မတွေးတော့ဘူး မင်းအကြောင်းတွေ....
ငါ့စိတ်သာအခါခါညာ
အိပ်မက်ဟာ မင်းအတွက် ကဗျာ...
ရင်နာလည်း အစဉ်သာအမြဲ
ထင်ကာဆဲ နှလုံးသားအခြေ
နေကာလေ မေ....
ယုယမှုတိုင်း တုပမှုနှိုင်း
ငါသာခပ်ရိုင်းရိုင်း စံပယ်
ရနံ့ တိုင်းပြယ်...
နွယ်ချင်ရဲ့ တွယ်ခွင့်မဖက်လေတော့
ကြွေပါစေ မေ...
မြူဝေဆိုင်း တောင်စဉ်တန်းရဲ့
နက်ရှိုင်းရှိုင်းမှာ
ငါမင်းကိုသတိရစိတ်
သွန်မှောက်ကာ ထားခဲ့လည်း
မြင်နေဆဲပါ မေ...
ငါဘာလုပ်လုပ်..
ချစ်စိတ်က မသုဉ်းလေတော့
မုန်းလိုက်စမ်းပါ မေ
ဒီလူသားရဲ့ အပြုံးပန်း
အရှုံးခန်းမှာ တသက်လုံးနွမ်းတော့မယ် မထင်.......။ ။
8 မှတ်ချက်:
မေ ကလည်းခုထိ နားမလည်သေးဘူးလား.....
နာ့တူနယ်ချင်းလေး တနားပါတယ်.....
အစဉ်ပြေပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ.......။
အားပေးသွား တယ် ဗျို့..................။
မမုန်လိုက်ပါနဲ့မေ
မေရေ ကြားတယ်နော် ဟီဟီ
ကဗျာမှာတောင် ဖြစ်ရပ်မှန်ဆိုပြီး လာအာမခံနေသေးတယ်.. အဲ့ဒါကြော်ငြာဝင်တယ်ခေါ်တယ် :P
ကဗျာတွေကတော့ ကောင်းမြဲ ကောင်းဆဲပါ ကိုလလွင့်လူ :D :P
သဘောအတိုင်းပါမေ တဲ့လား
တော်ကြာ ရှောပင်းမောကြီးတစ်ခုလောက်ဝယ်ပေးဆို ခက်မယ်နော်း)))
အားပေးလျှက်
ဒီလူသားရဲ့ အပြုံးပန်း
အရှုံးခန်းမှာ တသက်လုံးနွမ်းတော့မယ်-------
အမလေး လသုံးလုံးရေ
အရေးအသားတွေကောင်းလှချေလားကွယ်
ကဗျာလေးကောင်းတယ်ဗျာ
အဲ ... မေက ဘာမို့တုန်း... မုန်းချင်တိုင်း မုန်းရအောင်.. လိုင်စင်အရင်ပြခိုင်းလိုက်ညီ.. :P
Post a Comment