ချစ်သူ ရဲ့
အပြုံးတစ်ချက်ကို မြင်ရဖို့အရေး
ငါ..တိတ်တိတ်လေး ထိုင်ငေးခဲ့ဘူးတယ်.......။
ချစ်သူ
ပြုံးလိုက်တိုင်း
ပန်းကလေးတွေ ငိုသွားသလို
ငါ့ ရင်ထဲ မြတ်နိုးခြင်းတွေက
ပြိုကြတော့မယ့် မိုးတိမ်စိုင်တွေလိုပေါ့.......။
ဖြူစင်ကျော့ရှင်းတဲ့
ချစ်သူရဲ့ လှပခြင်းတွေကို
ကဗျာမှာ ရေးဖွဲရင်း
ငါ... တိတ်တိတ်လေး ချစ်ခဲ့ခြင်းတွေနဲ့............ .။
ချစ်သူရဲ့ လှပခြင်းတွေကို
ကဗျာမှာ ရေးဖွဲရင်း
ငါ... တိတ်တိတ်လေး ချစ်ခဲ့ခြင်းတွေနဲ့............
နှလုံးသားရဲ့ နှိုးစက်က
ငါ့....ညတွေကို အိပ်ပျက်စေခဲ့ပြီ......
ချစ်သူလာမယ့် လမ်းမှာ စောင့်မျှော်ရင်း
ငါ့........ရင်ထဲမှာ
တိတ်တဆိတ် ရူးသွပ်နေခြင်းတွေ...........။
ငါ့....ညတွေကို အိပ်ပျက်စေခဲ့ပြီ......
ချစ်သူလာမယ့် လမ်းမှာ စောင့်မျှော်ရင်း
ငါ့........ရင်ထဲမှာ
တိတ်တဆိတ် ရူးသွပ်နေခြင်းတွေ...........။
မမြင်ရတဲ့ တစ်နေ့တာမှာ
တစ်သက်တာအတွက် စိတ်အစဉ်
ကြည်လင်မှု မရှိပဲ
တမ်းတမှု နေ့စွဲတွေကို အဖြေရှာရင်း
ငါ.... တိတ်တိတ်ကလေး လွမ်းတတ်ခဲ့ ခြင်းတွေနဲ့............။
တစ်သက်တာအတွက် စိတ်အစဉ်
ကြည်လင်မှု မရှိပဲ
တမ်းတမှု နေ့စွဲတွေကို အဖြေရှာရင်း
ငါ.... တိတ်တိတ်ကလေး လွမ်းတတ်ခဲ့ ခြင်းတွေနဲ့............။
ငါ....
မထင်မိခဲ့ပါဘူး
ဖြူစင်လွန်းတဲ့ မျက်ဝန်းက
မာယာတွေနဲ့ အရောင်စွန်းထင်းနေမှန်းကို..... ......။
မထင်မိခဲ့ပါဘူး
ဖြူစင်လွန်းတဲ့ မျက်ဝန်းက
မာယာတွေနဲ့ အရောင်စွန်းထင်းနေမှန်းကို.....
နင့် သတင်းတွေ ကြားချိန်တိုင်း
ငါ့ နားတွေ ထိုင်းသွားချင်တယ်.........
နင့် အကြောင်းကို တွေးမိရင်
ဘာမှမသိအောင် ရူးသွားချင်တယ်......
ငါ့ရဲ့ မျက်ဝန်းမှာ
မျှော်လင့်ချက်အလင်း ရောင်တွေအစား
မျက်ရည်များ အစားထိုးလာရင်
ထာဝရ အတွက် ကန်းသွားချင်တယ်...........။
ငါ့ နားတွေ ထိုင်းသွားချင်တယ်.........
နင့် အကြောင်းကို တွေးမိရင်
ဘာမှမသိအောင် ရူးသွားချင်တယ်......
ငါ့ရဲ့ မျက်ဝန်းမှာ
မျှော်လင့်ချက်အလင်း ရောင်တွေအစား
မျက်ရည်များ အစားထိုးလာရင်
ထာဝရ အတွက် ကန်းသွားချင်တယ်...........။
ကောင်မလေးရေ.......
တိတ်တိတ်ကလေး ချစ်ခဲ့တယ်....
တိတ်တိတ်ကလေးပဲ လွမ်းခဲ့တယ်......
နောက်ဆုံး....
တိတ်တိတ်ကလေးပဲ နင့်ကိုမုန်းလိုက်တယ်.......... ။
တိတ်တိတ်ကလေး ချစ်ခဲ့တယ်....
တိတ်တိတ်ကလေးပဲ လွမ်းခဲ့တယ်......
နောက်ဆုံး....
တိတ်တိတ်ကလေးပဲ နင့်ကိုမုန်းလိုက်တယ်..........
ညီညီ(မြန်အောင်)
2 မှတ်ချက်:
မုန်းပါနဲ့လားဗျာာာ
ဟင်. ဟင်.
ချိတ်မကောင်းဖစ်တွားဘီ...
မုန်းတော.မမုန်းလိုက်ပါနဲ.
မေ.လိုက်ရင်လုံလောက်ပါပြီ...ဟိဟိ
ကဗျာလေးကောင်းပါတီ..
Post a Comment