ငါ့ အိမ်မက်တွေ
ဘယ်သူဆုတ်ဖြဲတာလဲ......
တဂိုးလ်ရဲ့ ကဗျာတစ်ပိုဒ်ရင်မှာပိုက်
ရော့ခ်စတီးဝက်စ်ရဲ့ တေးသွားတချို့  နှိပ်နယ်ရင်း
အပြည့်စုံတောင်မလင်းနိုင်ရှာတဲ့ လတစ်စင်းအောက်
ဆုံးရှုံးခြင်းပူပူနွေးနွေးတွေ ဝမ်းနည်းခြင်းနဲ့  မွှေနှောက်
ငါပျောက်တာ ငါပြန်ရှာမရခဲ့ဘူး........
မျက်ရည်ပြဇာတ်တစ်ပုဒ်ရဲ့ တေးသွားတွေ
ဘာလို့ ဒီလောက်တောင်ထက်ရှနေရတာလဲ....
သွားလိုက်စမ်းပါ....
ခပ်မျှင်မျှင်နှောင်ကြိုးတစ်ပင်က ဘာကိုငင်ချင်သေးတာလဲ
ဝန်ရိုးစွန်းအောက် ကာရံမသိပုဒ်စာတဝက်တပျက်နဲ့ ....
ပြီးစလွယ်ရိုက်လိုက်တဲ့ အတိတ်တွေ
အနာဂတ်မှာလာမထင်ပါနဲ့ ....
သေချာတာတစ်ခုက စံခါတင်ရွေးချယ်ပွဲမှာ
အချစ်ကို တန်းမမှီလို့  ကြေငြာချက်မရှိ စွန့်ပစ်လိုက်တဲ့
အချစ်ကို တန်းမမှီလို့  ကြေငြာချက်မရှိ စွန့်ပစ်လိုက်တဲ့
စေတန်ရဲ့ စိတ်ကူးတွေ....
မိုးကုတ်စက်ဝိုင်းမှာ ကျွံကျန်နေတဲ့
မိုးကုတ်စက်ဝိုင်းမှာ ကျွံကျန်နေတဲ့
ခပ်ယိုင်ယိုင် တဝက်တပျက် ရင်ခုန်သံ....
ငါ ကရတဲ့ဇာတ်ငါမသိ...
မလွမ်းတတ်မှန်းတော့သိတယ်
အခန်းဆက်မှာအခန်းပျက်တွေပေါ်လာရင်
မင်းပါးပြင်ကအရာတွေ မင်းမကာကွယ်ကြေး....
မမြင်လို့ နင်းပါတယ်ဆိုမှတော့
မမြင်လို့ နင်းပါတယ်ဆိုမှတော့
အလင်းတွေ ငါဖာရတော့မှာပေါ့......
ခံစားချက်ရှင်းတမ်းတွေထဲ
ဘောင်သွင်းခံရချိန် ခပ်ပါးပါးတိမ်နံရံတွေ
မင်းအနမ်းနဲ ပုံသွင်းမခိုင်းချင်တော့ဘူး
ဟောဒီ့... ရင်ဘတ်ကြီးအဟောင်းသားကိုသာ
ခံစားချက်ရှင်းတမ်းတွေထဲ
ဘောင်သွင်းခံရချိန် ခပ်ပါးပါးတိမ်နံရံတွေ
မင်းအနမ်းနဲ ပုံသွင်းမခိုင်းချင်တော့ဘူး
ဟောဒီ့... ရင်ဘတ်ကြီးအဟောင်းသားကိုသာ
“ဇစ်”ဆွဲလိုက်ရုံရှိတာပေါ့....
ငါသီလက်စ ငါ့ ကြယ်စင်တွေ
အလင်းနဲ့  မျက်နှာအသစ်မှာ
ရက်စွဲတချို့ ပြုတ်ကြခဲ့ရတယ်....
ခဏတာလေး မအိပ်လိုက်မိလို့ 
စုတ်ဖြဲခံထိအိပ်မက်တွေ....
အတွေးတွေရေတွက်ရင်းနဲ့ ....
ငါသီလက်စ ငါ့ ကြယ်စင်တွေ
အလင်းနဲ့  မျက်နှာအသစ်မှာ
ရက်စွဲတချို့ ပြုတ်ကြခဲ့ရတယ်....
ခဏတာလေး မအိပ်လိုက်မိလို့ 
စုတ်ဖြဲခံထိအိပ်မက်တွေ....
အတွေးတွေရေတွက်ရင်းနဲ့ ....
အရောင်ဖျော့ဖျော့ သက်ပြင်းတစ်ကြောင်းအောက်
နေပါစေတော့..........။ ။
လေလွင့်လူ(ကမာမြေ)
လေလွင့်လူ(ကမာမြေ)
8 မှတ်ချက်:
ဟောဗျာ....
Zip File နဲ့ပတ်သက်ပြီး
မြန်မာလိုရေးတင်စရာရှိလို့လား
ထင်မိတာ...........
လက်စသတ်တော့ သူက
ကဗျာရေးဖို့ကိုးးးးးးးးးးး
ဟောဒီ့... ရင်ဘတ်ကြီးအဟောင်းသားကိုသာ
“ဇစ်”ဆွဲလိုက်ရုံရှိတာပေါ့....
တော်တော် "ဇစ်" ဆွဲချင်သပေါ့...ဟားးးးးးးးးးးး
လေလွင့်သူရေ
ကဗျာတွေကကောင်းလှချေလား
လိုက်မမှီတော့ပါဘူး
ငါသီလက်စ ငါ့ ကြယ်စင်တွေ
အလင်းနဲ့  မျက်နှာအသစ်မှာ
ရက်စွဲတချို့ ပြုတ်ကြခဲ့ရတယ်....
ခဏတာလေး မအိပ်လိုက်မိလို့ 
စုတ်ဖြဲခံထိအိပ်မက်တွေ....
အတွေးတွေရေတွက်ရင်းနဲ့ ....
အရောင်ဖျော့ဖျော့ သက်ပြင်းတစ်ကြောင်းအောက်
နေပါစေတော့..........။ ။ခံစားအားပေးသွားပါတယ်
ညီလေးရေ ကဗျာလေးဖတ်နေတယ်နော်
ခံစားပြီးဖတ်ရှူသွားပါတယ်.....
ကိုဘိုဖြူ၊လမင်းငယ် အထူးကျေးဇူးတင်ပါတယ်
ဆက်လက်အယးပေးနေပါနော်....
ခင်မင်လေးစားလျက်-
လေလွင့်
သွားလိုက်စမ်းပါ....
ခပ်မျှင်မျှင်နှောင်ကြိုးတစ်ပင်က ဘာကိုငင်ချင်သေးတာလဲ
ကောင်းတယ် ကဗျာလေး :D :D
Post a Comment