Friday, March 16, 2012

ပန်းကလေး


ပန်းတစ်ပွင့်ကို တန်ဖိုးထား
ရင်ထဲမှာ မြတ်နိုးသွားခဲ့ ပေမယ့်
အပွင့်လိုလို့ အညှာချိုး
ရနံ့ကိုလည်း ငါမခိုးခဲ့ ပါဘူး..............။

ပင်ယံထက်နန်း တစ်ပွင့်ပန်း
ငါ့နှလုံးသားမှာ လန်းနေဆဲ
အိပ်မက်ထဲလည်း ငါမနမ်းရဲ ခဲ့ပါဘူး.............။

ကြည့်နေရုံ အဖြစ်
လွမ်းနေရုံ အဆင့်
လိပ်ပြာငယ်ကြောင့် အဆိပ်သင့်
မြေပြင်ပေါ်မှာ သူကြွေလွင့်
သဘာဝရဲ့ အပြစ်
ငါလည်း ရင်မနာ သင့်တော့ဘူး............။

ညီညီ(မြန်အောင်)

3 မှတ်ချက်:

စံပယ်ချို said...

ညီညီရေ
အတွေးလေးကောင်းတယ်
ခင်တဲ့ sis jasmine

ချစ်စံအိမ် said...

ကဗျာကောင်းလေးခံစားသွားပါကြောင်း

Phyothetaung said...

ကျွန်တော့်နာမည်ကဖြိုးသက်အောင်ပါ။တာမွေကပါ။
ကျွန်တော်အကူအညီတစ်ခုလောက်တောင်ချင်ပါတယ်အစ်ကို
ကျွန်တော်ကfacebookဖွင့်ထားပေမဲ့ဘာမှတော့လုပ်မတတ်သေးပါဘူး။
ဘာတွေလုပ်ရမယ်ဆိုတာညွှန်ကြားစေချင်ပါတယ်။

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here