Friday, February 24, 2012

လွမ်းသူရှိုက်သံ


ရင်ထဲမှာ..........
သိမ်းထားခဲ့ရုံနဲ့
ပြီးဆုံးသွားရင်လည်း အကောင်းသား..................။
 
ခုတော့.................
မီးပုံးထဲက ဖလံလို
ဘယ်ပျံ ပျံ အပူဟပ်နေတော့
ရူးမတက်ပါဘဲ..........ခိုင်
ကျေနပ်ပါတယ်.............။
 
ဘယ်အရပ် ......ပျံ.......ပျံ
ဘယ်အပင်......သွား....သွား
ဘယ်ကိုင်းမှာ...နား.....နား......ပေါ့
နင့်စိတ်ကြိုက်ခိုလှုံဖို့........
သိုက်မြုံဆိုတာက
ငါ့ဘဝ မှာ မှ မရှိခဲ့တာ
ချိနဲ့စွာ နုတ်ဆက်ချိန်မှာ
အုတ်တစ်ချပ်စာလေးတောင်
ခွန်အားပေးဖို့ အားငယ်
အကြိမ် ကြိမ် ကြိုးစားရမဲ့သူပါ...........ခိုင်ရယ်.......။

                                               ရဝေသစ် (မြတမာ)


6 မှတ်ချက်:

မဒမ်ကိုး said...

ကိုယ်သွားတွေကတော့မခိုင်တော့ပါဘူးခိုင်ရယ်း)))

ရစ် said...

ငါ့ကိုများစောင်းပြောနေလာပဲ.......
အဟားးးးးးးး
နင့်ကဗျာကလည်း တကယ်ပြောတာ
တိုက်ဆိုင်နေတယ်.....P:
ခင်မင်မှုများစွာဖြင့်....

စံပယ်ချို said...

ဟုတ်တယ်နော်
ရင်ထဲမှာ..........
သိမ်းထားခဲ့ရုံနဲ့
ပြီးဆုံးသွားရင်လည်း အကောင်းသား---
ဘယ်အရာမဆိုပေါ့..................

ရစ် said...

ဘယ်အရပ် ......ပျံ.......ပျံ
ဘယ်အပင်......သွား....သွား
ဘယ်ကိုင်းမှာ...နား.....နား......ပေါ့
ဘယ်ကိုပျံခိုင်းနေတာလဲ ..
အတောင်တွေငြောင်းနေအုံးမယ်
ကဗျာလေး ခံစားအားပေးသွားပါတယ်

saw eah said...

ရင်ထဲမှာသိမ်းထားခဲ့ရုံနဲ့ပြီးဆုံးသွားရင်လည်းအကောင်းသား....

ဟုတ်တယ်နော်..တကယ်တမ်းတော့..စိတ်ကူး...

kaungkalay said...

တိုက်ဆိုင်လွန်းပါတယ်ကွား)

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here