Sunday, January 1, 2012

“မင်္ဂလာပါ ၂၀၁၂ ရေ.....”

         

  
                                                     “မင်္ဂလာပါ ၂၀၁၂ ရေ.....”

နှစ်ဟောင်းကို ပစ်
နှစ်သစ်ကိုချစ်
“happy new year” အော်နေကြ လူတစ်စု....
ဘာကိုထုလို့  ဘာတွေဆစ်
ငါ့အတွက်အနုပညာမမြောက်ခဲ့တဲ့နှစ်ဟောင်း....
မကြွေပေမဲ့နွမ်းတော့လည်း
ဒီနှစ်ဟောင်းက(အများနည်းတူ)စွန့် ရမှာပေါ့...

နောက်တစ်ကြိမ်လာတဲ့နှစ်သစ် ၂၀၁၂
အပြေးတော့ကြိုချင်ပါရဲ့...
ဘဝတွေထမ်းပိုး နေ့ ညခန်းမခွဲနိုင်သူမို့ 
အော်လိုက်မိပါရဲ့ အလုပ်ထဲ“မင်္ဂလာပါ ၂၀၁၂ ရေ...”

မွေးမြေရပ်ဝေး အလွမ်းတွေကြား
ချစ်သူက ထားသွား အဆွေးကဆင့်
(အင်း...)
နှစ်ဟောင်းကတော့ ဖြစ်ချင်တာမဖြစ်
မဖြစ်ချင်တာဖြစ်တွေ ဖြစ်ပေါ့.....
တိတ်တိတ်လေးလေ  ကြိတ်ဆုတောင်းတယ်
ဒီဇင်ဘာနဲ့ နှစ်ဟောင်း အမြန်ပြောင်းဖို့ ....

ဘာပဲဖြစ်ဖြစ် ဘာပဲပျက်ပျက်...
ဒီနှစ်သစ်ရဲ့ ဒီနေ့ ရက်မြတ်မှအစပြုလို့ 
သက်ရှိသတ္တ အနတ္တ
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေလိုကြောင်း
စိတ်ရင်းတစ်ခု အခြေပြုလို့ 
တောင်းဆုပြုလိုက်ပါရဲ့ ...
“မင်္ဂလာအပေါင်းခကာညောင်းတဲ့ ၂၀၁၂ ရေ.....”

                                လေလွင့်လူ(ကမာမြေ)

7 မှတ်ချက်:

လမင်းငယ် said...

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေလိုကြောင်း
စိတ်ရင်းတစ်ခု အခြေပြုလို့ 
တောင်းဆုပြုလိုက်ပါရဲ့ ...
“မင်္ဂလာအပေါင်းခကာညောင်းတဲ့ ၂၀၁၂ ရေ..... happy new year

laylwintlu said...

လမင်းငယ် ကျေးဇူးပါခင်ဗျာ.....

မဒမ်ကိုး said...

မင်္ဂလာရှိသော နှစ်သစ်ပါ ဗုဒ္ဒဟူးသားကဗျာဆရာရေး)

Candy said...

နှစ်သစ်ကဗျာလေးခံစားသွားတယ် ကိုလလွင့်လူရေ :D :D :P

mstint said...

ပျော်ရွှင်ဖွယ်နှစ်သစ်နဲ့အတူ ကိုယ်စိတ်နှစ်ပါး
အေးချမ်းစွာဖြင့် လောကီလောကုတ္တရာ
နှစ်လီနှစ်ဝ လိုအင်ဆန္ဒများ ပြီးပြည့်စုံပါစေ အမောင်ရေ။
Happy New Year !!!

မေတ္တာဖြင့်
အိုမား

အလင်းသစ် said...

ပျော်စရာ နှစ်သစ်ဖြစ်ပါစေညီ။။။

♫♪★လွမ်းပိုင်ရှင်★♪♫ said...

သားလေးဖတ်တွားတယ် ကဗျာကောင်းတယ်ကွာ

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here