Friday, March 9, 2012

မမေ့နိုင်သော ထာဝရမိတ်ဆွေ


Ø  ငါရယ်မောပျော်ရွှင်နေရင်
မင်းကျေနပ်စွာပြုံးနေတတ်တယ်…..။
ငါစိတ်ညစ်နေချိန်မှာ
မင်းဟာသတွေပြောလို့..ငါစိတ်ညစ်သမျှကို
မေ့ပျောက်စေတယ်……။

Ø  ငါစိတ်အားငယ်ချိန်မှာတော့
ငါက မင်းရဲ့ ထာဝရညီမလေးပါတဲ့
မင်းအားပေးပြောစကားတွေက
ငါ့ခွန်အားသတ္တိတွေကို နိုးထစေတယ်….။

Ø  ငါဒုက္ခတွေနဲ့ ရင်ဆိုင်နေရတဲ့နေ့တွေမှာ
ငါက မင်းရဲ့ ထာဝရမိတ်ဆွေ ပါတဲ့
မင်းပဲ အရာရာကို ပြေလည်အောင်
ဖြေရှင်းပေးနိုင်ခဲ့တယ်……။

Ø  မင်းရယ်မောနေချိန်မှာတော့
ငါနုတ်ခမ်းဆူကာ စိတ်ကောက်နေတယ်
မင်းစိတ်ရှုပ်တဲ့အခါ
ငါက အလိုက်မသိစွာပဲ
ဟိုဟိုဒီဒီ ဘုရားဖူးပို့ခိုင်းခဲ့တယ်
မင်းအလုပ်များနေတဲ့အခါ
ငါတို့မဆုံဖြစ်ခဲ့ဘူးပေါ့……။
ပြန်ဆုံတဲ့နေ့တွေမှာတော့
ငါပြောသမျှကို အားပါးတရရယ်မောကာ
``ငါဒီလိုမရယ်ရတာကြာပြီ´´ တဲ့

Ø  မင်းဒုက္ခတွေရင်ဆိုင်နေရတဲ့ အချိန်မှာ
ငါက မသိတတ်စွာပဲ
မင်းနဲ့ အဝေးဆုံးနေရာမှာပျော်ရွှင်နေခဲ့တယ်
ငါ့ရဲ့ပျော်ရွှင်မှုတွေ ရပ်တန့်မသွားမီ
မင်းငါ့ကို ရက်စက်စွာ ထားရစ်ခဲ့တယ်
မင်း နောက်ဘ၀ထဲမှာ
ရယ်နေလား ပြုံးပျော်ရဲ့လား
ငါမသိပေမယ့်…………….။
Ø  ငါကတော့ မင်းမရှိတော့တဲ့
ဒီလောကထဲမှာ စိတ်ညစ်စရာတွေ
ဒုက္ခတွေကြား ခါးသီးစွာနဲ့
နေသားကျနေပါပြီ…..။
မင်းလည်း ငါရှိမနေသေးတဲ့
နောက်ဘ၀ထဲမှာ ထာဝရပျော်ရွှင်ပါစေ…..။

(အထွန်း ရောက်ရာဘုံဘ၀မှာ ပျော်ရွှင်စွာ ရှိနေပါစေ……)

                                                                         ရစ်မမ(နေပြည်တော်)


4 မှတ်ချက်:

ချစ်စံအိမ် said...

Ø ငါကတော့ မင်းမရှိတော့တဲ့
ဒီလောကထဲမှာ စိတ်ညစ်စရာတွေ
ဒုက္ခတွေကြား ခါးသီးစွာနဲ့
နေသားကျနေပါပြီ…..။
မင်းလည်း ငါရှိမနေသေးတဲ့
နောက်ဘ၀ထဲမှာ ထာဝရပျော်ရွှင်ပါစေ…..။

Anonymous said...

ကဗျာ ကောင်းလေး အားပေးပါတယ်ဗျာ..ခံစားချက်ကို ကဗျာလေးနဲ့ ဖော်ပြတဲ့သဘောပေါ့နော်..မမရစ်ကို အချစ်ကဗျာလေးတွေရေးဖို့  တောင်းဆိုပါတယ်..ခိခိ

ညီညီ said...

ကဗျာ ဖတ်ရတာ စိတ်မကောင်းဘူးဟာ........
ရှေ့ကသွားတဲ့ လူတွေနောက်ကို ငါတို့လည်း တစ်နေ့ လိုက်ရမယ်....... ။ဒါပါပဲ လူ့ဘဝဆိုတာ....။

ရစ် said...

ရစ်ရဲ့ကဗျာလေးတွေဖတ်တဲ့သူအားလုံးကို
ကျေးဇူးပါ .. ရစ်က မရေးတတ်ဘဲ ရေးတာမို့
အမှားပါရင် ဖြည့်ဖတ်ပေးကြပါနော်
ခင်မင်လေးစားလျှက်.....

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here