“မင်္ဂလာပါ ၂၀၁၂ ရေ.....”
နှစ်ဟောင်းကို ပစ်
နှစ်သစ်ကိုချစ်
“happy new year” အော်နေကြ လူတစ်စု....
ဘာကိုထုလို့  ဘာတွေဆစ်
ငါ့အတွက်အနုပညာမမြောက်ခဲ့တဲ့နှစ်ဟောင်း....
မကြွေပေမဲ့နွမ်းတော့လည်း
ဒီနှစ်ဟောင်းက(အများနည်းတူ)စွန့် ရမှာပေါ့...
နောက်တစ်ကြိမ်လာတဲ့နှစ်သစ် ၂၀၁၂
အပြေးတော့ကြိုချင်ပါရဲ့...
ဘဝတွေထမ်းပိုး နေ့ ညခန်းမခွဲနိုင်သူမို့ 
အော်လိုက်မိပါရဲ့ အလုပ်ထဲ“မင်္ဂလာပါ ၂၀၁၂ ရေ...”
မွေးမြေရပ်ဝေး အလွမ်းတွေကြား
ချစ်သူက ထားသွား အဆွေးကဆင့်
(အင်း...)
နှစ်ဟောင်းကတော့ ဖြစ်ချင်တာမဖြစ်
မဖြစ်ချင်တာဖြစ်တွေ ဖြစ်ပေါ့.....
တိတ်တိတ်လေးလေ ကြိတ်ဆုတောင်းတယ်
ဒီဇင်ဘာနဲ့ နှစ်ဟောင်း အမြန်ပြောင်းဖို့ ....
ဘာပဲဖြစ်ဖြစ် ဘာပဲပျက်ပျက်...
ဒီနှစ်သစ်ရဲ့ ဒီနေ့ ရက်မြတ်မှအစပြုလို့ 
သက်ရှိသတ္တ အနတ္တ
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေလိုကြောင်း
စိတ်ရင်းတစ်ခု အခြေပြုလို့ 
တောင်းဆုပြုလိုက်ပါရဲ့ ...
“မင်္ဂလာအပေါင်းခကာညောင်းတဲ့ ၂၀၁၂ ရေ.....”
လေလွင့်လူ(ကမာမြေ)
7 မှတ်ချက်:
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေလိုကြောင်း
စိတ်ရင်းတစ်ခု အခြေပြုလို့ 
တောင်းဆုပြုလိုက်ပါရဲ့ ...
“မင်္ဂလာအပေါင်းခကာညောင်းတဲ့ ၂၀၁၂ ရေ..... happy new year
လမင်းငယ် ကျေးဇူးပါခင်ဗျာ.....
မင်္ဂလာရှိသော နှစ်သစ်ပါ ဗုဒ္ဒဟူးသားကဗျာဆရာရေး)
နှစ်သစ်ကဗျာလေးခံစားသွားတယ် ကိုလလွင့်လူရေ :D :D :P
ပျော်ရွှင်ဖွယ်နှစ်သစ်နဲ့အတူ ကိုယ်စိတ်နှစ်ပါး
အေးချမ်းစွာဖြင့် လောကီလောကုတ္တရာ
နှစ်လီနှစ်ဝ လိုအင်ဆန္ဒများ ပြီးပြည့်စုံပါစေ အမောင်ရေ။
Happy New Year !!!
မေတ္တာဖြင့်
အိုမား
ပျော်စရာ နှစ်သစ်ဖြစ်ပါစေညီ။။။
သားလေးဖတ်တွားတယ် ကဗျာကောင်းတယ်ကွာ
Post a Comment