ပြာရီနေတဲ့နှုတ်ခမ်းတစ်စုံထက်က
ခြောက်သွေ့ သွေ့ စကားလုံးတစ်ချို့ 
ဂီတလိုသံစဉ်တော့ မဟုတ်ဘူး....
အိမ်မက်နတ်သမီးပျိုရဲ့ဆိုတေးတစ်ပုဒ်က
ကဝေပျိုရဲ့ လွမ်းတေးတွေဖြစ်နေတယ်....
အလင်းတိုင်အရိပ်အောက် ပိုးစုန်းကြူးတစ်ကောင်ရဲ့အိပ်မက်ဖမ်းစားရင်း
ဘယ်မှာလဲ လမင်း...
ညခင်းမှာစစ်ခင်းရင်းခပ်ဖျောက်ဖျောက်အလင်းအောက်
အသိတရားကိုယ်စီနဲ့ ဒူးတွေထောက်ခဲ့ရပေါ့...
မြက်ခင်းပြင်မစိမ်းလန်းအောင် မိုးရည်တွေပြုစားထားတယ်
ဆန့် ကျင်ဘက်တွေပဲ ထိပ်တိုက်ရင်ဆိုင်နေရအောင်
ဇာတာသီကြိုး အငြိုးနဲ့ ပွဲမှာ
ဆိုင်းပေါင်ကျိုးထမ်းပိုးနဲ့  ငွေလေးရွေးမင်းဖြစ်
ဒီဇာတ်တွေတော့ ကျန်ရစ်ပြီ...
ဘယ်လိုဖြစ်နိုင်မှာလဲ
ဒဿကိုအချစ်ရှုံးသမားတဲ့...
အချစ်ဆုံးသမားပါ
သီတာဒေဝီအပေါ်ချစ်စိတ်မပြယ်
ရာမမင်းလေးချက်အောက်အသက်ကယ်ပျောက်ခဲ့ရပေါ့...
ခပ်ပေါ့ပေါ့မဟုတ်တဲ့ အကျင့်တစ်ချက်အောက်
သောက်လိုက်တိုင်းလည်းခါးနေရပြီ
အတွေးစဉ်တိုင်းလည်း မှားနေရပြီ...
တက်ခဲ့တာတော့ခပ်မြင့်မြင့်မဟုတ်တော့
ဘယ်မှာလာပြီး လေညှင်းအေးမှာလဲ...
လက်တွေ့ သဘောရဲ့ အကြင်နာနယ်က
အလင်္ကာမကြွယ်တဲ့ ပြယုဒ်တွေနေမှာပါ..
ကြင်နာခြင်းတစ်ခင်းလုံးကိုမှ ကြမ္မာပျားကဝတ်ရည်စုပ်သွားလေတော့
ချိုမြန်ခြင်းတွေ သေဆုံးခဲ့ရတာပေါ့..
လိုတာမရ မရတာလိုတဲ့ဘဝ
ညတာတွေတိုဆဲမှာတော့
မလောက်မငှ အလွမ်းတွေတော့ လာမချပါနဲ့ ...
ဌာနက အစာမဝလည်း အတောင်စိုစိုနဲ့ ပျံနေအုံးမှာပဲ..
ဓားတောင်ပဲကျော်ကျော် မီးပင်လယ်ကိုပဲဖြတ်ဖြတ်..
ဇာရာအို ရတုတစ်ပုဒ်တော့ပျိုရွယ်နေဆဲပါ..
အလိုက်သင့်သက္ကရာဇ်တွေ ပြိုမယ်ဆိုလည်းပြိုလောက်ပါတယ်
နေ့ ရက်တွေတောင်ခြစားသေးတာပဲ...
၂၀၁၂ ကမ္ဘာပျက်မယ်ဆိုလား...
အယူခံတွေဝင်လို့ မရမဲ့အတူတူတော့
Feb:14 မတိုင်ခင်သာပျက်လိုက်ပါတော့လား......
လေလွင့်လူ(ကမာမြေ)
4 မှတ်ချက်:
ခပ်ပေါ့ပေါ့မဟုတ်တဲ့ အကျင့်တစ်ချက်အောက်
သောက်လိုက်တိုင်းလည်းခါးနေရပြီ
အတွေးစဉ်တိုင်းလည်း မှားနေရပြီ...
တက်ခဲ့တာတော့ခပ်မြင့်မြင့်မဟုတ်တော့
ဘယ်မှာလာပြီး လေညှင်းအေးမှာလဲ...
လက်တွေ့ သဘောရဲ့ အကြင်နာနယ်က
အလင်္ကာမကြွယ်တဲ့ ပြယုဒ်တွေနေမှာပါ..
ကြင်နာခြင်းတစ်ခင်းလုံးကိုမှ ကြမ္မာပျားကဝတ်ရည်စုပ်သွားလေတော့
ချိုမြန်ခြင်းတွေ သေဆုံးခဲ့ရတာပေါ့..
ကောင်းတယ်နော် စာသားလေးတွေ......
နာကတော့ ပေါ်တင်ပဲ အားပေးတယ်..တူများဒွေလို ကွယ်ရာမှ
အားမပေးတတ်ဘူး..ဟာ...မပြောပါနဲ့ဆိုမှ ပြောမိတွားပီ..တိန်....
စာသားတွေက လန်းတယ်နော် မေရေ..နားလည်ပေးသေးဝူးလား.....း)
၂၀၁၂ ကမ္ဘာပျက်မယ်ဆိုလား...
အယူခံတွေဝင်လို့ မရမဲ့အတူတူတော့
Feb:14 မတိုင်ခင်သာပျက်လိုက်ပါတော့လား......
အဟမ်းးး မလုပ်ပါနဲ့ဟ....တော်ကြာ
Feb:14 ရက်နေ့ကပြောင်းပြန်ဖြစ်ကုန်မယ်
အဟဟဟဟဟ
အားပေးခဲ့တယ်လေလွင့်ရေ လွမ်းတာဗျာ
ခင်မင်လေးစားစွာဖြင့် (လွမ်း)
Post a Comment