Wednesday, February 29, 2012

ကြယ်ဝင်စားတဲ့လ

 ရင်ထဲမှာ အပူရှိတာ

ဘယ်သူသိမှာ လဲ.........ခိုင်........။

ကွယ်ရာခိုး ခိုးကြည့်

စိုး ထိတ်လို့သိမှာကြောတ်တယ်......။

အကြည့်စုံ ခဏမှာတောင်

ရင်ထဲက မနေတက်

တမင်လွှဲ လို့နေရတယ်.....။

ခံစားချက်နဲ့ ဘဝရှင်သန်မှုတွေက

အစပ်ဟပ်မတဲ့ကြလို့......

ရင်ထဲက လမင်း

ကြယ်တစ်စင်းသာသာ လင်းခွင့်ရခဲ့တယ်......

ငါ ယုံကြည်တယ် ကောင်မလေး

မှုန်ရည်တဲ့ ညနေခင်းတွေက

ငါ့အတွက် အလွမ်းတွေပဲ ဆိုတာ

တမာတွေ ပွင့်ကြလို့

အညာနွေ လေသင့်တိုင်း

ငါမင်း ကို

ကဗျာရေး ရင်းသတိရနေအုံးမှာပါဘဲ............။
  ရဝေသစ်(မြတမာ)

8 မှတ်ချက်:

စံပယ်ချို said...

ခိုင်တဲ့လား
ချစ်သူကိုကဗျာတွေရေးရင်းသတိရနေတာ
ကောင်းပါတယ်

အောင်အောင် said...

ယုံပါရင်သို့တိုးဝှေ့ဆဲပါခိုင်...သီချင်းလေးဆိုလိုက်နော်..

ချစ်စံအိမ် said...

ခိုင်တဲ့ ဟီဟီ
ကဗျာလေးခံစားသွားပါကြောင်း

ရစ် said...

ရဝေသစ်(မြတမာ)ကလည်း
တခိုင်တည်းခိုင်နေတာပဲ
အဟဲ........။
အားပေးသွားတယ်နော့......

mstint said...

'အကြည့်ဆုံ ခဏမှာတောင်'ဆိုတဲ့စာသားလေးကိုဖတ်မိတော့
မနေ့တစ်နေ့ကမှ တရားစခန်းကထွက်လာတဲ့ အိုမားအာရုံမှာ-
မျက်စိအကြည် ဆိုတဲ့အခံဓာတ် အတိုက်ဓာတ် အဆင်း အပွင့်ဓာတ် မြင်စိတ်တို့ ပေါ်လာတယ် အမောင်ရေ :P
ကြည်လင်အေးမြတဲ့စိတ်ဓာတ်အမြဲပိုင်ဆိုင်ပါစေ။

မေတ္တာဖြင့်
အန်တီတင့်

မဒမ်ကိုး said...

လွပ်လပ်စွာလွမ်းနိုင်ပါတယ်လေး))

လွင်ပြင်လှိုင်းငယ် said...

ခိုင် တဲ့လားကွယ်

Anonymous said...

ခိုင်ဆိုတော့.....ခိုင်..ခိုင်.. ကဗျာဆရာရေ..ခံစားအားပေးသွားပါတယ်ဗျာ

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here