက်မစုံနဲ့
အဆန်ခရီးကို လှော်ခတ်ဖို့ ကြိုးစားနေချိန်
သောက မုန်တိုင်းတွေ ရဲ့ကြားမှာ
အလွမ်းမိုးတွေက ထာဝရ စွေနေတုန်းပဲအမေ.............။
ခေတ်စနစ်နဲ့
အသစ်အသစ်တွေ ပြောင်းလည်းနေတဲ့ ကမ္ဘာကြီးမှာ
လူတွေရဲ့ နှလုံးသား
ရိုးသားမှုဆိုတာ ခပ်ပါးပါးပဲ ကျန်တော့တယ်.............။
လိမ်ညာ မှုတွေရဲ့ အောက်မှာ
သာယာနေမိကြတဲ့ ကျွန်တော်တို့ လူသားတွေအတွက်
ယုံကြည်အားကိုးမှု ဆိုတဲ့ အရာဟာ
ကံကြမ္မာ ဆိုတာပဲလားအမေ.............။
သတိရလို့ ကြတဲ့ မျက်ရည်တိုင်းမှာ
အမေ ဆိုတာ နေရာယူနေသမျှ
၁၅၀၀ ဆိုတဲ့ ချစ်ခြင်းတရား
ကျွန်တော် လစ်လျှူရှုထားတယ်..........။
အမေရေ.........
ဘာဖြစ်မယ်မှန်း မသိတဲ့ မနက်ဖြန်တိုင်းမှာ
ရိုးသားစွာ နေထိုင်ဖို့ အတွက်ကြိုးစားရင်း
လူတွေရဲ့ မုန်းတီးခြင်းတွေက
ဒါပေမယ့်လေ..............
ဘယ်သူတွေ ဘယ်လို မုန်းမုန်း
ပြုံးနေတဲ့ အမေ့ရဲ့ ရင်ခွင်လေးက
အမုန်းမရှိပါဘူးဆိုတာ
ညီညီ(မြန်အောင်)
6 မှတ်ချက်:
လူပျိုကြီးဒယ်လုပ်မှာလား ပြောစမ်းပါ..ငှဲငှယ်
ကျောတာယဲ အမောင်(စွယ်စုံ)လေးပါဘဲ ယုံဘူးဖလမ်းဖလမ်းထထပြ ဟဟ
လိမ်ညှာမှုတွေရဲ့အောက်မှာ သာယာနေမိကြတဲ့ လူသားတွေအတွက်
ယုံကြည်အားကိုးမှုဆိုတဲ့အရာဟာ
ကံကြမ္မာဆိုတာပဲလားအမေ.............။
စွယ်စုံကြမ်းရေ.. .သဘောကျမိတဲ့စာသားလေးပါ.
ချမ်းမြေ့ပါစေ
ချယ်ရိမြေ
ဒီကဗျာလေး အရမ်းကောင်းတယ် ... အရမ်းကြိုက်တယ်... :D
ချစ်ရေ....ကဗျာလေးက အရမ်းကောင်းတယ်
ကျွန်တော် ဆရာပီသပါပေတယ်..................
ဇင်လင်းရေ...........
လူကျိုဂျီးပဲ ရုပ်ရမှာပေါ့ဂျာ.......
ဘီတူမှ ကျန်မှမကြိုက်တာကိုးးးးးးးးးးးးးးးးးးးး အဟီးးးးးးးးးးးးးးးးးးးးး
Post a Comment