Saturday, December 17, 2011

ပုံပြင်မဟုတ်ခဲ့ပါ.................


ဟိုအရင်ကလို
သူ ပြန်အလာကို စောင့်မျှော်ရင်း
တိတ်တိတ်လေး ခိုးကြည့်ရခြင်းတွေမှာ
ငါ....ကျေနပ်စွာ သာယာခဲ့ ဘူးတယ်............။

နင်မသိသေးတဲ့ ငါက
တိတ်တိတ်ကလေး နင့်ကို ငေးကြည့်ရင်း
တစ်ဖက်သတ် ရင်ခုန်ခဲ့ခြင်းမှာ
ဖြူစင်ခြင်း ဆိုတာ ပါတယ်...........။
ကောင်မလေးရယ်.....
သဘာဝ တရားရဲ့
အသစ်အဆန်း တွေကြား
ပွင့်လန်းလာတဲ့ ပန်းကလေး တဲ့လား.............။

ပန်းကလေးရေ........
ဝေရင်လည်း မွှေး
ကြွေလည်း မွှေးတဲ့
ခရေ လေးတွေအလား
ပျား ပိတုံးတွေရဲ့ ကြားမှာ
ဂုဏ်တင့်စွာ ပွင့်လန်းပါလေ
ငါ..ကျေနပ်စွာ ထိုင်ကြည့်နေမယ်...............။

လေပြင်း တိုက်လို့ကြွေ
မြေပြင်ထက်က ပန်းကလေးတွေ
ကောက်ယူကာ သီကုံး
ရနံ့ကတော့ မွှေးနေတုန်းပဲ..............။
ပန်းတို့ရဲ့ ဇာတ်လမ်းမှာ
ရနံ့ ရှိတဲ့ သခင်အခန်းက
အချိန်တန်လို့ နွမ်းခဲ့ရလည်း
သင်းသင်းကလေး မွှေးနေသေးရင်
ပန်းခြောက် ကလေးလည်း မြတ်နိုးချင်တယ်............။
ပြောဘူးတဲ့ စကား
ပုံ ပြင်တဲ့လား ကောင်မလေးရယ်............
ဒါဆို.... မပြောဖြစ်ခဲ့တဲ့ ငါ့ရင်ခွင်မှာ
နင့်အတွက် ပုံပြင်များစွာ ရှိတယ်............။

ငါ....
ပြောပြခွင့် ရချင်ပါသေးတယ်.....
ပုံပြင်ထဲက လူတစ်ယောက်
နေညိုချိန်  ရောက်ပြီဆို
ပလက်ဖောင်းအို ပေါ်မှာထိုင်ရင်း
မျှော်လင့် ခြင်းရဲ့ လမင်းလေး
တိတ်တဆိတ် တော့ ထိုင်ငေးနေသေးတယ်..............
ကောင်မလေးရေ....
ပုံပြင်ဆန် သွားတဲ့
တဖက်သတ် လွမ်းခန်းတွေကြား
မက်ခဲ့တဲ့ အိပ်မက်တွေ များမှာ
ငါမြင်တွေ့ ခွင့်ရခဲ့တာ
ပန်းခြောက်ကလေး များသာ....................................။

                                                                                ညီညီ(မြန်အောင်)



4 မှတ်ချက်:

နွေဦး said...

ကဗျာ ဆရာ တော်တယ် ကဗျာလေး တော်တော်ဖတ်လို့ ကောင်းတာပဲနော်
အားပေးသွားပါတယ် ဆရာဆက်ကြိုးစာပါနော်

မေဝင်း789 said...

အပေါ်က မမပြောသလိုပဲနော်
ကိုညီညီ(ပြန်အောင်)ရဲ့ ကဗျလေးတစ်ကယ်ကောင်းပါတယ်
ခံစားချက်အပြည့်နဲ့ ရေးထားတာပဲနော်
အားပေးပါတယ်နော်

စံပယ်ချို said...

ဗျို့ညီညီရေ
လာရောက်ဖတ်ခဲ့တယ်နော်
ခံစားချက်တွေအပြည့်ပါလား

myanaung said...

တို့ မြန်အောင်သားကဇမသေးဘူးကွ....လုပ်ထားပါ...အားပေးပါတ.ယ် ညီ.ညီ တဲ့ လားမြန်အောင်ဘယ်မှာနေတာလဲ...ကိုလဲမြန်အောင်သားပါ.....အမှတ်၂ သားပါ....အခုတော့ မလေးမှာပေါ့  kl မှာနေပါတယ်...နီးရင်တော့ ဆုံချင်သေးတယ်ကွာ....phone က ၀၁၄ ၂၂၁၅၂၁၂ ပဲ..အထွန်းဆိုရပါပြီ

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here