Tuesday, November 15, 2011

ရင်ခုန်သံ


နင်ပြန်မလာတော့တဲ့ 
ငါ့ရင်ခွင်ဟောင်းတနေရာမှာ
ဘယ်သူ့ ကိုမှ အစားထိုးလို့ မရခဲ့ ပါဘူး
ငါ့နှလုံးသားတခါးကို သော့ပိတ်
တိတ်တိတ်လေး အိပ်နေခဲ့ တယ်...........။

ငါ့ရင်ခုန်သံက တစ်နှစ်ကိုတခါခုန်တယ်
တခါခုန်တိုင်း ခက်ထားတဲ့ သော့ချက်တွေပျက်စီးကုန်တယ်
နင်အဖြေပေးခဲ့ တဲ့  နေ့လေးရောက်တိုင်း
နှစ်တိုင်းတစ်နှစ်တခါခုန်ခဲ့ တယ်
တချို့ နှစ်တွေဆို ငါ့ရင်ခုန်သံက
ငါ့အသက်ကို တောင်ရန်ရှာစေခဲ့ တယ်
အဓိကသော့ချက် က နင့်ကိုအပိုင်းပေးထားတော့
နင့်ကလွှဲပြီး ဘယ်သူမှ ငါ့နှ လုံးသားတခါးကို ဖွင်မရခဲ့ ဘူး..............။

နင့်ကို ဘယ်လောက်ထိချစ်မှာလဲလို့  ပြောမပြချင်ဘူး
ဘယ်လောက်ထိမြတ်နိုးလဲဆိုရင်တော့
ဒီကမ္ဘာမှာငါအမြတ်နိုးဆုံးအရာက 
နင်ပါလို့ ပြောပြီးငါ့ရင်ဘက်ထဲက နင့်ကို ပြလိုက်မယ်
ဘယ်လောက်အထိတန်ဖိုးထားလဲမေးခဲ့ တော့
တန်းဖိုးဖြတ်လို့ မရအောင်ကို တန်ဖိုးထားပါတယ်
ဘယ်လောက်အထိပေးဆပ်မလဲမေးရင်တော့
နင်လိုချင်သမျှ ပေးဖို့ အဆင့်သင့်ပါ
ဘယ်အချိန်ထိချစ်နေမှာလဲလို့ မေးဦးမလို့ လား
ငါ့ခန္ဒ္ဒာ မြေကျတဲ့ အထိချစ်နေမှာပါချစ်သူရယ်..............................။                                      
                                                                                                        
                                                                          ဖိုးခွားလေး (ကော့မူးမြို့ )


3 မှတ်ချက်:

Aeimt Kabyar Mon said...

Ar Luu

မဒမ်ကိုး said...

ဂယ်လားဟင် ..အပေါ်ကပြောသွားတယ် အာလူးတဲ့း)

mstint said...

အဲဒီလိုပဲ ပြောနေကျလား အမောင်ရေ သိပါ့။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အိုမားး))

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here