Sunday, November 6, 2011

ကမ်းလင့်ခြင်းရဲ့ နောက်ဆုံးနေ့ စွဲ



ရင်ဘတ်ထဲဖိတ်ကျခဲ့တဲ့  စကားလုံးတစ်ချို့ ကြောင့်
ခံစားချက်မြစ်ပြင်တွေမှာ ဒေါင်လိုက်ကူးနေခဲ့ရတယ်
မျှော်လင့်ချက်ဆိုတာ အသံကြားရာငေးကြည့်ရတဲ့
အခန်းငယ်တစ်ခုဖြစ်နေခဲ့တယ်.......

အရောင်တောက်ဖို့ ထက်
အရောင်မပျောက်ဖို့ လိုအပ်နေတဲ့ခံစားချက်တွေ
အစိမ်းရောင်နေ့ စွဲတချို့  ခြစားနေမှာပဲကြောက်တာ.....

မညီမျှခြင်းတွေစစ်ထိုးတိုင်းမှာ ကျကွဲသွားတဲ့
ရင်ခုန်သံအသံလှိုင်းတွေကြောင့် ခမ်းခြောက်အငွေ့ ပျံမယ့်
မြတ်နိုးခြင်းတွေကို အမိရဆုတ်ကိုင်နေရတယ်......

ခံစားမှုကိုစွဲလမ်းခြင်းစေမဲ့ မမျှော်လင့်ခြင်းတွေ
သုံးစွဲတတ်လာအောင် မလုပ်ခဲ့ဘူး
အစအဆုံးမှနှစ်လုံးတည်းရပ်တည်နေတဲ့
အချစ်ဆိုတဲ့အရာအပေါ်ကိုတော့
ရင်ထဲကအဓိကရုဏ်းကို မရှိသုံးမထိန်းချုပ်လိုက်ပါနဲ့ .....

ပန်းတစ်ပွင့်ကြောင့် တစ်ပင်လုံးရင်နှီးပေးရမယ်ဆိုလည်း
မငြင်းဆန်ပဲတင်းခံပေးနိုင်တယ်
ခံစားချက်နဲ့ ဘဝတစ်လုံးကိုလိမ်းခြယ်ခြင်းဆိုတာ
ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိဖြစ်နေခဲ့တော့
ဆုံမှတ်ကြောင့် ဂုဏ်ဒြပ်တွေတွေကိုစွန့် လွှတ်နိုင်ဖို့ 
မလွဲမသေခေါင်းစဉ်တစ်ခု
 မင်းအတွက်တော့အကြီးမားဆုံးလိုအပ်လာခဲ့ရင်တော့…..
ငါ့ကိုသာကျောခိုင်းလိုက်ပါ။        
                                        လေလွင့်လူ(ကမာမြေ)


0 မှတ်ချက်:

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here