Monday, February 13, 2012

ဖေဖော်ဝါရီ ၁၃ သို့........။


မြန်မာ ပြည်ကို အမှောင်ခွင်း
ကျွန်ဘဝ ရဲ့ လွတ်မြောက်ခြင်းကို
ဖန်တီးပေးတဲ့ လူသား
ဒီလမှာ စတင်မွေးဖွားတယ်..............။

မြန်မာ့ သတ္တိ
ကမ္ဘာက သိအောင်
စွမ်းဆောင်နိုင်တဲ့ လူတစ်ယောက်
ဒီရက်မြတ်မှာ စတင်ထွန်းပေါက်တယ်..........။

ဇာတိက နတ်မောက်မြေ
ငယ် စဉ်က ထုံပေပေနဲ့
သူမှန်ရင် ဘယ်အရာမှမကြောက်
မြေကြီးပေါ် ခဏခဏ ဝမ်းလျားမှောက်ခဲ့သူ.............။
 
ဗိုလ်ကြီးဆိုတဲ့ စကားလေး
သူ့ကိုခေါ်လျှင် ထန်းလျက်ကြွေး
ဒီနာမည်လေး နှစ်သက်သေး
ငယ်ငယ်တုန်းက အကျင့်လေးတွေ
သြော်.... ငါတို့ရဲ့ အဖေ..............။
 
သူပုန် ဆိုတဲ့ အမည်ခံ
နယ်ချဲ့ ကိုတွန်းလှန်ရင်း
ဗိုလ်လရောင် အတွက် အမျိုး မှန်ခြင်းတွေ............။
 
လမ်းဘေးက အကြော်တဲ အနား
ပြည်သူတွေနဲ့ အတူစားခဲ့တဲ့ အဖေ.........။
 
ကိုယ်တုံးလုံးနဲ့ ပြည်သူတွေ့ရင်
ကိုယ့် ဝတ်စုံကို ချွတ်ပေးချင်တဲ့ အဖေ...........။
 
မိသားစုကို ကြင်နာရင်း
ပြည်သူတွေကို သနားခြင်း ရှိတဲ့ အဖေ............။
 
နှလုံးသား လှပခြင်းများ
ရိုးသားတဲ့ စိတ်ထားအား
ပြည်သူတွေ ချစ်ခဲ့ကြရင်း
မောင်သာချို ခဏခဏပြောခြင်း ရှိတဲ့ အဖေ............။
 
အသက်ကို အပ်နှင်းလို့
အဖေ ပေးခဲ့တဲ့ အလင်းနဲ့
ခု.....
ကျွန်တော်တို့ အသက်ရှင်ခြင်းတွေ ရှိနေတယ်
ဒါပေမယ့်..... ဒါပေမယ့်...???????????????????.....။
 
သူငယ်ချင်းတို့ရေ..........
မမေ့ကြပါနဲ့
ဒီတစ်လနဲ့ ဒီတစ်ရက်အား
အသဲထဲမှာ မှတ်လို့ထား
ငါတို့ ဖခင် စတင်မွေးဖွားတယ်................။
 
မြန်မာတို့ ရဲ့ မျိုးဆက်
ဒီ လ..ရက် ကို မမေ့ဘို့တွေး
ကဗျာလေးကို ရေးရင်း
နှလုံးသားထဲမှ ထာဝရ ဦးခိုက်ခြင်း ရှိဆဲပါ အဖေ................။
 
                                                               ညီညီ(မြန်အောင်)
 
   "အောင်ဆန်းဇာနည်"  
ဖေဖော်ဝါရီ ဆယ့်သုံးဟာ
ဗိုလ်ချုပ် မွေးနေ့ပါ.....။
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေ ဦးဖာသား.....။
ဇာတိ နတ်မောက် မကွေးခရိုင်
သိကြ များခုတိုင်......။
ကြံ့ကြံ့ ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား...........။
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်.........။
မျက်ရည် ဖြိုင်လို့  ဘဝင်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး..........။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်.......။
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား...........။
 
 
 
" ကျွန်တော်သည် ကဗျာ ဆရာတစ်ယောက် မဟုတ်ပါ""ဗိုလ်ချုပ်အောင်ဆန်း
အကြောင်းအား လက်လှမ်းမှီသလောက် ရှာဖွေ၍ ရေးသားထားခြင်းသာ ဖြစ်၏
                                        
                                                                   


7 မှတ်ချက်:

ချစ်စံအိမ် said...

ဘယ်မေ့လို့ရမလဲကွယ် မေ့ဘူး ဘယ်ောတ့မှမေ့ဘူး

မောင်သီဟ said...

ဖေဖော်ဝါရီ ၁၃ ဟာဗိုလ်ချုပ်မွေးနေ့ပါ

မဒမ်ကိုး said...

သတိတရရှိကြသူများကိုလေးစားမိပါ၏

မောင်ဘုန်း said...

အနာဂတ် လူငယ် များ ၏ စံပြ ထားရာ တို့ 
ဗိုလ်ချုပ် ပါ ....

Anonymous said...

အမိမြန်မာပြည်ရဲ့
ဖခင်ကို မေ့တယ်ဆိုတဲ့သူ
မရှိလောက်အောင်ပါဘဲ..။
မေ့ကောင်းတဲ့ အရာမှ မဟုတ်ဘဲနော့...။
လူသားတိုင်းရဲ့ရင်ထဲမှာ အတိတ်နဲ့ ပစ္စုပ္ပန် တင်မက
အနာဂတ်မှာလည်း မမေ့နိုင်ပါဘူး.......။

Anonymous said...

ဗိုလ်ချုပ်အောင်ဆန်းကတော့ လူတိုင်း မမေ့နိုင်ကြပါ.မမေ့သင့်ကြပါ..အဘယ့်ကြောင့် ဆိုသော် သူလိုစေတနာသန့် သန့်  ကိုယ်ကျိုးမဖက် ပြည့်သူ့ အတွက် ဆိုတဲ့ ဗိုလ်ချုပ် ၇ှားပါလားခြင်းကြောင့်ဖြစ်သည်..အဘယ့်ကြောင့်ဆိုသော်..အဘယ်ကြောင့်ဆိုသော်

မေဝင်း789 said...

စိတ်ရင်း အမှန်နှင့်
ခံစားဖတ်သွားပါ၏

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here