Monday, November 28, 2011

ငါ................?



ငယ်ဘဝ
မြေကြီးပေါ်မှာလမ်းစလျှောက်ရင်း
ခဏခဏ လဲကျခြင်းတွေ ရှိတယ်........။
ဘယ်သူကမှ ပေးမထူ
ကိုယ်တိုင်ထမှ လူဖြစ်ဖို့အရး
နာကျဉ်ခြင်းတွေကိုတော့ စတေးရတယ်..........။

ခု.......
ငါလျှောက်နေတဲ့ မြေကြီးပေါ်
ဖြူစင်မှု တွေနဲ့ ကြိုးစားရပ်တည်ရင်း
သူငယ်ချင်းဆိုတဲ့ သံယောဇဉ်နဲ့
အမှားမြင်လို့ အမှန်ပြင်ဖို့ အရေး
ဝင်ရောက်လို့ ဆွေးနွေးပေးခဲ့တာ
ငါ.... မနာလိုခဲ့တာ မဟုတ်ပါဘူး..............။

နောင်........
ငါ လျှောက်နေတဲ့ မြေကြီးအောက်
မလွှဲသာလို့ ငါ ရောက်သွားခဲ့ရင်
ငါနေခဲ့ရတဲ့ ပတ်ဝန်းကျင်တွေရဲ့ကြား
ငါရေးထိုးခဲ့တဲ့ သမိုင်း
ခပ်ရိုင်းရိုင်း မဖြစ်ဖို့ အရေး
သူငယ်ချင်းတွေရဲ့ အမုန်းလေးနဲ့
ငါ့ဘဝကို ဆက်ပြီး စတေးနေရဦးမယ်.........။

(လူတိုင်းမှားတတ်ကြတာပဲ........ မှားတတ်ကြလို့လည်း ခဲတံလေးတွေမှာ
ခဲဖျက်ကလေးတွေဆောင်ထားကြတာပေါ့....... ဒါပေမယ့် တစ်ချို့ အမှား
တွေက ခဲဖျက်နဲ့ ဖျက်လို့ မရဘူးနော်........ ဆရာအောင်သင်း)......။


                                           ညီညီ(မြန်အောင်)


4 မှတ်ချက်:

ပဥာက် said...

အမ်း..သိတ်မှန်တဲပဆရာ့ စကားပါပဲ..အမောင်ရေ..အသုဘ လာခဲ့ပါဦး

ညီညီ said...

ဟာ..ဟ
ကောင်းလိုက်တဲ့ comment လေး.....
ကျေးဇူးတင်ပါသီ..................

8Yar said...

ကဗျာကောင်းလေး ခံစားသွားတယ်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေ။

မင်းမင်း said...

ညီညီရေ ကဗျာတွေလာ အားပေးသွားပါတယ် သယ်ရင်း...

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here