အိမ်ကိုပြန်ရင်ဘာလုပ်မလဲ
လက်ရှိနေရာ....လက်သုံးစကား
ဒီမှာငွေရတယ်..အလှအပပေါတယ်
ဒါမျိုးလေးနဲ့သာရရင်
တသက်လုံးမပြန်
ကျွန်ဆက်ခံမယ်တဲ့
အတုယူမှာလား..အားကျဖို့လား
မွေးခဲ့တဲ့မြေ..ကြီးပြင်းရာအရပ်
ငွေရှာဖို့အတွက်..၀မ်းရေးအတွက်
ငါတို့လာခဲ့တာ
အချိန်တန်ရင်..အိမ်ပြန်ဖို့
သေချာလို့...ထပ်မေးရင်
အိမ်ပြန်ဖို့..အချိန်တန်ရင်
ဒီစကားဝေ့လည်ကြောင်ပတ်
အဖြေမတတ်သရွေ.
ကျွန်ဘ၀..၀ဲဂယက်မှာ
သက်တမ်းတွေရှည်
အိမ်နဲ့ဝေးအုံးမယ်......။
သံယောဇဉ်
5 မှတ်ချက်:
အင်း..ဒင်း ဒါကြောင့် ဖွဘုတ်မှာ စတိုင်တွေထုတ်ပြီး ကြောညာနေတာကိုး :D
အဖြေမတတ်သရွေ.
ကျွန်ဘ၀..၀ဲဂယက်မှာ
သက်တမ်းတွေရှည်
အိမ်နဲ့ဝေးအုံးမယ်......။ ခံစားသွားပါကြောင်း
း) အပေးနဲ့အယူပါး)
ကျွန်ဟုတ်ဝူးးး)း)
ကိုယ့်လုပ်အားကိုတရားဝင်ရောင်းစားတာပါး)
အချိန်တန် အိမ်ပြန်လာနိုင်အောင်
ကြိုးစားကြပေါ့....အသုံး နဲ့ အဖြုန်းကို
နားလည်ရင် အိမ်ပြန်ရောက်မှာ
သေချာပါတယ်
သံသရာ ၀ဲကယက်ထဲမှာ
ကျင်လည်နေသရွေ့တော့
ဘ၀ဆိုတာလည်း မသေချာသေးပါဘူး
သေချာတာတခုကတော့
အချိန်တန်ရင် ဘူတာဆိုက်ရမှာပေါ့နော်
အားတင်းထားပါ........
Post a Comment