ကဗျာကို ခံစားချက်နဲ့ရေး
နှလုံးသားနဲ့ ဖတ်မှ
ရသမြောက်တာပါ........................။
စိတ်နဲ့ပဲ ခံစားခံစား
လက်တွေ့ပဲ ခံစားခံစား
သဘာဝကျဖို့ကောင်းတာပေါ့...........။
ခံစားချက်မပါတဲ့ ကဗျာဆိုရင်
အနှစ်မပါတဲ့ ပေါင်မုန့်လိုပဲ
ပေါ့ပျက်ပျက်နဲ့ စားမကောင်းဘူး..........။
အချစ်ဆိုတာကလည်း
သံယောဇဉ် ရှိမှ
တစ်ဘ၀တာ ခိုင်မြဲတာပါ.................။
အနှစ်မပါတဲ့ ပေါင်မုန့်လိုပဲ
ပေါ့ပျက်ပျက်နဲ့ စားမကောင်းဘူး..........။
အချစ်ဆိုတာကလည်း
သံယောဇဉ် ရှိမှ
တစ်ဘ၀တာ ခိုင်မြဲတာပါ.................။
အနေနီးလို့ပဲ ချစ်ချစ်
အနေဝေးရင်းပဲ ချစ်ချစ်
သံယောဇဉ်မှ မရှိခဲ့ရင်
တချိန်ချိန်တော့
နားလည်မှုဆိုတာလဲ
မရှိနိုင်တော့ဘူးလေ............ .....။
အနေဝေးရင်းပဲ ချစ်ချစ်
သံယောဇဉ်မှ မရှိခဲ့ရင်
တချိန်ချိန်တော့
နားလည်မှုဆိုတာလဲ
မရှိနိုင်တော့ဘူးလေ............
"သံယောဇဉ်မှာ
အချစ်မရှိလို့ ဖြစ်ပေမယ့်
အချစ်မှာတော့
သံယောဇဉ်မရှိလို့ မဖြစ်ပါဘူး...........။
အချစ်မရှိလို့ ဖြစ်ပေမယ့်
အချစ်မှာတော့
သံယောဇဉ်မရှိလို့ မဖြစ်ပါဘူး...........။
ရစ်မမ( နေပြည်တော်)
4 မှတ်ချက်:
သံယောဇဉ်မှာ
အချစ်မရှိလို့ ဖြစ်ပေမယ့်
အချစ်မှာတော့
သံယောဇဉ်မရှိလို့ မဖြစ်ပါဘူး...........။
စာသားလေးကြိုက်တယ် မှတ်ထားလိုက်ပါမယ်
သံယောဇဉ်လည်းမဟုတ် အချစ်လည်းမမည်ပဲ တွဲနေတဲ့သူတွေကိုတော့
ဘာနာမည်ပေးလိုက်ရမလဲ သိချင်လို့ ပါ
ခင်မင်လေးစားလျှက်...အမောင်
သံယောဇဉ်တော့မခံစားဖူးပါဘူး လေးဖြူဆိုတဲ့ ( ပြန်ရောင်းရင်...ပြန်ရောင်းရင် အဲ့မှားလို့ )..သံယောဇဉ်...ဆိုတဲ့သီချင်းတော့ကြိုက်တယ်
ခင်မင်စွာဖြင့်-:P
သူများတွေဆိုရင်တော့ မသိဘူး
သံယောဇဉ်လည်းမဟုတ် အချစ်လည်းမမည်ပဲ
တွဲနေတဲ့သူတွေကို
ရစ်က ကြိုးမဲ့စွန်လို့ နာမည်ပေးမယ်
လေဟုန်ကောင်းလို့ လွင့်ချင်တိုင်းလွင့်နေပြီး
လေငြိမ်ချိန်မှာ အဆိုးဝါးဆုံးပြုတ်ကျရင်တော့
အကောင်းတိုင်း ရှိမှာ မဟုတ်တော့လို့ပဲ
Post a Comment