Saturday, March 3, 2012

ဆူးတစ်ချောင်းသို့  ( မလေးရှား မှ ဖြစ်ရပ်မှန် - ၁ )

(၁)
ကောင်မလေးရေ..........
ပိုးစုန်းကြူး လေးတွေအလား
ကိုယ်ပိုင် အလင်းအားနဲ့
ကမ္ဘာကြီးရဲ့ သဘောတရားမှာ
"လူမျိုးရေး" တွေကိုထောက်ထားရင်း
ရဲဝံ့စွာ ပျံသန်းခြင်းတော့ ရှိသင့်တယ်..............။

(၂)
ဝေဟင်ကြီးက
လေယာဉ်ကိုစီး
ဒီခရီး အတွက်
ဘယ်လိုရည်ရွယ်ချက်နဲ့လာခဲ့လည်း...........။

(၃)
သမီး အလိမ္မာ
မိဘကို လုပ်ကြွေးတာတဲ့လား...?
စကားလုံး လှလှတွေရဲ့ ကြား
ငါတို့ ဘာမှ မပြောသာ
နင်က....
ရမက် တွေကြား မှာသာ ပျော်ဝင်ထား
မြန်မာ ဆိုတဲ့ တေးသွားက
လူမျိုးခြားတွေ နှုတ်ဖျားမှာ
အပေါစား သာသာ...........................။

(၄)
ကောင်မလေးရေ....
နင်စား နေတဲ့ ထမင်းက
ခန္ဓာနဲ့ ရင်း
နင့်အတွက် ဖြူစင်ခြင်း ရှိသလား..........။
နင်ရခဲ့တဲ့ ငွေအမြတ် နဲ့
မိဘတွေကို အကြွေးဆပ်
နင့်အမျိုး မြတ်ခဲ့ သလား...............။
မဟူရာ ညအမှောင်ထက်
ပန်းခြွေတတ်တဲ့ မုဆိုးလက်ကိုမှ
ဘဝကို ပေးလျှက်
မြန်မာဆိုတဲ့ မျိုးဆက်က
ခုတော့....
လူမျိုးခြားတွေရဲ့ တံတွေးခွက်မှာပက်လက်မြော
နင်တစ်ယောက်ကတော့ သာယာဆဲ
ပတ်ဝန်းကျင် ဆိုတာမှ ထည့်မတွက်ခဲ့ပဲလေ.................

(၅)
ကောင်းမလေးရေ....
နင့်ရဲ့ အပြန်ခရီး
ငါတို့ မြန်မာပြည်ကြီးက
ဘာမှ မသိသလိုလို
နွေးထွေးမှုနဲ့ ဆီးကြိုနေဦးမှာ...............

( ဒီကဗျာလေးကို တင်မိတဲ့ အတွက် တိုက်ဆိုင်သူခွင့်လွှတ်နားလည်ပေးကြပါ )

ညီညီ(မြန်အောင်)


11 မှတ်ချက်:

စံပယ်ချို said...

ညီညီရေ
ကဗျာလေးလာရောက်ဖတ်နေပါတယ်
ခင်မင်တဲ့ sis jasmine

လှိုင်ဘွား(သီချင်းအိမ်) said...

ကဗျာလေးက အဓိပ္မါယ်ပြည့်ဝ ပါတယ်ဗျာ
လိုအပ်တယ်လို့ လည်းထင်ပါတယ်ဗျာ
တိုက်ဆိုင်သူတွေ သတိတရားရကောင်းပါရဲ့ဗျာ

ရစ် said...

စိတ်မကောင်းစရာပဲ .....
မိဘဆိုတာကတော့
သားဆိုးသမီးဆိုးကို ပစ်ရိုးထုံးစံမရှိပါဘူး
ဒါကြောင့် အမိမြန်မာပြည်ကလည်း
မြန်မာပြည်သူပြည်သားတွေ
တိုင်းတပါးမှာ ဘယ်လောက်ဆိုးခဲ့ဆိုးခဲ့
မြန်မာပြည်ကိုပြန်လာမယ်ဆိုရင်လည်း
နွေးထွေးစွာ ဆီးကြိုနေမှာပါ......။

Anonymous said...

ဒီကဗျာထဲက ပိုးစုန်းကြူးလေးလို မြန်မာမိန်းကလေးတွေ ကိုမြင်ခဲ့တွေ့ခဲ့ ကြားခဲ့ ကြုံခဲ့ဖူးတယ် သက်ပျင်းချပြီး ဘာမှမတက်နိုင်တဲ့အဖြစ်ကို လက်ခံထားခဲ့ရတယ်
ဘယ်လိုအနေထားဖြစ်ဖြစ် ကိုယ့်ရွေးချယ်မှုကိုယ်စီမဟုတ်လား

မောင်ဘကြိုင်

ညီညီ said...

ဟုတ်တယ်အကိုရေ......
ကျွန်တော်တို့လည်း မမြင်ချင်ယောင် ဆောင်နေရုံပဲ တတ်နိုင်တယ်....... ရင်ထဲမှာတော့ နာတယ်ဗျာ.......
သူတို့ကြောင့် မြန်မာမိန်းကလေး အားလုံးကို အထင်ခံရတာ....
ကျွန်တော်လိုပဲ မြန်မာပြည်ဖွားအားလုံးကလည်း ထပ်တူ ခံစားရမှာပဲ.......။

ချစ်စံအိမ် said...

ကြားတော့ကြားနေရပါတယ်...
ဝလည်းစိတ်မကောင်းလိုက်တာ..ဟယ်
နီလည်းပျောက်နေတယ်နော်..
ညစ်နေတုန်းလား....

Anonymous said...

ညီညီရေ မှန်သဟ..ဘင်္ဂလားတွေက ပြောတယ် မြန်မာမတွေ ဘဏ်ကတ်ပေးထားတာ အခန်းမှာလာအိပ်တယ်တဲ့..တကယ်လည်း အိပ်နေတယ်မောင်..ဘာမှပြောလို့ ရဘူး...ပြန်လာရင် မလေးပြန်ရှောင်ယူပါတဲ့..မြန်မာပြည်မှာပြောကုန်ပီ...ဘယ်လိုလုပ်မတုံး

zp said...

Good Good ဟုတ်တယ် ဟုတ်တယ် ဒီမှာလည်း တစ်ယောက်ရှိတယ်။ပြုသူမရှက် မြင်သူပဲရှက်တယ်။မြန်မာမဖြစ်ချင်တော့ဖူး..ညီညီရေ..ဆက်ရေးပါ

james said...

မလေးရှားရောက် မြန်မာမိန်းခလေးတွေအကြောင်းကတော့အမျိုးမျိုးပဲကြားသိနေရတာပဲလေ မြန်မာတစ်ခုထဲရယ်လို့တော့မဟုတ်ဘူးလေ..တခြားလူးမျိုးမိန်းခလေးတွေ..နောက်ပြီး မလေးရှားနိုင်ငံသားမိန်းခလေးတွေ(မလေး၊အိနိယ၊တရုတ်)တွေလဲလူမျိုးခြားတွေနဲ့ဖြစ်တတ်ကြတာ..နဲပေမဲ့လို့..အများကြီးကြားသိနေရတာပဲ...ဒါပေမဲ့မြန်မာဆိုတော့လဲ မြန်မာအကြောင်းတွေပဲပိုစိတ်ဝင်စားကြတာမဟုတ်လား..ဘယ်နိုင်ငံသား/လူမျိုးပဲဖြစ်ဖြစ် ယောကျာင်္း/မိန်းမ အကုန်ဖြစ်တတ်ကြတာပဲ ဖြစ်တာတာတွေတူနေပေမဲ့ ကိုယ်ကျင်လည်ရာကိုယ်ပဲလေ..ဥပမာ ဒီနေရာဒီလိုဖြစ်နေပေမဲ့ တခြားနေရာမှာ ဒီလိုဟုတ်ချင်မှလဲဟုတ်မယ် ဒီထက်ဆိုးတာတွေဖြစ်နိုင်သလို ဒီထက်ကောင်းတာတွေလဲဖြစ်ရင်ဖြစ်နိုင်တယ်..မလေးရှားမှာအလုပ်လာလုပ်နေတဲ့မြန်မာမိန်းခလေးတိုင်းဒီလိုပဲဖြစ်နေတာမဟုတ်သလို..မိန်းခလေးတော်တော်များများလဲဒီလိုဖြစ်နေတာချည်းမဟုတ်ဘူး..ဖြစ်နေတဲ့သူတွေကလဲအကြောင်းအမျိုးမျိုးတွေရှိနေမှာပဲ သူ့ရဲ့ကြုံတွေ့နေရတဲ့အနေထား ခက်ခဲတာတွေ အဆင်ပြေတာတွေ ကာယကံရှင်ကိုယ်တိုင်ကလွဲလို့ဘယ်သူမှဝင်ဖြေရှင်းပေးလို့မရဘူး..မတရားမှုလောက်ကတော့ရချင်ရမယ်..နီိးစပ်ရာနီးစပ်ရာတွေကတော့ရှိမယ် ဟိုအရင်က မြန်မာယောကျာင်္းလေးတွေ ဖီလစ်ပိုင်၊အင်ဒိုနီးရှားမိန်းကလေးတွေနဲ့အတူနေကြတာတွေရှိတယ် တချို့လဲအတည်ယူ..တချို့လဲနီးစပ်ရာတွေနဲ့ခနသံယောဇဉ်တွေဖြစ်ပြီးနေကြတာတွေ အခုချိန်ထိရှိနေတာပဲ..အတူနေအတူစားတော့နေကြတာ.(ဖ)မ တို့..(အ)မ တို့ ယောကျာင်္းလို့အခေါ်မခံချင်တဲ့သူကများတယ်..မလေးရှားရောက် မြန်မာတော်တော်များများလဲသိပါတယ်..အဲဒီမိန်းခလေးတွေကိုလဲ သိပ်လဲအထင်မကြီးကြဘူးလေ..အားလုံးနီးပါးပဲအပေါစားလိုလို. ဒါပေမဲ့ သူတို့အသိုင်းဝိုင်းထဲအလည်လိုက်သွား ဘယ်အကို/မောင် ဘယ်ယောကျာင်္းလေးတွေကမှရန်မလုပ်တဲ့အပြင်ဖော်ဖော်ရွေရွေဆက်ဆံကြတယ်..ဆိုးတဲ့အသိုင်းဝိုင်းတွေလဲရှိတာပဲ..တော်တော်များများကတော့ဖော်ဖော်ရွေရွေနဲ့ပဲ..စဉ်းစားဆုံးဖြတ်တတ်တဲ့အရွယ်တွေဖြစ်နေလို့ဘယ်သူကမှလဲဝင်ပြီး လူမျိုးခြားမလို့ဆိုပြီးမခွဲခြားဘူး ..ဘာသာကတော့အနဲ/များပြောတာတွေတော့ရှိမယ်..အစဉ်ပြေအောင်ညှိကြပေါ့..ဒီလောက်ပဲ)..အခုကျနော်တို့မြန်မာမိန်းခလေးတွေရဲ့ကိုယ်တိုင်စဉ်းစားဆုံးဖြတ်ရမှာတွေက မြန်မာယောကျာင်္းလေးတွေပေါ်မူတည်နေသလိုလိုပြောနေကြတယ်..ရှက်တဲ့လူတွေကလဲဘာကိုရှက်မှန်းမသိ..ရှက်
(အတော်လုပ်ပါ ကိုယ့်ဆရာတို့....)
ကျနော့သူငယ်ချင်းညီမနဲ့သူ့သူငယ်ချင်းမိန်းခလေးတွေ မလေးရှားမှာအလုပ်လာနေကြတာ..၂နှစ်လောက်တော့ရှိပြီ သူတို့ရည်ရွယ်ချက်တွေနဲ့သူတို့..တခြားသူတွေကတော့သိပ်မသိကြဘူး.သူငယ်ချင်းညီမကတော့ သူ့ကောင်လေးမြန်မာပြည်မှာရှိတယ်.သူ့ကောင်လေးကျောင်းပြီးရင်သူလဲမြန်မာပြည်ပြန်ပြီး.သူ့ကောင်လေးနဲ့လက်ထပ်ကြတော့မယ်..ဒါပေမဲ့ အခုလို မလေးရှားကမြန်မာမိန်းခလေးတွေအကြောင်းရေးထားတာတွေ သူ့ကောင်လေးဖတ်ပြီး...(ရည်ရွယ်ချက်တွေလွဲမှာကြောက်နေပုံရတယ်)
အဲဒါကြောင့် ဒီမှာ comment ၀င်ရေးလိုက်တာ..
အေးဗျာ..ကိုယ့်ဆရာ...စာရေး post တင်ရတာတွေကတော့လွယ်တဲ့အလုပ်တွေတော့မဟုတ်ဘူး..သူများတင်ထားတာတွေဖတ်..ဝေဖန်ရေးနဲ့လေကန်ရေးကတော့လွယ်တယ်..
လေးစားပါတယ်ဗျာ..










Unknown said...

အယ်... ဒီကဗျာရေးတာလည်း နိုင်ငံခြားရောက် မိန်းကလေးအားလုံးလို့ မရည် ရွယ်ခဲ့ပါဘူးဗျာ... ဟုတ်ပါတယ်.. ကောင်းတဲ့လူတွေလည်း အများကြီးရှိပါတယ်... ဒီကဗျာလေးကြောင့် နိုင်ငံခြားရောက် မြန်မာမိန်းကလေး အားလုံးကို ထိခိုက်နစ်နာစေတယ်ဆိုရင် ပြန်ဖျက်ပေးဖို့ အချိန်မရွေးပါပဲ.. ဒီလိုကဗျာ မျိုးတွေအများကြီးရေးမိပါတယ်.. အားလုံးဟာ မြန်မာမိန်းကလေးတွေကို ထိခိုက်နစ်နာစေတယ်ဆိုရင် အချိန်မရွေး ပြန်ဖျက်ပေးပါ့မယ်.. အဓိက ကတော့ ကိုယ့်ကိုယ်ကျင့်တရား ကိုယ်ယုံကြည်နေရင် ဘာကိုမှ တွေးကျောက်နေစရာ မလိုဘူးလို့ပဲ တွေးစေချင်ပါတယ်... ကျေးဇူးပါနော်

Anonymous said...

တိုက်ဆိုင်သူရှိရင် ခွင့်လွတ်ပါလို့  ကဗျာအောက်မှာ ပါနေပြီးသာပဲကွာ၊ တိုက်ဆိုင်လို့ နေမှာပါ သေချာတာကတော့ လက်ရှိနေနေတဲ့သူတွေက ဟုတ်လားမဟုတ်လား သက်သေပြလို့ ရပါတယ် အားလုံးတော့ မဟုတ်ပေမယ့်..မလေးရှာပြန်ဆိုရင်....ဆိုတဲ့စကားဟာ အလကားနေရင် တွင်လာတာမဟုတ်ဘူးလေ...ဘာပဲဖြစ်ဖြစ် ပြန်ဖျက်ဖို့ မလိုပါဘူး...ကဗျာတစ်ပုဒ်ဖြစ်ဖို့ လွယ်တာမဟုတ်ဘူး...

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here