ခေတ်ကိုဖြည်ချရတာမောတယ် ပြုံးလိုက်မဲ့လိုက်
ကားတွေကိုဆီဖြည့်သလို လူတွေထဲစိတ်တွေထပ်ဖြည့်ရ
စားလိုစိတ် သွားလိုစိတ် ၀ါးလိုစိတ် ရေးသားလိုစိတ်...စသဖြင့်တွေ..။
လမ်းပေါ်တက်လိုက်တာနဲ့အပူထုပ်ကဖုတ်ခနဲပြုတ်ကျလာ
နွေနေပူမှာဖြတ်ကျော်လာဖူးမှ... ခပ်တည်တည်ညည်းဆိုလိုက်
မနက်တိုင်းကြက်သားသည်နဲ့နေ့စွဲချင်းမီးကူး လိုက်ဖို့
ဆောင်းခါကြီးခွပူနေတာတော့လွန်လွ န်းတယ်
အပြစ်တွေအမှိုက်ပုံသလိုပုံချဖို့ 
ဈေးကောက်နဲ့စိတ်ကောက်ပြီး အရောင်းအ၀ယ်ဖြောင့်ဖို့
အခင်းအကျင်းကအစပူပူလောင်လောင်ရပ်ကွက်ဈေးလေးထဲ
ငါ့ဝယ်လိုအားကိုပစ်ထည့်လိုက်ရတာ
နင်ပဲငဆရစ်သမ်နဲ့စပယ်ယာတွေပါး စပ်ထဲ
ငါ့ဘ၀ကိုထိုးအပ်လိုက်ရတာ
တစ်နေ့မိနစ်ကိုးဆယ်ပုံမှန်
(နေရာတကာ)
ခုန်ပျံနေပါလား..ရန်ကုန်မြိြု့ ကီးမင်းခင်ဗျာ
စုန်ဆန်စရာမြစ်တစ်စင်းလည်းကောခဲ့ ပြီ
သစ်တောတွေက
အခုမှမူကြိုမှာ........။ ။
အောင်မှူးဝေ
0 မှတ်ချက်:
Post a Comment