Wednesday, December 21, 2011

ပြယ်ချိန်စောင့် အလွမ်း


စွန်ဆိုတာ ကြိုးရှိမှလေပေါ်ဝဲနိုင်သလို
ဘဝဆိုတာ အချစ်ရှိမှ အနေကြာမြဲနိုင်မှာပါ...
တဒင်္ဂတွဲလက်တွေ မခိုင်မှတော့
ရင်နာလည်း လွဲရက်ကတိုင်သွားခဲ့ပြီပဲ...

လားရာမတူ တို့ နှစ်ယောက်အတွက်
ဂုဏ်ဒြပ်ကြား ဆုံမှတ်တွေကို
ခပ်ပေါပေါဖိနပ်တစ်ရံလို မင်းသဘောထားခဲ့တာကိုး.....
ငါ မင်း အပေါ်ထားတဲ့ ချစ်ခြင်းဆိုတာတွေ
မင်းနှုတ်ဖျားက ခပ်ပါးပါးနှုတ်ခမ်းနီလောက်တောင် အရာထင်ခဲ့လို့ လား...


မင်းကိုတော့ ဆရာတင်လောက်ပါတယ်
လှည့်စားပြီး နှုတ်မဆက်ရုတ်တရက်ထွက်ခွာ...
ငါ့အတွက်တော့ အလွမ်းတွေနဲ့ ပြာယာခတ် မှားခဲ့ရတဲ့နေ့ နဲ့ ရက်တွေ...
အပြစ်တော့မတင်ရက်ပါဘူး
ချစ်ခြင်းတွေရက်စွဲတပ် အမြဲမက်တတ် အိပ်မက်တွေကြောင့်ပါ...

တစ်ခေါက်လောက်တော့ ပြန်ဆုံကြည့်ချင်တယ်
မင်း သိမသွားတဲ့ နောက်ကွယ်က ငါ့ချစ်ခြင်းတွေ
မြက်ဖျားနှင်း မဟုတ်ဘူးဆိုတာကို...
ခံစားချက်တွေခင်း မျှော်လင့်ခြင်းရင်းပြီးချိန်ရောက်မှာ
ရှင်သန်ခွင့်တွေမြေမြှပ် ရေတစ်မှုတ်တောင် မကမ်းလင့်ခဲ့ဘူး...

(သာပါတယ်ကွာ)
မာယာတွေပြုစား ကုစားဖို့  ထားခဲ့တာ မုသားတွေပဲလား
လေထဲဆောက်ချင်တဲ့ စိတ်ကူးလို့ ပဲ ယူဆလိုက်ပါ
ခံစားချက်ပန္နက်တွေ ပြန်မနှုတ်ချင်တော့ဘူး
သွားကြားထိုးတံလောက်ပဲမင်းမြင်ခဲ့တာ
ဝါးတစ်ပင်လုံးခုတ်လှဲခံထားရတာ ဘယ်သိနိုင်မှာလဲ...

မျှော်လင့်ချက်ဆိုတာ....
ရေဒါမပါဘဲ ဦးတည်ချက်မဲ့ ခုတ်မောင်းနေတဲ့ သင်္ဘောတစ်စင်းမဟုတ်ဘူး
အိပ်မက်ဆိုတာ....
မြစ်ဖျားခံရာအရပ်မရှိတဲ့ မြစ်တစ်စင်မဟုတ်ဘူး
အချစ်ဆိုတာ...
လေတိုက်တိုင်းယိုင်တတ်တဲ့ ခပ်နွဲ့ နွဲ့ သစ်တစ်ပင်မဟုတ်ဘူး
မာနတော့ရှိသင့်ပါတယ်
ကိုယ့်အတ္တကိုတော့ပြန်မလိမ့်သင့်ဘူး...
မျှော်လင့်ထားတာတွေ
ကြယ်တစ်ပွင့်လို ကြွေချိန်တန်မှာတော့...
ချစ်ခြင်းတွေအတွက် ခုခံနိုင်ဖို့  ဘာကိုဆုတောင်းနေရမှာလဲ........။   ။
                                               
                                                                    လေလွင့်လူ(ကမာမြေ)

5 မှတ်ချက်:

8Yar said...

ကြိုက်တယ်ဗျာ။ အားပေးသွားတယ်ဗျိုး။

မေဝင်း789 said...

ခံစားမှု အတက်အဆင်း
ကလောင်စွမ်းတွေနဲ့
ကျယ်ပြန့်စွာ ရေးဖွဲ့ထားတဲ့
ကိုလလလ(ကမာမြေ)ရဲ့
ကဗျားတွေကို အားပေးတယ်နော်

Anonymous said...

စွန်ကတော့ ကလေးတွေဆော့တာ
နှုတ်ခမ်းနီကတော့ မိန်းကလေးတွေသုံးတာ
ပန္နက်ရိုက်တာကတော့ အိမ်ဆောက်တာပါ
သွားကြားထိုးတံကတော့ ကွမ်းထုပ်မှာပါတယ်
ကြယ်တပွင့်ကြွေရင်တော့
ဘယ်ရောက်မလဲ......သိဘူးလေ

ဘိုဖြူ said...

ကြိုက်တယ်ဗျာ ကိုလေလွင့်သူရဲ့ကဗျာလေးကို
ဒါကြောင့်အမဂျက်စမင်းကပြောတာကိုး
ကဗျာတွေအရေးကောင်းတယ်တဲ့
Merry Christmas & Happy New Year
ပါဗျာ

laylwintlu said...

အားလုံးကိုအထူးကျေးဇူးတင်းလေးစားလျက်ပါ နောက်နောင်လည်း ကြိုးစားနေပါအုံးမယ် ခံစားချက်တွေကိုဆက်လက်အားပေးပါအုံးလို့ မျှော်လင့်နေပါတယ်...
အားလုံးကိုခင်မင်လေးစားလျက်-
လေလွင့်လူ(ကမာမြေ)

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here