Friday, February 3, 2012

တန်ဖိုးမဲ့ ချစ်ခြင်း


ငါတို့ မဆုံဖြစ်ခဲ့ရင်
ဒီလို ခံစားမှု မျိုးတွေ
ရင်ဘတ်ထဲကို ဝင်ရောက်လာမှာ မဟုတ်ဘူး...........။

ရူးသွပ်မှုတွေနဲ့ မျှော်လင့်နေဆဲမှာ
နင်ငါ့ကို ခွဲသွားတော့မယ် ဆိုတာ
ကံကြမ္မာက ငါ့အတွက်
တမင်တကာ ရက်စက်ခဲ့တာလား............။
 
ဆိုင်သူ ရှိပြီးသားမို့
ယှဉ်ပြိုင်ကြပါစို့လား တဲ့.........?
ထားလိုက်ပါ..........
ငါ ပြုံးပြုံးလေးနဲ့
အရှုံး ပေးလိုက်တယ်..........။
 
ပြိုင်ပွဲ ဆိုတာ
အောင်နိုင်သူအတွက် အပြုံးပေမယ့်
ရှုံးနိမ့်သူ အတွက်ကတော့
တောက်ခေါက်သံ ခပ်ပြင်းပြင်းနဲ့
ကြေကွဲ ဝမ်းနည်းရခြင်းတွေ ပါဟာ..............။
 
မပြိုင်ဆိုင် ချင်ဘူး.......
အလိုလို နိုင်တဲ့ ဆုတစ်ခုအား
ရှေးရေစက်က ငါ့ကို ပေးသနားလိမ့်မယ်............။
 
မေ့နိုင်အောင် ကြိုးစားခဲ့ပါတယ်
မေ့မရတဲ့ နောက်ဆုံး
တိတ်တိတ်လေး ရင်ခုန်ရခြင်းကိုအဖော်ပြု
အရှုံး ဆိုတာ ငါ့အတွက် ပထမဆု တစ်ခုထဲ
အချစ်က....
ငါ့အတွက် ကဗျာ တစ်ပုဒ်လောက်မှ တန်ဖိုးမရှိပဲလေ.............။
 
                                                                    ညီညီ(မြန်အောင်)


9 မှတ်ချက်:

မဒမ်ကိုး said...

ဒါဆိုရင်ပထမဆုမယူတော့ပါဘူးအေး)))

မေဝင်း789 said...

မပြိုင်ဆိုင်ချင်ဘူးးးး
အလိုလိုနိုင်တဲ့ဆု
နော်တို့လိုကလေးတွေတွက်ပါတောင်းပေးနော်
အားပေးပါတယ် နောက်ထပ်လဲ
အသဲကွဲကဗျာများများရေးနိုင်ပါစေ
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ညီညီ said...

ဟောဗျ....
နာ့ကို အသဲထပ် ကွဲခိုင်းနေပြန်ပြီ.... ဖွဟဲ့....
လွဲပါစေ..ဖယ်ပါစေ............။

Anonymous said...

ဒီအရွယ်မှတွေ့ ဆိုင်သူ ရှိပီပေါ့ဟ ဂိုးသမားရှိလို့ ဂိုးသွင်းဖို့ မကြိုးစားရင် ..အရှုံးက ပထမပေါ့ကွာ..ဒီတစ်ယောက်က ဘယ်သူတုံးဟ..နာမတိတော့ဝူး..တိန်

စံပယ်ချို said...

ညီညီရေ
ဘူလေးကိုမေ့နိုင်အောင်ကြိုးစားခဲ့တာလဲ

Lps said...

မေ့နိုင်အောင် ကြိုးစားခဲ့ပါတယ်
မေ့မရတဲ့ နောက်ဆုံး
တိတ်တိတ်လေး ရင်ခုန်ရခြင်းကိုအဖော်ပြု
အရှုံး ဆိုတာ ငါ့အတွက် ပထမဆု တစ်ခုထဲ
အချစ်က....
ငါ့အတွက် ကဗျာ တစ်ပုဒ်လောက်မှ တန်ဖိုးမရှိပဲလေ.............။

လေးစားအားကျပါတယ် ကိုညီညီ(မြန်အောင်ရေ
ခင်မင်လေးစားစွာဖြင့် (လွမ်း)

ရစ် said...

အင်းးးးးးး
အကြံတခုတော့ပေးချင်တယ်
ဟဲလေးရဲ့ "ပတ်သက်ခွင့်ပြုပါ"
သီချင်းလေးပဲ ဆိုနေတာကောင်းမယ်ထင်တယ်
အဟဲ အသည်းကွဲတာများအဆန်းလုပ်လို့..။

laylwintlu said...

ကိုညီ အကြံပေးတာကိုလက်မခံနဲ့ နော် အဲ့ကောင်မလေးတွေ ယုံရဝူးးးဟီးးးးးး
ကဗျာလေးကောင်းတယ်ဗျာ...
ခင်မင်လေးစားလျက်-လေလွင့်လူ(ကမာမြေ)

ချစ်စံအိမ် said...

မေ့နိုင်အောင် ကြိုးစားခဲ့ပါတယ်
မေ့မရတဲ့ နောက်ဆုံး
တိတ်တိတ်လေး ရင်ခုန်ရခြင်းကိုအဖော်ပြု
အရှုံး ဆိုတာ ငါ့အတွက် ပထမဆု တစ်ခုထဲ
အချစ်က....
ငါ့အတွက် ကဗျာ တစ်ပုဒ်လောက်မှ တန်ဖိုးမရှိပဲလေ.............။
စာသားတွေကြိုက်တယ်

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here