Saturday, March 31, 2012
ပျောက်ကွယ်သွားချိန်
နင်ကြိုက်တဲ့ မိုးရေစက်တွေ
ငါ့နှလုံးသားမှာ ခိုးနားတော့
တတောက်တောက် နဲ့ လေ..
ဖွင့်ချင်မှ ဖွင့်မဲ့တံခါး
အမြဲပိတ်ထားတာ ဘာဆန်းလဲ..
အာဒံက ဧ၀ ကိုချစ်တယ်..
ရိုမီယို က ဂျူးလိယက်ကိုချစ်တယ်..
မင်းနန္ဒာ က ရှင်မွှေးလွန်းကိုချစ်တယ်..
ငါကလည်း နင့်ကိုချစ်တာပဲ..
ဧ၀ က တုံပြန်တယ်..
ဂျူးလိယက်က လည်းတုံပြန်တယ်..
မွှေးလွန်းက လည်းတုံပြန်တယ်..
နင်ကလည်းတုံပြန်တာပဲ..
ကွာခြားသွားတဲ့တုံပြန်ပုံက
ငါ့ဘ၀နဲ့ ငါ့ကုသိုလ်..
လသာတုန်းအူတဲ့ ခွေးအူသံမှ
ဆွေးစရာကောင်းတာ မဟုတ်ဘူး..
နွေရောက်တိုင်း ဥသြငှက်ရဲ့အသံမှ
လွမ်းစရာကောင်းတာ မဟုတ်ပါဘူး..
လေတိုက်လို့ လန်သွားတဲ့ ပြက္ခဒိန်စာရွက်တွေလို
ရက်စွဲတွေက အကုန်မြန်တယ်..
ဂီတာက ကြိုးပြတ်တယ်..
ခံစားချက်က ကျိုးပျက်တယ်..
အသံတူပြီး အကြောင်းကွဲပုံများ..
မောင်၇ယ်..
နွေပြီးတော့ မိုးနဲ့ ဆောင်း..
ခံစားချက်မဲ့တဲ့ တေးသွားတစ်ပုဒ်လို
နေစားလိုက် လေစားလိုက်နဲ့ ..
ငါဟာတဖြည်းဖြည်းနဲ့ အရောင်ေ၀၀ါး လာခဲ့ပြီ..
ဆူးသခင်(ရန်ကုန်)
ကဗျာတွေအတွက်ဆူးသခင်ကိုဒီနေရာကနေကျေးဇူးတင်ပါကြောင်း....
.
ငါတို့ဌာနီ သမိုင်းဝင်စေတီ
လွမ်းရပါသည် မွေးဌာနီ ပွဲတော်တို့ရဲ့ တန်ခူးရာသီ
ခြိမ့်သဲစည်ကား သိုက်မြိုက်လှ သမိုင်းဝင်တဲ့ ဆင်ဖြူတောင်
ဖူးမြော်သူအပေါင်းကို ဆီးကြိုလျှက် ခွန်အားကြီးတဲ့ ဆင်နှစ်ကောင်
ခမ်းနားကျယ်ဝန်း ကိုးခန်းကြီးတွင် ဘုရားတော် ဂေါတမ
ရှေ့တော်မှောက၌် ဓမ္မစကြာပဌာန်းသံများ ဝေေ၀ဆာ……..။
ခြေတော်ရာမှ တောင်တော်ပေါ်သို့ တက်ရောက်ပါလျှင်
တောင်စာင့်မယ်တော် `မယ်ဖြူ´ နတ်နန်း အနီးနား၌
အလိုရှိရာကို ပြည့်စေဖို့ရွယ် အဓိဌာန်ဝင်တဲ့စေတီတော်၊
ပြုသောကုသိုလ်ရည်မှန်းပါ၍ ခေါင်းလောင်းထိုးကာ တောင်းဆုပန်သော
ဆုတောင်းပြည့် စေတီဘုရား ရင်ထဲအေးမြ ကြည်ညိုဖွယ်
တန်းခိုးတော်များ စုန်ကြူးလျှက် တုပမရှိ ၀င်းလက်ထိန်စွာ
ရောင်ခြည်ဖြာလျှက် ချွင်ချွင်သာသော ဆွဲလည်းသံဖြင့်
တန်ခိုးကြီးဘုရားလည်း ရှိခိုးဦးချကန်တော့ပါ၏………….။
တောင်တော်အစွန် မြောက်ဘက်တွင်ရှိ
လျောင်းတော်မူ … ကိုယ်တော်ဘုရားထံ
အပူအအေး အမောပြေရန် တထောက်နားရင်း
ဖူးမြော်ခြင်းကား ဘ၀င်နှလုံး ချမ်းမြေ့မဆုံး……..။
ဆင်တော်ငါးစီး ဘုရားအနီး၌ သဘာဝအတိုင်း ဖြစ်တည်ပါသော
စိန်တလုံးဂူတော်၊ ဇော်ဂျီဂူ နှင့် ဆင်ဖြူတွင်းမှတောင်တော်ဂုဏ်ကို
ထွန်းတောက်စေ၍ တောင်တော်တွင်ကျက်စား ဖိုညိုမျောက်များ
အခါတော်ပွဲသံ ကြားစဉ်ခါဝယ်မြူးတူးခုန်ပေါက် ကခုန်လျှက်
မြင်သူအပေါင်း ရွှင်ပြုံးစေအံ့……...။
ထူးဆန်းအံဖွယ် စာဖွဲ့မကုန်နိုင် များလှပါသော
ရှုခင်းများက ကဗျာဆရာရှုံး ငိုပွဲဆင်စေဖို့
လွမ်းမောဖွယ်ရာ  တောင်တန်းပြာနဲ့ လယ်ကွင်းများက
ရွှေသမင်မျက်လုံးနှယ် တင့်တယ်လှ၏………။
ရစ်မမ(နေပြည်တော်) 
.
Friday, March 30, 2012
ရာသီဥတုညံ့တဲ့ငါ
အရာရာနားလည်ပြီလို့
      ငါ့စိတ်ကမှတ်ယူချိန်မှာ
      ခံစားမှုဒီဂရီက
      မျက်ရည်ကိုအဖော်ပြုပြီး
       ငါ့ရင်ဘတ်ကိုစောင့်တယ်
       ပေါ့ပျက်ပျက်နှလုံးသားနဲ့
       ငါ  မင်းဆီမချဉ်းကပ်ခဲ့ပါဘူး
       ငါလိုချင်တာက
       မင်းဆီကရွှာမယ့်
      အချစ်နဲ့အကြင်နာလေးတွေပါ
      ပြောင်းလဲတတ်တဲ့မင်းကို
      ငါနားမလည်နိုင်ဘူး
      ဘာကြောင့်လဲဆိုတော့
      ငါမှမပြောင်းလဲတတ်တာ
      ငှက်တွေတောင်   အခြေအနေနဲ့
      အသိုက်ပြောင်းတတ်ကြသေးတာပဲ
      မင်းပြောင်းလဲသွားတာ
      မဆန်းပါဘူး
      တကယ်ဆို  ဒါဟာ
      ရာသီဥတုညံ့တဲ့  ငါ့ကြောင့်ပါပဲ-----------------။
                                                   မှော်ဆရာလေး
.
Wednesday, March 28, 2012
နွေရင်ကျိုး၍ မိုး ဖြစ်စေ
ရေစက်ရယ်ပါလို့ဆုံဆည်းခဲ့တယ်
ငါတို့ရင်မှာဖွင်ပြောလို့မရတဲ့
သံယောဇဉ်တွေနဲ့ပေါ့..........
ယုယမှုမရှိတဲ့ငါတို့နှစ်ယောက်ကြား.........
ဂုဏ်.........ပညတ်ချက်တွေဝင်စွက်ဖက်ခဲ့တယ်
ပူပါစေ........................ဒီနွေ.......
စွေပါစေ............................ဒီမိုး........
ဝေပါစေ.............................ဒီဆောင်းရယ်......
မဖြစ်သင့်ဘူးဆိုတော့လည်း   ငါခေါင်းငုံ့ခဲ့တယ်........
မချစ်လို့အရှုံးပေးတာမဟုတ်ပေမဲ့
ရင်နှစ်မွှာအသည်းနှစ်ခြမ်း.........အကွဲခံလိုက်မယ်.........
နွေရင်ကျိုး၍      မိုးဖြစ်စေ..................။
ရှမ်းမလေး(ပင်လုံ) 
.
Tuesday, March 27, 2012
မာန
သိပ်မာနကြီးတဲ့ မိန်းမ
အတ္တကြီးတဲ့ မိန်းမ
အသည်းနှလုံးမရှိတဲ့ မိန်းမ
အဲ့လိုဂုဏ်ဒြပ်တွေနဲ့ 
ရှင်သန်လာတဲ့ ငါ...........။ 
ငါ့မာန ငါ့အတ္တ
ငါ့ကိုယ်တိုင် ပျိုးထောင်ခဲ့တာ
နင်တစ်ယောက် ငါ့ဘ၀ထဲ
ခြေလှမ်းမှားရောက်လာတော့
ငါဆိုတာ ပြောင်းလဲပစ်ဖို့ အခက်သား..
နင်နဲ့ အတူရှိတဲ့အချိန်
ငါ့မျက်နှာမပြုံးပေမဲ့
ငါ့ရင်ထဲ တိတ်တိတ်လေး ပြုံးတယ်
နင့်လက်ကို မတွဲခဲ့ပေမဲ့
စိတ်ကူးထဲ တိတ်တိတ်လေး
ဆုပ်ကိုင်ခဲ့တယ်..
လွမ်းသလားလို့ မေးရင်
တစ်ခွန်းတောင်ပြန်မဖြေခဲ့ပေမဲ့
စက္ကန့် တိုင်း တိတ်တိတ်လေး လွမ်းတယ်..
နင်နဲ့ အတူရှိခဲ့တဲ့အချိန်
အပြင်ပန်း ခပ်တည်တည်နေပေမဲ့
ငါ့ရင်ထဲ တိတ်တိတ်လေး
၇ွှင်မြူးနေခဲ့တယ်..
ငါမွေးမြူခဲ့တဲ့ ငါ့မာန ငါ့အတ္တ
အကြိမ်ကြိမ် ချိုးနှိပ်ဖို့ 
တိတ်တိတ်လေး ကြိုးစားနေခဲ့ပါတယ်..
ငါ့ကိုနင် မချစ်တော့မှန်း သိခဲ့ရတာ့
ငါ့ရင်ထဲ တိတ်တိတ်လေးကြေကွဲတယ်..
နောက်ဆုံး ဒီမာန ဒီအတ္တတွေက
ငါ့နှလုံးသားကို တိတ်တိတ်လေး
သေဆုံးစေခဲ့ပြန်တယ်လေ.........။
 ဆူးသခင်(ရန်ကုန်)
.
ငါ့လက်ထဲက အမှတ်အသား
နေရောင်ခြည်နဲ့အနီးဆုံးကိုတိုးကပ်ပြီး စိမ်းလန်းစွာ
ကပ်သီးကပ်သပ် ပေါက်ရောက်ရှင်သန်/သေဆုံး
တစ်ခုပြီးတစ်ခု ရွေးချယ်စွန့်ပစ် ထုံးတမ်းအစဉ်လာတွေကြား
ညပ်ပါလာတဲ့(ညှပ်မိနေတာလည်းဖြစ်နိုင်)
ခံစားထားချက်အသားစတွေနဲ့ကဗျာအကြောင်း
ငြင်းလို့ပဲမဆုံးနိုင်တော့ဘူးကိုယ့်လူ မွေးရာပါ
ဆန္ဒကို အရင်းကခုတ်လှဲရတဲ့ကိစ္စ အကုန်
လွင့်လာတဲ့လေလှိုင်းထဲ စိတ်ကူးတွေ
အတောင့်လိုက်လွင့်ပါပူလောင်စွာ
လွမ်းစရာကောင်းတဲ့အထိလွင့်တယ်ပဲဆိုပါတော့
အသံတွေ  သောင်ထွန်းလာတဲ့အထိ ဒီအကြောင်း
သစ်တာနဲ့သေရတော့မလိုမျိုးစကားလုံးတွေ
အတောင့်လိုက်ကြီးခင်ဗျားထိုင်ခုံထဲဝင်လာသလား
ခင်ဗျားထ ထ စမ်းနေတာကိုပဲ နေရာဖယ်ပေးတယ်မှတ်လို့
ဝင်ဝင်ထိုင်မိတယ်။    ။
(နည်းနည်း စတန့်ထွင်ရေးကြည့်တာပါခင်ဗျာ။ရေးဟန်စမ်းသပ်ကြည့်တာပေါ့။)
အောင်မှူးဝေ
Sunday, March 25, 2012
ဘဝများစွာနဲ့ အသံထွက်
 မြို့ထဲရောက်တော့လည်း
အလွမ်းက တောနံ့ပျောက်သွားပြန်တာပဲ
ရောက်တဲ့စာမျက်နှာကစပြီး
ပရိယေသနကိုစာလုံးပေါင်းခဲ့တယ်။
အောင်မှူးဝေ..အောင်ရင်ငြိမ်း
တိုးနှောင်မိုး...အဂ္ဂ
ငါတို့ဟာ ခေတ်ကတောင်းဆိုလာတဲ့အတိုင်း
လောင်ကျွမ်းပြီးသား စာမျက်နှာဟောင်း
မီးတောင်ဟောင်းကြီးတွေ
ဓားပေါ်ကသံချေးတွေ ကွာကျမသွားသေးသလို
ကိုယ်ပေါ်ကဒုက္ခတွေလည်း
ကွာကျမသွားသေးဘူး။
ပန်းဆိုးတန်းလမ်းပေါ်
ငါတို့ခြေရာတွေကျွံဝင်သွားလေတိုင်း
နှင်းအကျဉ်းသား တိုးနှောင်မိုးကထိပ်ဆုံးလွမ်းတတ်ဆွေးတတ်
(သူက..အလွမ်းချေမှုန်းရေးသင်္ကေတလည်းဖြစ်တယ်)
အောင်ရင်ငြိမ်းရေ..
အဂ္ဂရဲ့စံပယ်ခင်းကလေးထဲ
အဖြူသားတစ်ဝက်ချန်ပြီး ဆိုင်းလို့ပေါ့။
ငါတို့ခရီး
အဆိပ်ပြင်းတဲ့လမ်းတွေနဲ့နီးတယ်
ငါတို့ခေတ်ရဲ့
ရွှေပြည်အေးဆရာကြီး
မောင်စိမ်းနီလည်း လမ်းနီးတယ်
လမ်းနီးသူတွေရဲ့ဝါကျမှာ
သမိုင်းတစ်ခုလုံးချိတ်နေတယ်။
တစ်နေ့တစ်နေ့
အမှန်တရားနဲ့အမီလိုက်ပြီးမမှန်နိုင်တာ
ပြဿနာပဲ..ဆိုတဲ့ခေါင်းစဉ်ကို
ပါးစပ်ထဲထည့်ပြီး ကိုယ်စီကြိတ်ခွဲ
လေမုန်တိုင်းပဲတိုက်နေကြ
လေပြေထဲမှာပွင့်တဲ့ပန်းတွေထက်
ငါတို့က ပိုမွှေးတယ်။
ငါတို့စကား ငါတို့တရားတွေမြိုင်နေတုန်း
ကိုဇော်ကတော့
အမြန်ပြန်ပြေးတယ်
သူ့မိန်းမနေမကောင်းလို့တဲ့
အတောင်ပံမီးလောင်ခံရတဲ့ငှက်ကလေးလို
ဒီလူ
နေမကောင်းတဲ့ကဗျာဆရာတွေနဲ့
နေမကောင်းတဲ့ကဗျာတွေကို
ပြီးတော့
ကဗျာဆရာတွေရဲ့အမှန်တရားကို
နာလံထတောအုပ်ထဲမှာ
ဒီအတိုင်းထားခဲ့နိုင်သားပဲ။
အမှန်တရားအတိုင်းမှားခဲ့တာကိုက
မှားခဲ့တယ်ဆိုသူတစ်ဦးရဲ့ ဈာပနမှာ
ငါတို့တွေလည်း
မီးခိုးငွေ့အဖြစ် လိုက်ပါပို့ဆောင်ခဲ့
ဒုတိယကမ္ဘာစစ်ကကျည်ဆံတွေ
အခုမှ လာမှန်သလိုမျိုး
ဒဏ်ရာဟောင်းတွေပြန်ပြန်ထတဲ့အခါ
နာရီဟောင်းတွေချိုမြခဲ့။
အတိတ်ကိုပြန်လည်တူးဆွခြင်းသည်းခံပါ
အတိတ်ကိုမတူးရင်
နင့်ကိုတူးရမှာလား..ပန်ဒိုရာ...
အိုဘယ့်..ပန်ဒိုရာ
နတ်သမီးပါးဝလှချည့်။
ဆွေးဆွေးပြီးစုတ်လာတဲ့စာအုပ်တစ်အုပ်လို
ဆုံးဖြတ်ရခက်တဲ့ကိစ္စတွေထဲ
သမိုင်းကိုငြင်းရတာ...
ကဗျာကိုငြင်းရတာ...
ကဗျာဆရာ/ဆရာမကိုငြင်းရတာ
နှင်းဆီပန်းခင်းကိုငြင်းရတာ..
နတ်သမီးတင်ပါးဝင်းဝင်းလေးကိုငြင်းရတာ
ခါးတယ်။
ငါတို့က
ခေတ်ကိုစက္ကူစွန်ချိုးပြီး
ဘဝကြိုးနဲ့လွှတ်တင်ခဲ့သူတွေ
ဓနမှန်စာနဲ့လာမတိုက်နဲ့ မရဘူး။
ငါတို့ရှေ့
ဈေးပေါပေါကော်ဖီတစ်ခွက်အေးစက်နေပုံက
စစ်အေးကာလတောင်ရှုံးလောက်တယ်
ငါတို့ရင်ခုန်ဘက် အကွဲလေးတွေ
(အဟတ်...အကွဲလေးတွေ)
ပန်းဥယျာဉ်လေးတွေ
မိုးဦးလေဦးစောစေကြောင်း
ဆုတောင်းကဗျာ
နောက်ဘဝ ဆက်ဖတ်ပါရန်...။ ။
အောင်မှူးဝေ
24.3.2012
ဘလော့ဂါ ၀က်ဆိုဒ်ခါင်းစဉ် (Header ) ကို လှအောင်လုပ်ပြီး ပြောင်းနည်း
ကျနော်ဆွဲထားတဲ့ ဒီဇိုင်းလေးပါ ဆော့ဝဲဒေါင်းလိုက်..လုပ်စားလို့ ရပြီနော..ဟိဟိ..ပုံတူပွားရုံပဲ
ဒီနည်းကတော့ လူတိုင်းနီးပါး လုပ်တတ်နေပြီမလို့  အသေးစိတ် မရေးတော့ဘူးဗျာ
မေးလာတဲ့ အခြေခံပညာသင် ၀ါသနာတူ သူငယ်ချင်းလေးကြောင့် ပြောင်းနည်းကို
မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်ဒီဇိုင်းလိုမျိုး လိုချင်ရင် Template ရော ၊ ခေါင်းစဉ်ဆွဲဖို့ 
တင်ပေးထားပြီးသားပါ ။ ကျနော်သုံးနေတဲ့   အခု လက်ရှိ ၀က်ဆိုဒ်ဒီဇိုင်း ကြိုက်ရင်
၁၀မိနစ်အတွင်း ထပ်တူလုပ်လို့ ရပါတယ်။ အဲ့တော့ လိုချင်ရင် ကျနော်တင်ထားတဲ့
ဒီဇိုင်း Template နဲ့  ခေါင်းစဉ်ဒီဇိုင်းဆွဲနည်းကို ဒေါင်းလုပ်ယူထားလိုက်ရင် ရပါပြီဗျာ
အခုလူက ခေါင်းစဉ် ဒီဇိုင်းပြောင်းချင်တာဆိုတော့ ကိုယ်ပြောင်းချင်တဲ့ပုံကို ဆွဲထား
သိမ်းထားတာ ရှိမှရမှာ။ ရှိပြန်ရင်လည်း ၀က်ဆိုဒ်အကျယ်နဲ့  အညီကွက်တိ ရှိနေဖို့ 
လိုတယ်။ ဒါမှ ထည့်လိုက်ရင် ခေါင်းစဉ်ပုံက သေးပြီး ဆိုဒ်ကကြီးနေတာ မျိုးမရှိမှာ။
ဆိုဒ်အကျယ်စုစုပေါင်းက  ၁၀၀၀ ဆိုရင် ပုံကလည်း အကျယ်၁၀၀၀ ပြင်ပေးရမယ်
လုပ်ပြီး  သိမ်းထားပါ  အဆင်သင့်ဖြစ်ပီဆိုရင် ဘလော့ကိုဝင် Design  ကိုနှိပ်လိုက်
ပြီးရင် Header ဘေးက Edit ကိုနှိပ်ပြီး  စောစောက  ပြင်ဆင်ထားတဲ့  ပုံကိုထည့်ပါ
ပြီးရင် Save လုပ်လိုက်ရင် ရပါပြီ အဆင်မပြေရင်မေးပို့ မေးမြန်းနိုင်ပါကြောင်း......။
ဒီဇိုင်းပုံလုပ်နည်းကို ဒီမှာယူ - http://www.zwmnna.com/2012/Header Design
ဒီဝက်ဆိုဒ်နဲ့ ပုံစံတူလိုချင်ရင် ဒီမှာယူ - http://www.zwmnna.com/ Template
.
Saturday, March 24, 2012
ဓာတ်ပုံကို နောက်ခံ Frame လှလှလေးနဲ့  ပြင်ချင်ရင် လန်းစေတဲ့ဆော့ဝဲ
ဒီဆော့ဝဲလေးကတော့ ဓာတ်ပုံကို နောက်ခံဘောင်လှလှလေး ထည့်ချင်သူအတွက်
အဆင်ပြေစေတဲ့ ဆော့ဝဲကောင်းတစ်ခုပါ ။အသုံးပြုရတာ လွယ်ကူသလို ဒီဇိုင်းတွေ
အများကြီးပါတယ် ။ အပြည့်အ၀  သုံးလို့ ရအောင်  Key   ထည့်ပေးထားပါတယ်ဗျာ
ဓာတ်ပုံတွေကို ၄ပုံတွဲ ၊ ၃ပုံတွဲ ဆက်ဖို့ လည်း ဘောင်လှလှလေးတွေ  ပါသေးတယ်
ပုံမရှိသူကလည်း လက်ရှိထိုင်နေတဲ့ ပုံကို ရိုက်ဖို့  Cam Snapshot  ထည့်ထားတယ်
သင်္ကြန်မှာ ပုံလှလှလေးတွေကို နောက်ခံဘောင် လှလှလေးတွေနဲ့  ထုတ်ပြီး မိမိတို့ 
ချစ်သူ ခင်သူ ကြင်နာသူများကို ပေးကြစေ..ကဲ..ရှိသူဆွဲ..မဆွဲတဲ့သူ မရှိလို့ ဘဲ...ခိခိ
Features about version
1. Have photo mode and digital camera mode.
2. Include thousands of frames and add your personalized frames freely
3. Assemble photos in diffferent way
4. Add funny face to the photos.
5. Add base background to the photos.
6. Eidt photos in many ways like change color,alter the location
7. Import frame,photo,photo background,expression to database.
8. Chage and apply photo size before print
9. Save edditing photos and next time just upload it and contitue to edit.
10.Print out the photos.
11. Easy to operate.
ဒီလင့်မှာ ဒေါင်းလုပ်ယူပါ -ဘောင်လှလှလေးပါတဲ့ ordin full
အသေးစိတ်သိချင်ရင် - http://www.odinshare.com/frame-photo-creator.html
.
Friday, March 23, 2012
ရုန်းထွက်ခွင့်
ချစ်သူရယ်..
ကျေးဇူးပြုပြီး
ငါ့အတွေးထဲက ထွက်သွားပေးပါ.
ဘ၀အတွက် ရယ်စရာ မောစရာတွေ
တွေးတောခွင့်ရချင်သေးတယ်...
ချစ်သူရယ်..
ကျေးဇူးပြုပြီး
ငါ့ဦးနှောက်ထဲက ထွက်သွားပေးပါ.
မှတ်ဥာဏ်တွေထဲ ပျော်၇ွှင်စရာများ
ပြောင်းလဲထည့်သွင်းခွင့်ရချင်သေးတယ်...
ချစ်သူရယ်..
ကျေးဇူးပြုပြီး
ငါ့ဘ၀ထဲက ထွက်သွားပေးပါ.
နေ့ ရက်တွေတိုင်း မင်းရဲ့အရိပ်က
လွတ်မြောက်စွာ ကြိုးစားကြည့်ချင်သေးတယ်...
ချစ်သူရယ်..
ကျေးဇူးပြုပြီး..
ငါ့နှလုံးသားထဲက ထွက်သွားပေးပါ.
ရင်ခုန်သံတိုင်း ဒဏ်ရာကင်းစွာ
နိုးကြားခွင့် ရှိနေချင်သေးတယ်...
ဒါတွေဟာ..
တောင်းဆိုရုံသက်သက်ပါ
မောင်းမထုတ်ပဲ မင်းထွက်သွားခဲ့တာ
အချိန်တွေ ကြာလှပေါ့..
ငါ့ကိုယ်တိုင် မလွတ်မြောက်နိုင်သေးတာတော့
ဘယ်နတ်ဆိုးရဲ့ ကျိန်စာများလဲနော်...
ဆူးသခင်(ရန်ကုန်)
.
သိပါစေ.............
                       မှိန်သွားသည့်ကြယ် ပြယ်သွားသည့်ရနံ့ 
                   ကွယ်သွားသည့်လ ပစ်သွားသည့်ချစ်သူ
                အပြစ်ယူလို့ မရဘူးဆိုတာမှန်ပေမဲ့ .....
                             ဘ၀ဋ်ကျွေးမကုန်သေးလို့  အခုလိုအဝေးမှာနေရတဲ့
                          ငါ့ဘ၀ကိုနားလည်ပေးဖို့  မတောင်းပန်တော့ဘူး
                        မင်းလိုရာသွားစေတော့................
                 ငါ့ဘ၀ plan မှာစရန်တွေမင်းကို မပေးခဲ့တာလဲ
                တန်ဖိုးမဖြတ်လို့ ပဲလို့ ဆိုမလား......
               ရိုးသားတယ်လို့ မဆိုပေမဲ့ 
             ကြိုးစားခဲ့တာက ဘ၀တွေလှပဖို့ ဆိုတာမင်းသိပါလေစ........
                            (အပြေးသမား)ပန်းဝင်ခါနီးမှ ကြွက်တတ်
                         အသက်ထွက်မတတ်အောင် နေလို့ ဆိုးတာမင်းမသိပါဘူး
                     ကဲကွာ.......၇ှိပါစေတာ့ ငါ့မှာကငွေရှာနေရတုန်းဆိုတော့.....
                                      တောင်တန်းပြာကြီး နောက်ခံထားပီး
                                   စိမ်းစိုလန်းဆန်း တောတန်းကြီးတွေနဲ့ 
                                ပန်းစကားဝါပွင့်ဝေဖြာတဲ့  (popa) တောင်ကြီးအခြေက
                              အခက်ဖြာရွက်စိပ် မန်ကြီးပင်ရိပ်ကြီးတွေရှိတဲ့ 
                            ပျဉ်မကြီးရွာက............
                          အဖေနဲ့ အမေဆီကို  အောင်မြင်မှုတွေရယူပီး
                         ပြန်လာခဲ့တော့မယ်............
                                                                               သိုက်ကြီး(ကျောက်ပန်းတောင်း) kpgtheik@gmail.com
.
အမှတ်တရ သတိရ တိုက်ပွဲဝင်ကာလ
ဆယ်တန်းဖြေချိန် မတ်လရောက်တိုင်း
သတိရမိတယ်ပေါင်းလောင်းရယ်
မတ်လ(၁၄)ရက် သချာင်္ဖြေသောနေ့မှာ
ခင်မင်မှုများ စ ရှိခဲ့ကာ
အ.ထ.က (၂)၊ ပေါင်းလောင်းအဆောင်မှာ
ဘ၀အတွက် တိုက်ပွဲဝင်ရင်း ပေါင်းလောင်းဆိုတဲ့
သူငယ်ချင်းတယောက် ကောက်ရခဲ့တယ်
ခင်မင် ရက်လေး တိုတောင်းပေမယ့်
ငါအမြဲသတိရမိတယ် ပေါင်းလောင်းရယ်
ပေါင်းလောင်းဆိုတဲ့နာမ်စားရယ်
မှတ်လိုက်မိတဲ့ ခုံနံပါတ်လေးရယ်က
အောင်စာရင်းထွက်တဲ့နေ့မှာ
မင်းနာမည်ကို ငါသိရမယ်လို့ ထင်ခဲ့ပေမယ့်
မင်းရဲ့ခုံအမှတ် (မန - ၁၇၂၄) မပါဘူးတဲ့…
ဘ၀တိုက်ပွဲမှာ ငါအနိုင်ရပေမယ့်
မင်း ကျရှုံးခဲ့လို့ ငါ့ရဲ့ပျော်ရွှင်မှုဟာ ပြည့်ဝခြင်းမရှိခဲ့တာ
ငါကိုယ်တိုင်ပဲ သိတာပါ
ငါမင်းကို ဘယ်လိုရှာရမလဲ
ဆုန်ကြီးပြောတော့ ``ကမ္ဘာကြီးက ကျဉ်းတယ်´´တဲ့
ကမ္ဘာမပြောနဲ့ မြို့အတွင်းလေးမှာတောင်
ငါ မင်းကို ရှာမတွေ့တာဒီနေ့ဒီအချိန်ထိပဲ………………..။
စာမေးပွဲတစ်နှစ်ပြီးသွားပြန်ပြီပေါင်းလောင်းရေ………….။
မင်းဘယ်အရပ် ဘယ်ဆီ ဘယ်ရောက်နေလဲ သူငယ်ချင်း………။
နောက်ဆုံးတော့လည်း  လေးဖြူသီချင်းလိုပဲ
ဘယ်ဆီကိုမင်းရောက်နေလဲ……………….။
ဘာတွေကိုမင်းလုပ်နေလဲ ………………….။
ရစ်မမ(နေပြည်တော်)
.
အဖော်မဲ့အလွမ်း
  ခရေဖူး........
 လေရှုးသောက်လို့
  နွေဦးမှာလည်း ...ကြွေကြတယ်.....ခိုင်...။  
ခရေပွင့် အကြွေတွေနဲ့.........
  လေနင့်အခြွေမှာ..........
မြေသင့်လို့ ခရေခင်းတဲ့လမ်း
  ဝေဒနာ အနမ်းနဲ့
  ငါ့အတွက်
  ကွက်လပ်တွေဖြေရာမဲ့ပေါ့
အိပ်ပျက်ညနဲ့ မဖြေသာ
ဟိုး..............အရင်ညတွေက
သ္ခင် ကိုယ်ငွေ့တွေနဲ့
မှေးစက်ခါ အိပ်နိုင်ခဲ့ပေမယ့်
သ္ခင် မရှိတဲ့ည
အလင်းမဲ့လ လိုပဲ
ကွက်လပ်တွေ ဟာပြည့်နှက်ခဲ့
အိပ်ပျက်ည နဲ့ မဖြေသာ
အတွေး ထပ်ထပ်နဲ့
ငါရေးစပ်ခဲ့တဲ့ ကဗျာတွေဟာလည်း
အရွက်ပေါ် ဆေးစက်ကျရုံနဲ့
တေးစပ်မ ရတဲ့ညတွေ.............
အကြိမ်ကြိမ် ပါဘဲ............ခိုင်.........။
ရဝေသစ်(မြတမာ)
.
Thursday, March 22, 2012
ရည်းစားစာ ရေးနည်း
အချစ်ရယ် ဒီစာကိုရေးလိုက်လို့ ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ်၊ မိကျောင်းမင်းရေခင်းပြတယ်၊
 ခရု ခါးတောင်းကျိုက်ဖမ်းတယ်လို့ မထင်စေချင်ဘူးနော်။ ကိုယ့်မှာမင်းကိုချစ်မိမှပဲ ခဲမှန်ဖူးတဲ့ စာသူငယ်လိုလို၊ မပိုင်ဝက်မွေးဆိုသလိုလို၊အိတ်ပေါက်နဲ့ ဖားကောက်ဆိုသလိုလို ဖြစ်နေပါပြီ။
အခုအချိန်မှာ ၀က်ဖြစ်မှတော့မစင်ကြောက်နေ လို့လည်း မထူးတော့ပါဘူးလေ။
မင်းအဖေကို ပြောလိုက်ပါ မြင်းကမလှုပ်ခုံကလှုပ်၊ ယုန်ကမတိုး ပိုက်ကတိုး
 ဖြစ်မနေပါနဲ့လို့။ယူမှာက မင်းကိုပါ။
ဘယ်နှယ့်သူက ကဲကဲလှုပ်နေရတာလဲလို့။ ကြက်တူရွေးက တော်တော် မယ်ဘော်က
ကဲမနေပါနဲ့လို့။မင်းအဖေက ကိုယ့်ကိုပြောတယ် ငကြောင် တဲ့။ မင်းဟာအလုပ်မရှိ ကြောင်ရေချိုးပေးနေတဲ့ ကောင်စားမျိုးတဲ့။ဒါပေမဲ့ပြောလိုက်ပါ။
ကိုယ်ဟာ ကြောင်သူတော် ကြွက်သူခိုးမဟုတ်သလို တောမီးလောင်
တောကြောင်လက်ခမောင်းခတ်တဲ့ ကောင်စားမျိုးတော့ မဟုတ်ပါဘူးလို့။ ကိုယ့်ရဲ့
မဖြစ်စလောက်သာရတဲ့ လစာလေးဟာ ကြောင်အို ကြွက်မလေး ဆိုသလိုဖြစ်နေတော့လေ…….
နောက်ပြီးတော့ မင်းကို လာလာကြောင်နေတဲ့ သင်္ဘောသားဆိုတဲ့ အကောင်ကလည်း
မင်းအဖေလိုလူအတွက် ကြောင်ခံတွင်းပျက်နှင့် ဆက်ရက်တောင်ပံကျိုးလို
ဟိုကောင့်အတွက်ကျတော့ ကံကောင်းတဲ့ကျား သွားရင်းသမင်တွေ့ဆိုသလိုဖြစ်နေတာပေါ့။
သူများ အကြောင်းလည်း မပြောချင်ပါဘူး အချစ်ရယ်
ဒီကောင့်မိဘက ချမ်းသာတော့ ကျားကြီး ခြေရာကြီး၊ ရွှေပင်နားတော့
ရွှေကျေးမျိုးတော့ဖြစ်မှာပေါ့လေ။ တကယ်တော့ သူ့မိဘတွေဟာ ဒီယုန်မြင်လို့ ဒီချုံထွင်၊
ကြွက်သေတစ်ခုအရင်းပြုရုံလေးနဲ့ စားရကံကြုံပြီး မုတ်ဆိတ်ပျားစွဲ၊ ထန်းသီးကြွေခိုက်
ကျီးနင်းခိုက်ဖြစ်လို့၊ ကြက်ကန်းဆန်အိုးတိုးကာ ယုန်ထောင်ကြောင်မိ
ဖြစ်သွားသူတွေပါ။ အများညီ ဤကိုကျွဲဖတ် ဆိုသလို လုပ်ချင်ရာလုပ်နေတဲ့
ပြောတော့ကြောင်သူတော် ယိုတော့ ကြွက်မွှေး ဆိုတာ သူ့မိဘတွေပေါ့။
ဆင်သတ်အရပ်ဝေပြီးမှ ဆင်သားရေကို ဆိတ်သားရေနဲ့ဖုံးချင်တာ
သူတို့အသိုင်းအ၀ိုင်းပေါ့။ ကိုယ် အထင်အကြီးပါဘူး။ အထင်လည်း မသေးပါဘူးနော်။
ဒီကောင်ကတော့ ကျွဲကူးရေပါ ဆိုတဲ့အတိုင်း သူစီးတဲ့မြင်း အထီးမှန်း
အမမှန်းတောင်မသိ၊ မိဘဆိုတာလည်း ကျီးဘုတ်ရိုသေ၊ ဘုတ်ကျီးရိုသေတဲ့ အဆင့်တောင်မရှိ၊
ခွေးကလေးအရောဝင် ပါးလျက်နားလျက်၊ ကျီးကန်းသူကောင်း မြှောက်
 ချေးကောက်စားဆိုတဲ့သူမျိုးပါ။ထားလိုက်ပါလေ။ခွေးရူးကောင်းစား တစ်မွန်းတည့်ပါပဲ။
အချိန်တန်တော့ နွားပိန်ကန်ပါလိမ့်မယ်။
တကယ်လို့ မင်းသာအဲဒီအကောင်နဲ့ညားရင် ဆင်နားရွက်ကြွက်တပ်၊ ကြွက်နားရွက်
ဝက်တပ်ပေးသလိုမျိုး ကို့ရိုးကားရား ဖြစ်နေမှာ။ မင်းအဖေကလည်း ကြောက်ပါတယ်
ဆိုကြောင်နဲ့တို့ ဆိုသလို မင်းမလိုချင်တာကိုပဲ စွတ်ပြီး ငါးကြင်းဆီနဲ့
ငါးကြင်းကျော်ချင်နေတာ။ ကိုယ်ကတော့ မင်းမိဘနှစ်ပါးကြောင့်ကျွဲနှစ်ကောင်ကြားထဲက
မြေစာပင်၊ ကျားချင်းကိုက်ရာ သမင်းလမ်းကူးမှား ဖြစ်မယ့်
မင်းဖြစ်အင်ကိုသာတွေးတွေး ရင်မောပြီး ကြမ္မာဆောင် သားကောင်ဆိတ်ဖြစ်နေပါပြီ။
တကယ်ပါအချစ်ရယ် မင်းအဖေဟာ ငှက်တစ်ကောင် မြားတစ်စင်း၊ ရှဉ့်တစ်ကောင်
မြားတစ်စင်းဆိုတာကို မြင်ပုံမရဘူး။ ကြောင်ရုပ်ဖြစ်စေ ကြွက်သေတာလိုရင်းဆိုပြီး
စွတ်မိုက်နေတာ။
အင်း… မပြောချင်ပါဘူးလေ… ငါးတကာယိုသည့်ချေး ပုဇွန်ဆိတ်
ခေါင်းမှာစု လို့ပဲပြောပြော၊ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်
လို့ပဲပြောပြော။ သူ့မိဘတွေကလည်း ဒီကောင့်ကြောင့် နာမည်ပျက်နေတာကြာပါပြီ။
တကယ်တော့ အညှီရှိရာ ယင်အုံဆိုသလို မင်းအဖေဆီကို ဒီကောင်ဟာ
ငါးပွက်ရာငါးစာချဖို့ရောက်လာတာပါ။ ပြီးတော့ ဆင်ကောင်ကြီး အမြီးကျမှတစ်ဆိုသလို၊ ငါးစိမ်းမြင်
ငါးကင်ပစ် လုပ်သွားဦးမှာ။ နောက်ဆုံးကျမှ ဒီကောင့်ကြောင့် လူတွင်ပါနွားကျားကိုက်ဆိုတဲ့အချိန်၊
ကျားသေကို အသက်သွင်းလို့ စင်းစင်းသေပါပြီလို့မင်းအဖေအော်နေဦးမှာ။
အဲလို ဖွတ်ထွက်မှ တောင်ပို့မှန်းသိတဲ့အချိန်မှာ ကျားရှေ့
မှောက်လျက်လဲသလိုဖြစ်နေမယ့် မင်းအဖေရဲ့ ကိုယ့်ယောက္ခမလောင်းကြီးရဲ့
သေချင်တဲ့ကျား တောပြောင်းအဖြစ်ကို ကိုယ်မြင်ယောင်မိနေတယ်။
မင်းအမေကြီးကျတော့လည်း ဒီကောင်နဲ့ပေးစားချင်တိုင်း သမီးတစ်ကောင်
နွားတစ်ထောင်ဆိုပြီး အရပ်ထဲမှာ လက်ပံပင်ဆက်ရက်ကျသလို ပွက်ပွက်ညံနေပါရော။
တကယ်ကျတော့ ရှမ်းကြိုက်နွားချောဆိုတာ ကိုယ်ကတော့ မြွေမြွေခြင်း
ခြေမြင်ပြီးသားပါနော်။ အင်း… နွားအို မြက်နုကြိုက်သလို မင်းအဖေကြီး
ငွေကြိုက်တာလည်း နွားငတ်ရေချ ဆိုသလို၊ ကိုယ့်အတွက်တော့
အထူးအဆန်းမဟုတ်တော့ပါဘူး။ မင်းအဖေက ဆင်သွားရင် လမ်းဖြစ်မယ်လို့ ထင်နေတာလေ။
ငါးစာသာမြင် ငါးမျှားချိတ်မမြင် ဆိုသလိုမျိုး ဖြစ်နေတာပေါ့။ ဒါထက်
သမီးချောလေးအရှိန်နဲ့ ဆင်ဖြူတော်မှီပြီး ကြံစုပ်၊ မျောက်ပြဆန်တောင်း
လုပ်နေတယ်လို့လည်း မပြောချင်ပါဘူး။ နွားပေါ့ အစွံထုတ်လို့ ပြောရင်
မင်းပါစိတ်ဆိုးတော့မယ်။  ဆင်ဖြူ့မျက်နှာ ဆင်မည်းမကြည့်ဝံ့ ဆိုသလို
ကိုယ့်ရဲ့ မိဘ Background ကလည်း သူ့အတွက်ဆို နွားပျိုသန်လှ နွားအိုပေါင်ကျိုး
သာသာပဲရှိတော့ ယုန်အတွက် ချုံကကြောင့်ကြနေရတာပေါ့။
မင်းအဖေကပြောတာ။ ကိုယ့်ကို ခွေးမသား တဲ့။ ခွေးမြီးကောက် ကျည်တောက်စွပ်တဲ့။
မင်းကိုလည်း မွဲချင်တဲ့ခွေး ပြာပုံတိုးဆို။ ဟုတ်ချင်လည်းဟုတ်မှာပါ။
ကိုယ့်အခြေအနေကလည်း လူမလေး ခွေးမခန့်တဲ့ အပြင်၊ အရပ်ကလည်း ခွေးပစ်တဲ့
တုတ်သာသာရှိတော့… ကိုယ်နဲ့ပေးစားမယ့်အစား ခွေးအမြီးဖြတ်ပြီးသာ ပေးစားမယ်တဲ့။
အဲဒါကို ဟိုအကောင်ကြားရင် သူ့ကို ခွေးအမြီးပြတ်နဲ့ နှိုင်းတယ်ဆိုပြီး
စိတ်ဆိုးဦးမယ်။ တကယ်ကျတော့ ကိုယ်ဟာ ခွေးရူးဖက်ကိုက်
ခွေးကောင်းနားရွက်ပြတ်ဖြစ်သွားမှာ ကြောက်တဲ့ ခွေးဖြူတောမတိုးဝံ့တဲ့သူပါ။ကဲပါ…
ခွေးဟောင်လို့ တောင်ပို့မပြေးနိုင်ပါဘူး။ ပိုနေမြဲ ကျားနေမြဲပါအချစ်ရယ်။
တစ်ခုတော့ မင်းအဖေကိုပြောချင်တယ်။ ဟောင်လွန်းသည့်ခွေး လူမလေးတတ်ဘူးဆိုတာကို။
ကျန်သေးတယ်….. မင်းအဖေကပဲပြောတာနော် ကိုယ်ဟာ တော်တော် နွားကျတဲ့ကောင်တဲ့။
ကိုယ်ကလည်း ဘယ်ရမလဲ၊ ဒါပေမဲ့ ခင်ဗျားလို ငါ့စကားနွားရ မပြောတတ်ဘူး၊
နွားသိုးကြိုးပြတ် မရမ်းတတ်ဘူးလို့ နွားရှေ့ ထွန်ကျူးပြလိုက်တာပေါ့။
အချစ်ရယ် ကိုယ်ဒီစကားတွေပြောနေရတာ ကျားလိုက်မှ တုတ်ခုတ်၊ ဆင်လိုက်မှ
သစ်ပင်ရှာတာ မဟုတ်ပါဘူးနော်။ ကိုယ့်မှာ ရှာသမျှ ပိုက်ဆံကလည်း သမင်မွေးရင်း
ကျားစားရင်း ဆိုသလိုဖြစ်၊ ကံအကြောင်းက မသင့်လေတော့ မြွေပွေး
ခါးပိုက်ပိုက်မိလျက်သားလည်းဖြစ်၊ ကျားချင်းကိုက်ရာ သမင်ကူ မမှားဖို့အရေး၊
ပျားလည်းစွဲသာ ရှဥ့်လည်းလျှောက်သာ ဖြစ်အောင်လုပ်ရင်း မြွေမသေ တုတ်မကျိုး
Styleမျိုးဖြစ်သွားတော့၊ ဖွတ်မရ ဓါးမဆုံး၊ ငါးမရ ရေချိုးပြန်ရုံ လေးပါ။
ကိုယ့်မှာတော့ ကျားလည်းကြောက်ရ ကျားချေးလည်းကြောက်ရဆိုသလို မင်းမိဘကော၊
မင်းကိုပါလန့်ပြီး ကျားရဲရာ ကြမ္မာမရိုးသာဆိုသလိုဖြစ်နေရပါပြီလေ။တကယ်တမ်းဆိုရင်.
ကိုယ်ဟာ မြင်းကောင်းခွာလိပ် လေးပါကွယ်။ မင်းအဖေကလည်း ကိုယ်ကမင်းကို
ချစ်ပါတယ်ပြောတိုင်း ကြိုးကြာဆို ဘာငှက်လဲ၊ ကျားကိုက်ပါတယ်ဆို
နာတာရှည်လားချည်းလာလာမေးနေလေတယ်။ ဆင်ကောင်ကြီးတွေ့မှတော့
ဆင်ခြေရာရှာစရာ လိုတော့မလားကွယ်။
ကိုယ်ကလည်း မင်းအဖေရှေ့မှာ ကျွဲပါး စောင်းတီး… အဲ… မိကျောင်းမင်း ရေခင်းပြတွေ
ခဏခဏမလုပ်ချင်ပါဘူးလေ။ လူပဲအချစ်ရယ်... စင်းလုံးချောတော့ ဘယ်ပြည့်စုံမလဲ။
သိကြားမင်းတောင် ကျွဲယောင်ဆောင်တာ ဂျိုကားတယ်လို့ ပြောခံရသေးတာပဲ။ ထားပါ။
ပုံလုံတစ်လှည့် ငါးပျံတစ်လှည့် ဆိုတဲ့နေ့ကျရင်တော့ သူသိမှာပါလေ။
ဒါမှမဟုတ်များ...ယာလည်းညက်စေ ကြက်လည်းပန်းစေလို့များ လုပ်နေသလားမသိဘူးလေ။
မပြောချင်ပါဘူး အချစ်ရယ် လင်းတလောက်တော့ ငှက်တိုင်းလှနိုင်ပါတယ်။
နွားကြော့ဆိုလေ ချုံတိုးလေဆိုတာမျိုး ကိုယ်မလုပ်တတ်ပါဘူး။ အလကားရတဲ့ သမက်ကို…“နွား သွားဖြဲကြည့်မနေပါနဲ့”လို့။ မကောင်းပါဘူးလေ။
နှံပြည်စုတ်အမြှောက်နဲ့ချိန်တတ်တဲ့ မင်းမိဘတွေကို လက်တုန့်မပြန်ချင်ပေမယ့်လည်း
တခါတခါကျရင် အကြံကုန် ဂဠုန်ဆားချက်လုပ်ပြီး ကြွက်မနိုင် ကျီမီးရှို့ချင်ရှို့ပစ်မိတော့မှာ
ရော့…ပတ္တမြား ရော့…နဂါး မှလုပ်တတ်တဲ့ မင်းမိဘတွေကို
ဆင်လည်းဆင်အထွာနှင့် ပုရွက်ဆိတ်လည်း ပုရွက်ဆိတ်အထွာ နဲ့ပါလို့ကြုံရင်ပြောလိုက်စမ်းပါ။
ဘာပဲဖြစ်ဖြစ်လေ မိဘဆိုတာ သားသမီးကို ဆင်စီးပြီးမြင်းရံစေချင်တာကို ကိုယ်သိပါတယ်။
ဒီတော့ မျောက်သားစားချင်မျောက်မျက်နှာကြည့်ဆိုသလို ကိုယ်နာလည်ပေးရမှာပေါ့။
တကယ်ပါ အချစ်ရယ် ကိုယ့်ဘ၀ဟာ ရေတွင်းထဲက ဖားသူငယ်လို၊ ကိုယ့်အဖြစ်ဟာ
ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ဆေးကြောင့်လေးဆိုသလိုဖြစ်ရုံမက
ကိုယ့်အသည်းနှလုံးတွေဟာ မင်းနဲ့ဝေးမှ ကျီးကန်းတောင်းမှောက်၊ ငါးရံ့ပြာလူး၊
ကြောင်မရှိကြွက်ထ ဆိုသလိုမျိုး ဖြစ်နေပါပြီ။ ဒီလောက်လှတဲ့ သမီးမျိုးကို
မွေးထားတဲ့ မင်းအဖေကို ပြောလိုက်ပါ။ အိုင်တွေ့လို့မှမလူး ကျွဲရူး၊
ငါးကြော်မကြိုက် ကြောင်မိုက်ဖြစ်သွားမှာပေါ့လို့။ ဘာပဲပြောပြောပါ။
မင်းမရှိတဲ့ကိုယ့်ဘ၀ဟာ နွားကွဲ ကျားကိုက် ဆိုသလို ဖြစ်လို့၊ မင်းဆီက ကိုယ်မျှော်နေတဲ့
အချစ်တွေကလည်း ကျားသနားမှ နွားချမ်းသာရမဲ့ ဘ၀မျိုးဖြစ်နေပါပြီ။ ယုံပါ..ကိုယ်ဟာ...
မျက်နှာမများတတ်သလို လယ်ထွန်သွား နွားမေ့ လူစားမျိုးလည်း မဟုတ်တာ အမှန်ပါ။
တကယ်ပါအချစ်ရယ်… ကိုယ့်ရင်ထဲက အချစ်တွေဟာ မင်းတုန့်ပြန်မှ စူဠလိပ်
ရေထဲလွှတ်သလိုမျိုး စိုင်ကော်လို့ချုံပေါ်ရောက်ပြီး ရွှေပင်မှာနားတဲ့ ရွှေကျေးလေး
ဖြစ်တော့မှာပါ။
ဒီစာလေးကိုတော့ မေးထဲကို အပျိုကြီး ဂိုက်ဖန်းနေသူက ပို့ လိုက်တာပါခင်ဗျာ
 မြန်မာစကားပုံတွေ ဖတ်စေချင်တာကြောင့်ထပ်ဆင့် မှတ်တမ်းတင်လိုက်ပါကြောင်း
.
ဖိုင်ဆိုဒ်ကြီးနေတာတွေကို သေးအောင် ချုံ့ တဲ့နည်းလမ်းလေးတစ်ခုပါ
ဒီအတိုင်းလုပ်လိုက်လည်း ရနေပါတယ် ထင်သလို ရေးကြည့်တာ မူရင်းမှာကြည့်ကြည့်
ဒီနည်းလမ်းလေးကတော့ မေးကနေ ဗီဒီယိုဖိုင်တွေ ပိုချင်တဲ့အခါ ဖိုင်ဆိုဒ်ကြီးတာကို
သေးသွားအောင် ခွဲထုတ်ပေးတဲ့သဘောပါ တစ်ခါမှ မသုံးဖူးသေးပေမယ် လိုအပ်သူ
သုံးရအောင် တင်ပေးလိုက်ပါတယ် ။ နည်းပညာဆိုဒ်တစ်ခုကနေ ရှာဖွေလာခဲ့တာပါ
ဒီနည်းကို  သုံးဖို့ အတွက်  Winrar ဆော့ဝဲ ရှိဖို့ တော့လိုပါတယ် ။ သာမာန်အားဖြင့်
ကြည့်မယ်ဆိုရင် 50 MB  ရှိတာကို 25 MB စီခွဲလိုက်တော့ မေးထဲကနေ ပို့ မယ်ဆို
အဆင်ပြေစွာ  ပို့ နိုင်မှာပါ။ တဖက်ကလည်း ရလာတဲ့ ဖိုင်ကို ပြန်စုပေးဖို့ လိုပါတယ်
ဒါမှ ပို့ လိုက်တဲ့ ဖိုင်က  အလုပ်လုပ်မှာ ဖြစ်ကြောင်း ပုံတွေနဲ့ ရှင်းပြပေးထားပါတယ်
အလွန်အသုံးဝင်တဲ့ နည်းလမ်းမဟုတ်ဘူးလို့ ထင်ပါတယ် ထို့ ကြောင့် မူရင်းဆိုဒ်မှာ
သေချာဖတ်ကြည့်လိုက်ပါနော်..ဗဟုသုတအဖြစ်ပေါ့..လေ့လာကြည့်လိုက်ပါ.......။
ဒီလင့်မှာကြည့်ပါ - http://rolandocabral.com/2011/07/25/hackaday-how။
.
Wednesday, March 21, 2012
Facebook သုံးသူများအတွက် အပြုသဘော အကြံပေးချင်တာလေးကဒီလို
ဒီနည်းလေးကတော့ သူငယ်ချင်း များများရစေလို၍ အပြုသဘောနဲ့  ရေးကြည့်တာပါ
ဒီကိစ္စကို သဘောတူတဲ့သူလည်း ရှိမယ် သဘောမတူနဲ့ သူလည်း ရှိပါတယ် လူတိုင်း
တော့ သဘောတူချင်မှတူမှာ။  အက်လာရင် လက်မခံတဲ့သူလည်း ရှိပါတယ် ကျနော်
ကတော့ အက်လာရင် အားလုံး လက်ခံတာပဲ ။ အက်သူများရင် ပျော်လို့ ရွှင်လို့ ပဲဗျာ
သူများက ကိုယ့်အကောင့်လာအက်တာ ခင်ချင်လို့ ပေါ့ နောက်မှ ပြဿနာရှာလာရင်
မပြောတတ်ဘူး ပထမတော့ အားလုံးလက်ခံတယ် တစ်ခုခုလုပ်လာရင် ဘလော့လုပ်
ကျနော်ကလည်း အက်တာပဲ ။ သုံးနေရင်းလည်း လိုက်အက်တယ် သူများက လာပြီး
အက်ရင်လည်း အမြန်လက်ခံတယ် ဘာလို့ လည်းဆိုတော့ သူငယ်ချင်းများချင်တယ်
ဖေ့ဘွတ်သုံးတာ သူငယ်ချင်းများချင်လို့ ရယ် ဘလော့က  စာတွေ မျှဝေချင်လို့ ရယ်
လူများတော့ သတင်းစုံတယ် လူမများရင် သတင်းတက်တာ သူငယ်ချင်းရှိသလောက်
ပဲကြည့်လို့ ရတာမလား..အဲ့တော့ များတာကောင်းပါတယ် အက်သာအက် တချို့ က
လူမှုရေးပိုင်း လေးတွေ ရှိတာပေါ့နော် အဲ့လိုလူတွေကတော့ အက်သမျှ လက်မခံဘူး
မင်းသမီး မင်းသားတွေလိုပေါ့ဗျာ..။ သာမာန်ဆိုရင်တော့ ဖေ့ဘွတ်သုံးပါ သူငယ်ချင်း
များများ လိုက်အက်ပါ အဲ့တော့ ..ဗဟုသုတများမယ် သတင်းစုံမယ် အသိပညာတွေ
တိုးလာစေမယ်လို့  ထင်တာပဲ...မြန်မာပြည်ကလည်း သတင်းတွေ ဖေ့ဘွတ်ပေါ်မှာ
တက်လာတာမြန်တယ်  ကဲ တိုက်ဆိုင်သူ ရှိရင် သုံးကြစေ.........................။
.
Monday, March 19, 2012
သူငယ်ချင်းသို့ ............
                       နှလုံးသားစေညွန်ရာဆိုပီး
                   လေတံခွန်လိုသာ ကြိုးအကုန်လွှတ်နေရင်တော့
                ပြန်သိမ်းရလဲခက် အထိန်းရလဲခက်ပြီး
             ကြိုးပြတ်တော့မှ တောက် မခေါက်နဲ့ နော် သူငယ်ချင်း........
                         အရွယ်ကောင်းတုန်းက
                     တောင်းပြုံးမှာ အချောက်ငကုန်းလုပ်ပီး
                 အရွယ်လွန်မှ ပုဝါပါးကိုခေါင်းပေါင်းထားပီး
               သူတောင်းစားကြီးလုပ်နေရမယ်နော် သူငယ်ချင်း.......
                           အရက်လေးတမြမြ.... ဖင်လေးတကြွကြွနဲ့ နေရင်တော့
                       ခင်အေးကလဲ အထင်သေးပီး ဖင်ဆေးတဲ့ ရေလောက်တောင်
                   အလေးမထားမှာမြင်ယောင်သေးတယ် သူငယ်ချင်း..............
                              အရွယ်ကောင်းတုန်းမှာကြိုးစား တိုးပွားလာတော့လူရာဝင်
                        လူနာကုတင်တစ်လုံးလောက် လှူနိုင်တယ်ထားအုံး
                    အားလုံးကသာဓုခေါ်ကြမှာပါကွာ သူငယ်ချင်းရာ....
                              ခွေးမသောက်တဲ့ အရေသောက်ပီး
                      အမြီးပေါက်တဲ့မြောက်ထီးကမှ ကျွမ်း(ဂျွမ်း)ထိုးတတ်ရင်
                  သူ့ ဝမ်းရေးတွက်အဆင်ပြေလိမ့် အုံးမယ်....
                မင်းကတော့.............
                             ငါ့နှုတ်ဖျားကနောက်ဆုံးစကား ပါလိုက်တော့မယ်....
                          မင်းနဲငါဒီတစ်ခါဆုံခဲ့လို့  နေညိုချိန်မှာလေပျိုနေတယ်ဆိုရင်တော့
                       ငါဘ၀မှာ မင်းနေ၀င်သွားပီသူငယ်ချင်း
                    ရာသက်ပန်စွန့် လွတ်လိုက်ပီ မင်းနဲ့ ငါသူစိမ်းဖြစ်သွားပီမှတ်လိုက်ကွာ.......
                သိုက်ကြီး(က.ပ.တ) kpgtheik@gmail.com
Friday, March 16, 2012
ပန်းကလေး
ပန်းတစ်ပွင့်ကို တန်ဖိုးထား
ရင်ထဲမှာ မြတ်နိုးသွားခဲ့ ပေမယ့်
အပွင့်လိုလို့ အညှာချိုး
ရနံ့ကိုလည်း ငါမခိုးခဲ့ ပါဘူး..............။
ပင်ယံထက်နန်း တစ်ပွင့်ပန်း
ငါ့နှလုံးသားမှာ လန်းနေဆဲ
အိပ်မက်ထဲလည်း ငါမနမ်းရဲ ခဲ့ပါဘူး.............။
ကြည့်နေရုံ အဖြစ်
လွမ်းနေရုံ အဆင့်
လိပ်ပြာငယ်ကြောင့် အဆိပ်သင့်
မြေပြင်ပေါ်မှာ သူကြွေလွင့်
သဘာဝရဲ့ အပြစ်
ငါလည်း ရင်မနာ သင့်တော့ဘူး............။
ညီညီ(မြန်အောင်)
သကြန်နား နီးလာပြီဆိုတော့ ဒီဟာလေးတွေ နားထောင်ရင်း သတိရနေတယ်
Tuesday, March 13, 2012
ဝိညာဉ်မဲ့ သီအိုရီ
မေတ္တာကို
အလျားအနံနဲ့
ဘောင်ခတ်ပြလို့မရသလို
ငါ့အချစ်တွေကိုလည်း
မင်းမြင်အောင်ပြဖို့
စကားရှာမရခဲ့ဘူး...ချစ်သူ။
-မေတ္တာမှာ
အသွားအပြန်ရှိသတဲ့
ငါ့ရဲ့
ချစ်ခြင်းမေတ္တာတွေ
နာရီမခြား..စက္ကန့်မနား
မင်းဆီသွားခဲ့ပေမယ့်
ငါ့ရင်မှာတော့
မင်းရဲ့
မေတ္တာကို
ငတ်
မွတ်
နေဆဲပါ...ချစ်သူ..။ ။
ရဝေသစ်(မြတမာ)
Monday, March 12, 2012
နိုင်ငံခြားဇာတ်လမ်းမျိုးစုံကို တိုက်ရိုက်ကြည့်ရှုနိုင်သော ဆိုဒ်တစ်ခု
အင်တာနက်သုံးနေရင်း  ဗီဒီယိုကြည်ချင်ရင် အဆင်ပြေတဲ့ ၀က်ဆိုဒ်လေးတစ်ခု  မျှဝေ
လိုက်ပါ၏ ။ နာမည်ကြီးတဲ့ နိုင်ငံခြားဇာတ်ကားများ အပါအ၀င် အတော်လေး စုံလင်တဲ့
ဝက်ဆိုဒ်တစ်ခုပါ ။ တိုက်တန်းနစ်ဇာတ်ကားကို အဲ့ဆိုဒ်က လင့်ယူပြီး  တင်ပေးခဲ့တာပါ
နိုင်ငံခြားဇာတ်ကား  အဟောင်းတွေကို   ပြန်ကြည့်ချင်လို့ ပဲဖြစ်ဖြစ် ၊ လိုအပ်တဲ့  ဇာတ်
ကားတွေ ပြန်ရှာချင်ရင်ပဲ ဖြစ်ဖြစ် အသုံးလိုတဲ့သူ သုံးရအောင် မျှဝေလိုက်ပါကြောင်း..။
http://www.onlinewatchmovies.net/hollywood-movie/tita-hollywood-movie
Friday, March 9, 2012
မမေ့နိုင်သော ထာဝရမိတ်ဆွေ
Ø  ငါရယ်မောပျော်ရွှင်နေရင်
မင်းကျေနပ်စွာပြုံးနေတတ်တယ်…..။
ငါစိတ်ညစ်နေချိန်မှာ
မင်းဟာသတွေပြောလို့..ငါစိတ်ညစ်သမျှကို
မေ့ပျောက်စေတယ်……။
Ø  ငါစိတ်အားငယ်ချိန်မှာတော့
ငါက မင်းရဲ့ ထာဝရညီမလေးပါတဲ့
မင်းအားပေးပြောစကားတွေက
ငါ့ခွန်အားသတ္တိတွေကို နိုးထစေတယ်….။
Ø  ငါဒုက္ခတွေနဲ့ ရင်ဆိုင်နေရတဲ့နေ့တွေမှာ
ငါက မင်းရဲ့ ထာဝရမိတ်ဆွေ ပါတဲ့
မင်းပဲ အရာရာကို ပြေလည်အောင်
ဖြေရှင်းပေးနိုင်ခဲ့တယ်……။
Ø  မင်းရယ်မောနေချိန်မှာတော့
ငါနုတ်ခမ်းဆူကာ စိတ်ကောက်နေတယ်
မင်းစိတ်ရှုပ်တဲ့အခါ
ငါက အလိုက်မသိစွာပဲ
ဟိုဟိုဒီဒီ ဘုရားဖူးပို့ခိုင်းခဲ့တယ်
မင်းအလုပ်များနေတဲ့အခါ
ငါတို့မဆုံဖြစ်ခဲ့ဘူးပေါ့……။
ပြန်ဆုံတဲ့နေ့တွေမှာတော့
ငါပြောသမျှကို အားပါးတရရယ်မောကာ
``ငါဒီလိုမရယ်ရတာကြာပြီ´´ တဲ့
Ø  မင်းဒုက္ခတွေရင်ဆိုင်နေရတဲ့ အချိန်မှာ
ငါက မသိတတ်စွာပဲ
မင်းနဲ့ အဝေးဆုံးနေရာမှာပျော်ရွှင်နေခဲ့တယ်
ငါ့ရဲ့ပျော်ရွှင်မှုတွေ ရပ်တန့်မသွားမီ
မင်းငါ့ကို ရက်စက်စွာ ထားရစ်ခဲ့တယ်
မင်း နောက်ဘ၀ထဲမှာ
ရယ်နေလား ပြုံးပျော်ရဲ့လား
ငါမသိပေမယ့်…………….။
Ø  ငါကတော့ မင်းမရှိတော့တဲ့
ဒီလောကထဲမှာ စိတ်ညစ်စရာတွေ
ဒုက္ခတွေကြား ခါးသီးစွာနဲ့
နေသားကျနေပါပြီ…..။
မင်းလည်း ငါရှိမနေသေးတဲ့
နောက်ဘ၀ထဲမှာ ထာဝရပျော်ရွှင်ပါစေ…..။
(အထွန်း ရောက်ရာဘုံဘ၀မှာ ပျော်ရွှင်စွာ ရှိနေပါစေ……)
                                                                         ရစ်မမ(နေပြည်တော်)
Wednesday, March 7, 2012
အခြေခံ ကွန်ပျုတာ လေ့လာစ လူတွေအတွက် အသုံးဝင်တဲ့ Right click
ဒီနည်းလေးကလည်း ကွန်ပျုတာ အတွက် အဆင်ပြေတယ်။  မောက်စ် Right Click
မှာ လိုအပ်တဲ့ဟာတွေ အလွယ်တကူသုံးလို့ ရတာတွေကို ထပ်ထည့်ပေးတဲ့ဆော့ဝဲပါ
ကွန်ပျုတာပိတ်တာ Resatartလုပ်တာကအစ Right clickမှာထည့်ထားတော့ အမြန်
သုံးလို့ ရတယ် Empty recycle bin ဆိုလည်း ထည့်ထားတော့ သုံးရတာ အဆင်ပြေ
တယ် ကွန်ပျုတာ Lock ချတာလည်း  ထည့်ထားလို့ တယ် ။Control Pennel လည်း
ထည့်ထားလို့ ရတယ်။ Right Click ထဲမှာ ကိုယ်အသုံးများတာတွေကို ထည့်ထားရင်
ကွန်ပျုတာဖွင့်ပြီး နေရာစုံ ရှာနေစရာမလိုတော့ဘူး။ Right click နှိပ်တာနဲ့  အားလုံး
လှုပ်ရှားလို့ ရပြီ..အခြေခံပညာသင်တွေ ဆွဲထားမယ်..လန်းတယ်ကွ...................။
# Administrator Command Prompt
# Create file listing
# Hide/show folders
# Open with notepad
# Copy to/move to
# Take ownership
# Defrag drive
# Disk cleanup
# Resource monitor
# Lock PC
# Hibernate PC
# Shutdown
# Notepad
# Device manager
ဒီလင့်မှာ ယူပါ  Right click exterder Porttable ( ZIPPYSHARE)
မူရင်းလင့်မှာလည်းကြည့်နိုင်ပါတယ် - http://www.intowindows.com/right 
Tuesday, March 6, 2012
ရင်တွင်းဆန္ဒ.........( မလေးရှားမှ ဖြစ်ရပ်မှန် - ၂)
ကြည့်နေရုံ သက်သက်ပါပဲ
ကန္တာရ လမ်းမှာ
ဖြတ်သန်းနေ ရတဲ့ ပန်းကလေးတွေ
တစ်ပွင့်ပြီးတစ်ပွင့် နွမ်းကြွေနေလေရဲ့.........။
ပိုက်က ယုန်ကို တိုးခဲ့တာလား
ယုန်က ပိုက်ကို တိုးခဲ့တာလား
ဘာပဲဖြစ်ဖြစ်
ပကာသန စက်ကွင်းမှာ
ယုန်ဖြူမလေးတွေကတော့ သက်ဆင်းနေတုန်း............။
ငါတို့ နေတဲ့တောက
မုဆိုးပေါတယ် သူငယ်ချင်း
"အသားစား" တဲ့ ကျားနဲ့
"ဝတ်ရည်ခူး"မယ့် ပျားတွေ
ခြေချင်းလိမ်နေတဲ့ ဒေသ
မြှားနတ်မောင်လည်း မျက်ရည်ကျတယ်............။
ကောင်းကင်ပေါ်မှာ "နေ"နဲ့"လ"
ကြည့်နေရတာ ပနာရ သတဲ့
ငါတို့တောမှာ "ရွှေ "နဲ့ "မ"
ကြည့်နေရတာ သဘာဝလိုလို
ဝင်ရှင်းပြမှ "မနာလို" လို့ ဆိုသူဆိုရဲ့................။
တောင်ပေါ်မှာ ကြာတွေ ပွင့်နေသလို
သမင်ငယ်တွေကရော အသားစားနေကြ ပြီလား
ဖောက်ပြန်နေတဲ့ သဘောတရားမှာ
သြရသ ရဲ့ "အိမ်ကွင်းအဝေးကွင်း" တေးစာသားက
ငါတို့တောမှာတော့ ခေတ်စားနေလေရဲ့...........။
မြှားနတ်မောင် အပစ်မှားလို့
လူမျိုးခြားရဲ့ ရင်ခွင်ကြားမှာ
အတိတ်မေ့ နေတုန်းပဲလား သူငယ်ချင်း
အသိစိတ်နဲ့ နိုးထလိုက်ပါ
နင့်အတွက် "မနက်ဖြန်များစွာ" ရှိနေပါသေးတယ်.............။
ညီညီ(မြန်အောင်)
(မည်သူတစ်ဦး တစ်ယောက်လိုမှ အရှက်ခွဲထိခိုက်နစ်နာစေလိုသော ဆန္ဒမရှိပါ)
Monday, March 5, 2012
မမ (၄)
> တစ်ယောက်နဲ့တစ်ယောက်
> ခြေလွန်လက်လွန်အလွမ်းများ
> နှစ်ယောက်ထဲက
> တစ်ယောက်မှာတော့တယ်လီဖုန်းရှိဖို့လိုအပ်တယ်
> လွမ်းလိုက်တာ....ဟယ်လို။
> ဆိတ်ဖလူးပန်းလေးတွေရဲ့ဧရိယာပြင်ပမှာ
> မမ နေပျော်ပါရဲ့လား။
> ဒိုက်တွေလို
> ပေါလောမျောနေတဲ့ အိမ်လွမ်းနာနဲ့
> ဓနိတောစိမ်းလဲ့ဝါတွေကြားမှာ ယဉ်ပါးနေပြီလား။
> ချင်းတောင်ခြေကနေ
> မြစ်ဝကျွန်းပေါ်အထိစီးဆင်းလာတဲ့
> အညာသူဝဝ ကစ်ကစ်ကလေးရဲ့
> အပြုံးမြစ်ထဲ
> ကျွန်တော်လည်းရေချိုးဆင်းချင်တယ်။
> ဟယ်လို..
> မမသဘောတူတယ်မဟုတ်လား။   ။
အောင်မှုးဝေ
(မြစ်ဝကျွန်းပေါ်ရောက်နေ့ရက်များသို့...............) 
Saturday, March 3, 2012
ဆူးတစ်ချောင်းသို့  ( မလေးရှား မှ ဖြစ်ရပ်မှန် - ၁ )
(၁)
ကောင်မလေးရေ..........
ပိုးစုန်းကြူး လေးတွေအလား
ကိုယ်ပိုင် အလင်းအားနဲ့
ကမ္ဘာကြီးရဲ့ သဘောတရားမှာ
"လူမျိုးရေး" တွေကိုထောက်ထားရင်း
ရဲဝံ့စွာ ပျံသန်းခြင်းတော့ ရှိသင့်တယ်..............။
(၂)
ဝေဟင်ကြီးက
လေယာဉ်ကိုစီး
ဒီခရီး အတွက်
ဘယ်လိုရည်ရွယ်ချက်နဲ့လာခဲ့လည်း...........။
(၃)
သမီး အလိမ္မာ
မိဘကို လုပ်ကြွေးတာတဲ့လား...?
စကားလုံး လှလှတွေရဲ့ ကြား
ငါတို့ ဘာမှ မပြောသာ
နင်က....
ရမက် တွေကြား မှာသာ ပျော်ဝင်ထား
မြန်မာ ဆိုတဲ့ တေးသွားက
လူမျိုးခြားတွေ နှုတ်ဖျားမှာ
အပေါစား သာသာ...........................။
(၄)
ကောင်မလေးရေ....
နင်စား နေတဲ့ ထမင်းက
ခန္ဓာနဲ့ ရင်း
နင့်အတွက် ဖြူစင်ခြင်း ရှိသလား..........။
နင်ရခဲ့တဲ့ ငွေအမြတ် နဲ့
မိဘတွေကို အကြွေးဆပ်
နင့်အမျိုး မြတ်ခဲ့ သလား...............။
မဟူရာ ညအမှောင်ထက်
ပန်းခြွေတတ်တဲ့ မုဆိုးလက်ကိုမှ
ဘဝကို ပေးလျှက်
မြန်မာဆိုတဲ့ မျိုးဆက်က
ခုတော့....
လူမျိုးခြားတွေရဲ့ တံတွေးခွက်မှာပက်လက်မြော
နင်တစ်ယောက်ကတော့ သာယာဆဲ
ပတ်ဝန်းကျင် ဆိုတာမှ ထည့်မတွက်ခဲ့ပဲလေ.................
(၅)
ကောင်းမလေးရေ....
နင့်ရဲ့ အပြန်ခရီး
ငါတို့ မြန်မာပြည်ကြီးက
ဘာမှ မသိသလိုလို
နွေးထွေးမှုနဲ့ ဆီးကြိုနေဦးမှာ...............
( ဒီကဗျာလေးကို တင်မိတဲ့ အတွက် တိုက်ဆိုင်သူခွင့်လွှတ်နားလည်ပေးကြပါ )
ညီညီ(မြန်အောင်)
Thursday, March 1, 2012
စက်ဝိုင်းထဲက ပြယုဂ်များ
နေ၀င်ခြင်းတွေကို  သရုပ်ခွဲရင်းနဲ့ပဲ
ဇရာသဘောဆောင်တဲ့  တုတ်တစ်ချောင်းကို
ငါတို့   (အားလုံး)
လက်ကိုင်ပြုခဲံ့ကြတယ်...........။။
ရောင်နီကို မျှော်လင့်ရင်း
သန်းခေါင်ယံ ကြယ်ပျောက်တဲ့ညတစ်ချ
ို့မှာ
တို့ တစ်တွေ ခဏ  ခဏ
ခလုတ်တိုက်ခဲ့ကြတယ်........။
အလင်းရောင်ကို စားသုံးပြီးတော့
သူများရဲ့ ဇာတ်လမ်းကျောရိုးတွေ
ခိုး.....ခိုး......ချကြရင်း
အကောင်းဆုံး ဆိုတဲ့ အလုပ်တွေ
ဖန်တီးခဲ့ကြတယ်........။
ဘ၀ရဲ့ မွန်းတဲ့ချိန်အထိ
သင်္ခါရမျဉ်းပြိုင်ပေါ်မှာ  လောကဓံရှစ်ပါးဟာ
မျက်လှည့်ပြတုန်းပဲ
သူ့ကိုငါမသိ
ငါကိုသူမသိနိုင်လောက်အောင်ပဲ
စိတ်ဝင်စားနေတုန်း.............
...။
ဆည်းဆာအိုတစ်ချို့  မျက်ရည်ပျိုမှ
တိုက်ခဲ့တဲ့..............ခလုပ်
တွေ
မိုက်ခဲ့တဲ့  အရှုပ်တွေ
မှန်ခဲ့တဲ့  သရုပ်တွေကို
ပိုက်စေ့တိုက်  ခုတ်ထစ်ရင်း
ကျေနပ်မှု အပြုံးတွေနဲ့
နေ၀င်တေးကို  သီဆိုလိုက်ကြတယ်...............
ရဝေသစ်(မြတမာ)
ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ
ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here