တော အထာပျောက်
မြို့ကိုရောက်
ဘီယာလေး လည်း သောက်တတ်တယ်............။
ဂျာနယ် ဝယ်ဖတ်
အဟုတ်မှတ်
ဘောလုံးပွဲ လည်း လောင်းတတ်တယ်.............။
ချမ်းသာဘို့ အရေး
အစဉ်တွေး
လေးလုံးထီလည်း ထိုးသေးတယ်................။
အချိန်ကုန်ခံ
မချက်ရန်
ဆိုင်ထမင်းလည်း စားပြန်တယ်............။
ဘုံဘိုင်ကကျ
ရောဂါရ
ရေသန့်ဘူး မှ သောက်ကြတယ်.................။
ဖက်ကြမ်းမကိုင်
လက်မနိုင်
စီးကရက် နဲ့ မှိုင်ကြတယ်................။
အသဲ ပူဆာ
မနေသာ
ရည်းစားလေးလည်း ရှာကြတယ်.............။
ညဘက် တိုင်းမူ
အမြဲ ဆူ
ဖုန်းလေးများနဲ့ ကြူကြတယ်...............။
အလုပ်ပိတ်ရက်
မပြင်းနဲ့
အင်တာနက်က ချိတ်ဆက်တယ်..............။
လကုန်လည်းရောက်
လစာပျောက်
ငါ့ကိုယ်ငါပဲ တောက်ခေါက်တယ်................။
အပြန်ခရီး
အောင်မငီး..............
ငါ့မှာနောင်တ တသီကြီးနဲ့.........................။
(ကိုယ့်ကိုကိုယ်သာ ရည်ရွယ်ပါသည်.. မည်သူ့ကိုမှ မရည်ရွယ်ပါ..ငှဲ ငှဲ ငှဲ..တိန်)
ညီညီ(မြန်အောင်)
19 မှတ်ချက်:
ကဗျာလေးက ကောင်းလိုက်တာ..
သေချာမြင်သာအောင်ကိုရေးထားတာဘဲ
I like it!
ဒီကဗျာလေး ကျနော် ကောင်းကောင်း သဘောကျတယ်....ဆက်လက်ရေးသားနိုင်ပါစေ....
နာ့ကို ကျောတာလား အသိဘူး............
နာလည်း ပါဒယ်ကွာာာာာာာာာာာာာာာာာာာာာာ
ညဘက် တိုင်းမူ
အမြဲ ဆူ
ဖုန်းလေးများနဲ့ ကြူကြတယ်...............။
အဲ့ဒါ နာ့ကိုကျောတာ..အဟီးးးးးးးးးးးးးးးးးးးးးးး
ဒူ..ဝေ..ဝေ...ဝေ
အတူပါပဲဂျာ..............
ဟုတ်လိုက်တာလေ..ဂယ်ပဲ
အဟား......
အပေါ်က comment ပေးခဲ့သူတွေကတော့
အဆောင်အတူနေသူငယ်ချင်းတွေက များပါတယ်..အဟဲ
တူတို့လည်း တူတူပဲဒဲ့..................
ဂယ်လိုလား မှတ်ထားလိုက်ပါမယ် :P
လကုန်လည်းရောက်
လစာပျောက်
ငါ့ကိုယ်ငါပဲ တောက်ခေါက်တယ်........
း) တော်တော်သဘောကျသွား၏း)
ဟုတ်လိုက်တာ
ငါမပါဘူးနော် အမေနဲ့ ရွာကို သားမောင်လွမ်းတယ်..ဟဲဟဲ အဲ့ဒါနာပဲ..တွေတွားမယ်..
ညီညီရေ... အားပေးသွားတယ်နော်
မှန်လိုက်လေခြင်း ဗျာ
ဟီးးးးးးးးးး
ဘာမှမပြောတော့ဘူး
သဘောကျတယ်ဗျာ
ရေးလဲရေးတတ်ပ
လူမိုက်ကြီး နောင်တ နောက်မှရတဲ့
အဟဲ ကိုညီညီ(ပြန်အောင်) ရဲ့
အသက်တီမှ ခုမှနောင်တရတယ်
အဟဲ ဟုတ်တယ်ဟုတ်
ဘယ်သူကိုမှမရည်ရွယ်ဘူးဆိုပေမဲ့ ....
ဘယ်သူကိုမှမရည်ရွယ်ဘူးဆိုပေမဲ့ ....
Post a Comment