Friday, March 23, 2012

အမှတ်တရ သတိရ တိုက်ပွဲဝင်ကာလ


ဆယ်တန်းဖြေချိန် မတ်လရောက်တိုင်း

သတိရမိတယ်ပေါင်းလောင်းရယ်

မတ်လ(၁၄)ရက် သချာင်္ဖြေသောနေ့မှာ

ခင်မင်မှုများ စ ရှိခဲ့ကာ

အ.ထ.က (၂)၊ ပေါင်းလောင်းအဆောင်မှာ

ဘ၀အတွက် တိုက်ပွဲဝင်ရင်း ပေါင်းလောင်းဆိုတဲ့

သူငယ်ချင်းတယောက် ကောက်ရခဲ့တယ်

ခင်မင် ရက်လေး တိုတောင်းပေမယ့်

ငါအမြဲသတိရမိတယ် ပေါင်းလောင်းရယ်

ပေါင်းလောင်းဆိုတဲ့နာမ်စားရယ်

မှတ်လိုက်မိတဲ့ ခုံနံပါတ်လေးရယ်က

အောင်စာရင်းထွက်တဲ့နေ့မှာ

မင်းနာမည်ကို ငါသိရမယ်လို့ ထင်ခဲ့ပေမယ့်

မင်းရဲ့ခုံအမှတ် (မန - ၁၇၂၄) မပါဘူးတဲ့…

ဘ၀တိုက်ပွဲမှာ ငါအနိုင်ရပေမယ့်

မင်း ကျရှုံးခဲ့လို့ ငါ့ရဲ့ပျော်ရွှင်မှုဟာ ပြည့်ဝခြင်းမရှိခဲ့တာ

ငါကိုယ်တိုင်ပဲ သိတာပါ

ငါမင်းကို ဘယ်လိုရှာရမလဲ

ဆုန်ကြီးပြောတော့ ``ကမ္ဘာကြီးက ကျဉ်းတယ်´´တဲ့

ကမ္ဘာမပြောနဲ့ မြို့အတွင်းလေးမှာတောင်

ငါ မင်းကို ရှာမတွေ့တာဒီနေ့ဒီအချိန်ထိပဲ………………..။

စာမေးပွဲတစ်နှစ်ပြီးသွားပြန်ပြီပေါင်းလောင်းရေ………….။

မင်းဘယ်အရပ် ဘယ်ဆီ ဘယ်ရောက်နေလဲ သူငယ်ချင်း………။

နောက်ဆုံးတော့လည်း  လေးဖြူသီချင်းလိုပဲ

ဘယ်ဆီကိုမင်းရောက်နေလဲ……………….။

ဘာတွေကိုမင်းလုပ်နေလဲ ………………….။


ရစ်မမ(နေပြည်တော်)



.

7 မှတ်ချက်:

Anonymous said...

တစ်နေ့ တော့ ပြန်တွေ့ တာပေါ့...ကံမကုန်ရင် ပြန်ဆုံမှာပါ မမရစ်ရယ်..သက်ဆိုင်သူ သိပါစေလို့ ....

ညီညီ said...

ကဗျာလေးက ခံစားမှုတွေ အပြည့်ပဲနော်......
ရစ်မမတို့ကတော့.......
အဟအဟအဟအဟအဟအဟအဟအဟအဟအဟအဟအဟအဟအဟ
ဘယ်ဆီကို မင်းရောက်နေလဲ
ဘာတွေကို မင်းလုပ်နေလဲ....ေိေိေိေိ

Anonymous said...

ညီညီကလည်းကွာ..အပျိုကြီးကို မနောက်ပါနဲ့ ....ပြန်ဆုံအောင်ဆုတောင်းပေးလိုက်ပါ...

ရစ် said...

သေမယ်နော်
အဲ့ဒါ ငါ့သူငယ်ချင်း စာတွေးမတွေးဘူး
သူတို့လိုများထင်နေလား အဟ
အေးလေ သူငယ်ချင်းဆိုတာကို
မခံစားဖူးတော့ ခွင့်လွှတ်လိုက်မယ်
ကလေးတွေကို......အဟ သိပြီလား

မိုးသက် said...

ကံကောင်းပါစေဗျာ. ကိုယ်ချင်းစာပါတယ်. ဟိဟိဟိ
ပြန်ဆုံးပါစေ. အစ်မရစ်.။

မိုးသက် said...

ကံကောင်းပါစေဗျာ. ကိုယ်ချင်းစာပါတယ်. ဟိဟိဟိ
ပြန်ဆုံပါစေ. အစ်မရစ်.။ (စာလုံးပေါင်းမှားတွားလို့.. မဖျက်ချင်လို့ထပ်ရေးလိုက်တာပါ.။)

ရစ် said...

ကျေးဇူးပါ မောင်လေး မေမြို့မိုး
အင်း ငါ့မောင်လေးက
သူငယ်ချင်းတွေခင်တတ် သပ
ဒါကြောင့်ကိုယ်ချင်းစာတတ်တာပေါ့
ဟုတ်တယ်ဟုတ်..

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here